Input your search keywords and press Enter.

ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ အင္တာနက္လုိင္း ျပန္လည္ရရွိ

Salai Khup Khup
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခုိင္ျပည္နယ္ေျမာက္ပိုင္း(၈)ၿမိဳ႕နယ္တြင္ စစ္ပြဲေၾကာင့္ သံုးလနီးပါး ပိတ္ပင္ခဲ့သည့္ အင္တာနက္လုိင္း စတင္ဘာလ (၁) ရက္ေန႔ကစၿပီး ျပန္လည္ ဖြင့္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

ဆက္သြယ္ေရးဝန္ၾကီးဌာနမွ ဇြန္လ(၂၁)ရက္ေန႔မွစၿပီး ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း (၈)ၿမိဳ႕နယ္ကို ရကၡိဳင့္တပ္မေတာ္ႏွင့္ အစိုးရတပ္မေတာ္တို႕အၾကား တုိက္ပြဲမ်ားျပင္းထန္ေနခ်ိန္ ႏွစ္လေက်ာ္အၾကာ အင္တာနက္လိုင္းကုိ ျဖတ္ေတာက္ခဲ႔သည္။
ပလက္ဝၿမိဳ႕ ေဒသခံ ဦးဘူးထန္ပိုင္က “စက္တင္ဘာလ(၁)ရက္ေန႔ ကေနစၿပီး အင္တာနက္လုိင္းေတြ ျပန္ရၿပီ အခုလုိျပန္ရေတာ့ အရမ္းဝမ္းသာတယ္။ အနီးအေဝးမွာရွိၾကတဲ႔ ေဆြမ်ိဳးေတြ အသိေတြနဲ႔လည္း ဆက္သြယ္လုိ႔ ရသြားၿပီ။ ကမာၻၾကီးနဲ႔ အဆက္သြယ္ရသြားသလုိ ခံစားရတယ္ အရမ္းေပ်ာ္တယ္”ဟုေျပာသည္။

ဆက္သြယ္ေရးဝန္ၾကီးဌာနမွ ရကၡိဳင့္တပ္မေတာ္ AA ႏွင့္ ျမန္မာတပ္မေတာ္တုိ႔ အၾကား တုိက္ပြဲမ်ား ျဖစ္ပြားေသာ ေဒသမ်ားတြင္ အင္တာနက္လိုင္းကို ႏွစ္လေက်ာ္အၾကာ ျဖတ္ေတာက္ခဲ႔ ျခင္းျဖစ္ေၾကာင္း သိရသည္။


ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္AAတို႔တိုက္ပြဲျဖစ္ပြားသည့္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ပု႑ားကၽြန္း၊ ရေသ႔ေတာင္၊ ေျမပံု၊ ခ်င္းျပည္နယ္အတြင္းရွိ ပလက္ဝၿမိဳ႕နယ္ အပါအဝင္(၉)ၿမိဳ႕နယ္အား ဆက္သြယ္ေရးဝန္ၾကီးဌာနမွ အင္တာနက္လုိင္း ဆက္သြယ္မူကို ျဖတ္ေတာက္ထားခဲ႔ၿပီး ဖုန္းေျပာဆိုမူႏွင့္ဖုန္းျဖင့္မက္ေဆ့ခ်္ေပးပုိ့ျခင္းတုိ့ကိုသာ ဖြင့္ေပးခဲ႔ေၾကာင္း သိရသည္။

Unicode Version
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်လိုင်း ပြန်လည်ရရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်တွင် စစ်ပွဲကြောင့် သုံးလနီးပါး ပိတ်ပင်ခဲ့သည့် အင်တာနက်လိုင်း စတင်ဘာလ (၁) ရက်နေ့ကစပြီး ပြန်လည် ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့မှစပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း (၈)မြို့နယ်ကို ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်နေချိန် နှစ်လကျော်အကြာ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့သည်။
ပလက်ဝမြို့ ဒေသခံ ဦးဘူးထန်ပိုင်က “စက်တင်ဘာလ(၁)ရက်နေ့ ကနေစပြီး အင်တာနက်လိုင်းတွေ ပြန်ရပြီ အခုလိုပြန်ရတော့ အရမ်းဝမ်းသာတယ်။ အနီးအဝေးမှာရှိကြတဲ့ ဆွေမျိုးတွေ အသိတွေနဲ့လည်း ဆက်သွယ်လို့ ရသွားပြီ။ ကမ္ဘာကြီးနဲ့ အဆက်သွယ်ရသွားသလို ခံစားရတယ် အရမ်းပျော်တယ်”ဟုပြောသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားသော ဒေသများတွင် အင်တာနက်လိုင်းကို နှစ်လကျော်အကြာ ဖြတ်တောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့တိုက်ပွဲဖြစ်ပွားသည့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် အပါအဝင်(၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်း ဆက်သွယ်မူကို ဖြတ်တောက်ထားခဲ့ပြီး ဖုန်းပြောဆိုမူနှင့်ဖုန်းဖြင့်မက်ဆေ့ချ်ပေးပို့ခြင်းတို့ကိုသာ ဖွင့်ပေးခဲ့ကြောင်း သိရသည်။