Input your search keywords and press Enter.

CNLD ပါတီေခါင္းေဆာင္မ်ား၏ မေကာင္းေၾကာင္း ေျပာသူမ်ားသည္ ခ်င္းသစၥာေဖာက္မ်ားဟု ပါတီဥကၠဌေျပာ

Salai Khup Khup
ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (CNLD) ပါတီေခါင္းေဆာင္မ်ား၏ မေကာင္းေၾကာင္း ေျပာသူမ်ားသည္ ခ်င္းသစၥာေဖာက္မ်ား ျဖစ္ၾကေၾကာင္း ပါတီဥကၠဌ ပူးဇိုဇမ္က ကေလးၿမိဳ႕ ပါတီရံုးဖြင့္ပြဲတြင္ ေျပာၾကားသည္။

ပူးဇိုဇမ္က “ကၽြန္ေတာ္တုိ႔ပါတီေခါင္းေဆာင္ေတြကို မေကာင္းေၾကာင္းေျပာတဲ႔သူက ခ်င္းသစၥာေဖာက္ဘဲ။ ဒါမ်ိဳးကၽြန္ေတာ္ အျဖစ္မခံႏုိင္ဘူး။ CNLD ပါတီဟာ ပါတီအသစ္စက္ စက္ျဖစ္တယ္။ ခ်င္းပါတီအေဟာင္းေတြနဲ႔ မႏွိဳင္းပါနဲ႔ ေစာင့္ၾကည့္ၾကပါ”ဟုေျပာသည္။

ပါတီရံုးဖြင့္ပြဲ၌ ကေလးၿမိဳ႕တြင္ေနထုိင္သည့္ ခ်င္းလူမ်ိဳးမ်ားအေနျဖင့္ ခ်င္းအမ်ိဳးသားေရး တည္ေဆာက္ရာတြင္ တစ္ဦးစီ၌ တာ၀န္ရွိေၾကာင္း ထည့္သြင္းေျပာ ၾကားခဲ့သည္။

ပူးဇိုဇမ္က “ကၽြန္ေတာ္တုိ႔မွာ ဘာလက္နက္တစ္ခုမွ မလုိအပ္ပါဘူး။ ႏွလံုးရည္တုိက္ပြဲ ဝင္ေနတာျဖစ္တယ္။ ႏွလံုးရည္နဲ႔ဘဲ ေအာင္ျမင္ရမွာျဖစ္ပါတယ္။ ၂၀၂၀က်ရင္ ခ်င္းပါတီကေန ဟားခါးၿမိဳ႕ကို သိမ္းပိုက္မွာျဖစ္တယ္။ ခ်င္းျပည္နယ္ျပင္ပ ခ်င္းအမ်ိဳးသားေတြရဲ႕ တာဝန္ကိုကၽြန္ေတာ္ေျပာခ်င္တယ္။ ခင္ဗ်ားတို႔တာဝန္ယူရမွာက ခ်င္းအမ်ိဳးသားေရး တည္ေဆာက္တဲ႔ လုပ္ငန္းမွာ ခင္ဗ်ားတုိ႔ကိုယ္တုိင္မပါဝင္လုိ႔မရဘူး။ ခင္ဗ်ားတို႔ဦးေဆာင္မွရမယ္။ ခ်င္းအမ်ိဳးသားေရး တည္ေဆာက္မႈကို ခ်င္းျပည္ဖက္ကေနမလုပ္ႏုိင္ဘူး။ ဒါေၾကာင့္ကေလးၿမိဳ႕မွာေရာက္ေနတဲ႔ ခ်င္းတစ္ဦးဆီတိုင္းမွာ တာဝန္ရွိတယ္”ဟုေျပာသည္။

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (CNLD)ပါတီ အေနျဖင့္ ခ်င္းျပည္နယ္အတြင္း ပလက္၀ၿမိဳ႕နယ္မွလြဲၿပီး က်န္ၿမိဳ႕မ်ားတြင္ ပါတီဆုိင္းဘုတ္တင္ ရံုးဖြင့္ပြဲေဆာင္ရြက္ၿပီးစီးၿပီျဖစ္ၿပီး ခ်င္းလူမ်ိဳးအမ်ားစုေနထုိင္ရာ စစ္ကိုင္းတုိင္းေဒသႀကီးႏွင့္မေကြးတုိင္းေဒသႀကီးမ်ားတြင္ ဆက္လက္ဖြင့္လွစ္လ်က္ရွိသည္။

Unicode Version
CNLD ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များဟု ပါတီဥက္ကဌပြော
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များ ဖြစ်ကြကြောင်း ပါတီဥက္ကဌ ပူးဇိုဇမ်က ကလေးမြို့ ပါတီရုံးဖွင့်ပွဲတွင် ပြောကြားသည်။
ပူးဇိုဇမ်က “ကျွန်တော်တို့ပါတီခေါင်းဆောင်တွေကို မကောင်းကြောင်းပြောတဲ့သူက ချင်းသစ္စာဖောက်ဘဲ။ ဒါမျိုးကျွန်တော် အဖြစ်မခံနိုင်ဘူး။ CNLD ပါတီဟာ ပါတီအသစ်စက် စက်ဖြစ်တယ်။ ချင်းပါတီအဟောင်းတွေနဲ့ မနှိုင်းပါနဲ့ စောင့်ကြည့်ကြပါ”ဟုပြောသည်။
ပါတီရုံးဖွင့်ပွဲ၌ ကလေးမြို့တွင်နေထိုင်သည့် ချင်းလူမျိုးများအနေဖြင့် ချင်းအမျိုးသားရေး တည်ဆောက်ရာတွင် တစ်ဦးစီ၌ တာဝန်ရှိကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
ပူးဇိုဇမ်က “ကျွန်တော်တို့မှာ ဘာလက်နက်တစ်ခုမှ မလိုအပ်ပါဘူး။ နှလုံးရည်တိုက်ပွဲ ဝင်နေတာဖြစ်တယ်။ နှလုံးရည်နဲ့ဘဲ အောင်မြင်ရမှာဖြစ်ပါတယ်။ ၂၀၂ဝကျရင် ချင်းပါတီကနေ ဟားခါးမြို့ကို သိမ်းပိုက်မှာဖြစ်တယ်။ ချင်းပြည်နယ်ပြင်ပ ချင်းအမျိုးသားတွေရဲ့ တာဝန်ကိုကျွန်တော်ပြောချင်တယ်။ ခင်ဗျားတို့တာဝန်ယူရမှာက ချင်းအမျိုးသားရေး တည်ဆောက်တဲ့ လုပ်ငန်းမှာ ခင်ဗျားတို့ကိုယ်တိုင်မပါဝင်လို့မရဘူး။ ခင်ဗျားတို့ဦးဆောင်မှရမယ်။ ချင်းအမျိုးသားရေး တည်ဆောက်မှုကို ချင်းပြည်ဖက်ကနေမလုပ်နိုင်ဘူး။ ဒါကြောင့်ကလေးမြို့မှာရောက်နေတဲ့ ချင်းတစ်ဦးဆီတိုင်းမှာ တာဝန်ရှိတယ်”ဟုပြောသည်။
ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CNLD)ပါတီ အနေဖြင့် ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှလွဲပြီး ကျန်မြို့များတွင် ပါတီဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ချင်းလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်လျက်ရှိသည်။