Input your search keywords and press Enter.

ဟားခါးၿမဳိ႕တြင္ ထားမည့္ ဗုိလ္ခ်ဳပ္ေၾကးရုပ္တုအတြက္ ေနရာမရွိေသး

လႊတ္ေတာ္ရံုးေရွ႕ကြန္ကရစ္လမ္းခင္းေပးခဲ့သည့္ ကုမၸဏီမွ သိန္း ၂၀၀ လွဴဒါန္းထားသည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္အတြက္ ဟားခါးၿမိဳ႕တြင္ ထားမည့္ ေနရာသတ္မွတ္ေရြးခ်ယ္ထားျခင္းမရွိေသးေၾကာင္း သိရသည္။

ဟားခါးၿမဳိ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုမွာ ယခုလႊတ္ေတာ္ရံုးေနရာတြင္ ရွိခဲ့ၿပီး လႊတ္ေတာ္ရံုးတည္ေဆာက္ရန္ ဖယ္ရွားလိုက္ရသည့္အတြက္ ဦးဇိုေဘြႏွင့္ဦးေအာင္သန္းမွ တာ၀န္ယူကာ အလွဴေငြေကာက္ခံျခင္းျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္မွ ေျပာသည္။

စည္ပင္၀န္ႀကီး ဦးစိုးထက္မွ “ဗိုလ္ခ်ဳပ္ေၾကးရုပ္တုက ဘယ္မွာမွ တည္ဖို႔မလုပ္ထားေသးဘူး၊ အလွဴရွင္ရွိလို႔ အလွဴရွင္က မွာၿပီးေတာ့ လႊတ္ေတာ္ပို႔ထားတယ္၊ က်ေနာ္တို႔ စည္ပင္ပန္းျခံၿပီးမွ စည္ပင္ပန္းျခံရမွ ထားရွိသြားမွာပါ၊ ခုေတာ့ဘာမွ အစီအစဥ္မရွိေသးဘူး”ဟု ေျပာသည္။

ခ်င္းျပည္နယ္လႊတ္ေတာ္ဥကၠဌျဖစ္သူ ဦးဇိုေဘြက “ ဗိုလ္ခ်ဳပ္ေၾကးရုပ္တု ထားရွိဖို႔အတြက္က ပန္းျခံအရင္လုပ္ၿပီးမွ ထားရွိဖို႔စီစဥ္ထားတဲ့အတြက္ ပန္းျခံေနရာအတြက္ ေျမေနရာရွာေနပါတယ္၊ အခုဗိုလ္ခ်ဳပ္ေၾကးရုပ္တုအတြက္ကို လႊတ္ေတာ္ရံုးေရွ႕အတြက္ ကြန္ကရစ္ခင္းေပးတဲ့ကုမၸဏီကေနၿပီးေတာ့ လွဴဒါန္းထားတာျဖစ္ပါတယ္”ဟု ေျပာသည္။
ဟားခါးၿမဳိ႕တြင္ ဗိုလ္ခ်ဳပ္ပန္းျခံထားရွိမည့္ကိစၥႏွင့္ ပတ္သတ္ၿပီး Chin Youth Network မွ စက္တင္ဘာလ (၁၅)ရက္တြင္ သေဘာထား ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ထားသည္။

ထုိထုတ္ျပန္ခ်က္ထဲတြင္ လူမ်ဳိးႀကီး၀ါဒကို ျဖန္႔က်က္ရန္ရည္ရြယ္ခ်က္ျဖင့္ ခ်င္းျပည္နယ္ ဟားခါးၿမဳိ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုတည္ေဆာက္ျခင္းကို အျပင္းအထန္ကန္႔ကြက္ရႈတ္ခ်ေၾကာင္း၊ တိုင္းရင္းသားမ်ား၏ ႏိုင္ငံေရးလိုလားခ်က္ကို အေကာင္အထည္မေဖာ္ပဲ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုကို အတင္းအဓမၼအေကာင္အထည္ေဖာ္တည္ေဆာက္ပါက ခ်င္းတိုင္းရင္းသားႏွင့္ ဗမာတိုင္းရင္းသားအၾကား မလိုလားအပ္သည့္ လူမ်ဳိးေရးဆန္ေသာ အမုန္းပြားမႈမ်ားျဖစ္ေပၚလာနိုင္ေၾကာင္း ပါ၀င္သည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္အား အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးစီးတည္ေဆာက္ေနျခင္းသည္ ေဒသခံတိုင္းရင္းသားမ်ားၾကားတြင္ လူမ်ဳိးႀကီး၀ါဒလႊမ္းမိုးရန္ ရည္ရြယ္ခ်က္ျဖင့္ ေဆာင္ရြက္ေနသည္ဟု မိမိတို႔တိုင္းရင္းသားလူငယ္မ်ားမွ ရႈျမင္ေၾကာင္းလည္း ထည့္သြင္းထားသည္။

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ကို ထားရွိရန္ စီစဥ္ေဆာင္ရြက္မႈရွိခဲ့ေသာ္လည္း အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားမွ ခ်င္းအမ်ိဳးသားေခါင္းေဆာင္မ်ား၏ ေၾကးရုပ္ကုိသာထားရွိေပးရန္ ကန္႕ကြက္ေတာင္းဆိုမႈေၾကာင့္ အစီအစဥ္ပ်က္ခဲ့သည္။

လက္ရွိ NLD အစိုးရတာ၀န္ယူၿပီးေနာက္ပိုင္းတြင္ မြန္ျပည္နယ္၊ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္တို႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု တည္ထားရန္ ေဒသခံတိုင္းရင္းသားမ်ားမွ ၾကဳိတင္ကန္႔ကြက္မႈမ်ား ရွိခဲ့ေသာ္လည္း ျပည္နယ္အစိုးရမွ အတင္းအဓမၼ တည္ေဆာက္ခဲ့သည့္ ျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ၿပီး ကန္႔ကြက္သူအခ်ဳိ႕ကိုလည္း ေထာင္ခ်မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

Unicode Version

ဟားခါးမြို့တွင် ထားမည့် ဗိုလ်ချုပ်ကြေးရုပ်တုအတွက် နေရာမရှိသေး

လွှတ်တော်ရုံးရှေ့ကွန်ကရစ်လမ်းခင်းပေးခဲ့သည့် ကုမ္ပဏီမှ သိန်း ၂၀၀ လှူဒါန်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ဟားခါးမြို့တွင် ထားမည့် နေရာသတ်မှတ်ရွေးချယ်ထားခြင်းမရှိသေးကြောင်း သိရသည်။

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ ယခုလွှတ်တော်ရုံးနေရာတွင် ရှိခဲ့ပြီး လွှတ်တော်ရုံးတည်ဆောက်ရန် ဖယ်ရှားလိုက်ရသည့်အတွက် ဦးဇိုဘွေနှင့်ဦးအောင်သန်းမှ တာဝန်ယူကာ အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “ဗိုလ်ချုပ်ကြေးရုပ်တုက ဘယ်မှာမှ တည်ဖို့မလုပ်ထားသေးဘူး၊ အလှူရှင်ရှိလို့ အလှူရှင်က မှာပြီးတော့ လွှတ်တော်ပို့ထားတယ်၊ ကျနော်တို့ စည်ပင်ပန်းခြံပြီးမှ စည်ပင်ပန်းခြံရမှ ထားရှိသွားမှာပါ၊ ခုတော့ဘာမှ အစီအစဉ်မရှိသေးဘူး”ဟု ပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဇိုဘွေက “ ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိဖို့အတွက်က ပန်းခြံအရင်လုပ်ပြီးမှ ထားရှိဖို့စီစဉ်ထားတဲ့အတွက် ပန်းခြံနေရာအတွက် မြေနေရာရှာနေပါတယ်၊ အခုဗိုလ်ချုပ်ကြေးရုပ်တုအတွက်ကို လွှတ်တော်ရုံးရှေ့အတွက် ကွန်ကရစ်ခင်းပေးတဲ့ကုမ္ပဏီကနေပြီးတော့ လှူဒါန်းထားတာဖြစ်ပါတယ်”ဟု ပြောသည်။
ဟားခါးမြို့တွင် ဗိုလ်ချုပ်ပန်းခြံထားရှိမည့်ကိစ္စနှင့် ပတ်သတ်ပြီး Chin Youth Network မှ စက်တင်ဘာလ (၁၅)ရက်တွင် သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်ထဲတွင် လူမျိုးကြီးဝါဒကို ဖြန့်ကျက်ရန်ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ် ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတည်ဆောက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို အတင်းအဓမ္မအကောင်အထည်ဖော်တည်ဆောက်ပါက ချင်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသားအကြား မလိုလားအပ်သည့် လူမျိုးရေးဆန်သော အမုန်းပွားမှုများဖြစ်ပေါ်လာနိုင်ကြောင်း ပါဝင်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစီးတည်ဆောက်နေခြင်းသည် ဒေသခံတိုင်းရင်းသားများကြားတွင် လူမျိုးကြီးဝါဒလွှမ်းမိုးရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ဟု မိမိတို့တိုင်းရင်းသားလူငယ်များမှ ရှုမြင်ကြောင်းလည်း ထည့်သွင်းထားသည်။

ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ထားရှိရန် စီစဉ်ဆောင်ရွက်မှုရှိခဲ့သော်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ချင်းအမျိုးသားခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာထားရှိပေးရန် ကန့်ကွက်တောင်းဆိုမှုကြောင့် အစီအစဉ်ပျက်ခဲ့သည်။

လက်ရှိ NLD အစိုးရတာဝန်ယူပြီးနောက်ပိုင်းတွင် မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ထားရန် ဒေသခံတိုင်းရင်းသားများမှ ကြိုတင်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ပြည်နယ်အစိုးရမှ အတင်းအဓမ္မ တည်ဆောက်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ကန့်ကွက်သူအချို့ကိုလည်း ထောင်ချမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။