Input your search keywords and press Enter.

ပျောက်ဆုံးနေသည့် ချင်းလူမျိုးအရပ်သားများ သက်ဆိုင်ရာမိသားစုများနှင့် ပေါင်းစည်းနိုင်ရေးကူညီပေးကြရန် KACC မှ တောင်းဆို

Salai C Lian

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ့တပ်တော်နှင့် အေအေတပ်ကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းလူမျိုး အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦးပျောက်ဆုံးနေပြီး၊ သက်ဆိုင်ရာမိသားစုများနှင့် အမြန်ဆုံး ပေါင်းစည်းနိုင်ရေး ကူညီပေးရန် သက်ဆိုင်သူများကို ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနိုင်းရေးကောင်စီမှ သြဂုတ်လ ၃၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညို့နိုင်းရေးကောင်စီ ဥက္ကဌ ဦး ကျော်ငြိမ်းက “ကျွှန်တော်တို့ ပလက်ဝမြို့နယ်က တော်တော်နစ်နာနေပြီ၊ နေ့တိုင်းလိုလို တိုက်ပွဲက ဖြစ်နေတယ်၊ ဒီမှာက လိုင်းတွေလည်းအကုန်လုံး အဖြတ်ခံခဲ့ရတယ်၊ ကျွန်တော်တို့ဘက်က လိုင်းမရလို့ လိုင်းရတာနဲ့ ရန်ကုန်ဘက်ကို အကြောင်းကြားပြီး ထုတ်ပြန်ချက်ထုတ်လိုက်တာပါ၊ ပျောက်ဆုံးနေတဲ့သူတွေ အမြန်ဆုံးမိသားစုတွေနဲ့ နေနိုင်ဖို့ ကျွှန်တော်တို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။


“တကယ်တော့ ဒီပြသနာကတော့ CNF ကလည်းတာဝန်ယူသင့်တယ်၊ ပြည်ထောင်စုအဆင့် NCA လက်မှတ်ရေးထိုးစဉ်က ချင်းပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်ရယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ချင်းတပ်မတော်သာ နေထိုင်ခွင့်ပေးထားတာ၊ အရင်က ဒေါက်တာ Sui Khar ကပြောဖူးတာရှိတယ်၊ အေအေတပ်ဖွဲ့ ချင်းပြည်နယ်ထဲ ယာယီသာနေထိုင်ခွင့် ပေးထားတယ်တဲ့၊ သူတို့က ယာယီနေခိုင်းတော့ ကျွန်တော်တို့ အခုထိဒုက္ခခံ နေရတယ်၊ အဲဒါကြောင့် CNF/CNA ကသူတို့ ယာယီနေထိုင်ခွင့်ပေးတဲ့ဟာကို ရုတ်သိမ်းသင့်တယ်”ဟု ပြောသည်။

အစိုးရတပ်မတော်နှင့် အေအေတပ်ဖွဲ့တိုက်ပွဲများကြောင့် ၂၀၁၈ အောက်တိုဘာလတွင် ပလက်ဝမြို့နယ် အထက်ပိုင်း ပီချောင်းဒေသ၊ ရပ်ချောင်းကျေးရွာမှ ဦးခိုလိုး၊ မောင် ဘင်ယာမင်၊ မောင် ကျော်နိုင် တို့သည် ဟင်းစားထွက်ရှာရင်း ပျောက်ဆုံးနေပြီး ယနေ့ထိ သတင်းအစအန မရှိကြောင်း၊ ၂၀၁၉ ဇွန်လတွင် သံတောင်ကျေးရွာမှ ဦးကျော်အေး၊ အိုက်ကျော်စိန်၊ အိုက်ကျော်ကျော်သန်း၊ အိုက်ကျော်လင်း တို့သည် လက်နက်ကိုင်အဖွဲ့ တစ်ခုမှ ခေါ်ဆောင်သွားပြီး ယနေ့ထိပျောက်ဆုံးကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာ မောင်ပူးကွီ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သွပ်ပြားနှင့် ဘိလပ်မြေများကို လှေဖြင့် သယ်ဆောင်စဉ် မိုရွာသစ်ကျေးရွာအနီးတွင့် အေအေတပ်ဖွဲ့ ဖမ်းဆီးပြီး ယခုချိန်ထိ ပျောက်ဆုံးကြောင်း၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီးတွင် ဦး ဆဘောင် ဈေးဝယ်သွားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးပြီး ယနေ့ထိပျောက်ဆုံးကြောင်း သိရသည်။

Unicode Version

ပျောက်ဆုံးနေသည့် ချင်းလူမျိုးအရပ်သားများ သက်ဆိုင်ရာမိသားစုများနှင့် ပေါင်းစည်းနိူင်ရေးကူညီပေးကြရန် KACC မှ တောင်းဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ့တပ်တော်နှင့် အေအေတပ်ကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းလူမျိုး အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦးပျောက်ဆုံးနေပြီး၊ သက်ဆိုင်ရာမိသားစုများနှင့် အမြန်ဆုံး ပေါင်းစည်းနိူင်ရေး ကူညီပေးရန် သက်ဆိုင်သူများကို ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနိူင်းရေးကောင်စီမှ သြဂုတ်လ ၃၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညို့နိူင်းရေးကောင်စီ ဥက္ကဌ ဦး ကျော်ငြိမ်းက “ကျွှန်တော်တို့ ပလက်ဝမြို့နယ်က တော်တော်နစ်နာနေပြီ၊ နေ့တိုင်းလိုလို တိုက်ပွဲက ဖြစ်နေတယ်၊ ဒီမှာက လိုင်းတွေလည်းအကုန်လုံး အဖြတ်ခံခဲ့ရတယ်၊ ကျွန်တော်တို့ဘက်က လိုင်းမရလို့ လိုင်းရတာနဲ့ ရန်ကုန်ဘက်ကို အကြောင်းကြားပြီး ထုတ်ပြန်ချက်ထုတ်လိုက်တာပါ၊ ပျောက်ဆုံးနေတဲ့သူတွေ အမြန်ဆုံးမိသားစုတွေနဲ့ နေနိူင်ဖို့ ကျွှန်တော်တို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ အရပ်သားများ ဖမ်းစီးခေါ်ဆောင်သွားခြင်းများကို ကာကွယ်သည့် အနေဖြင့် CNF မှ ယာယီနေထိုင်ခွင့်ပေးခြင်းကို ရုတ်သိမ်းသင့်ကြောင်း ဦး ကျော်ငြိမ်းက အခုလိုပြောသည်။
“တကယ်တော့ ဒီပြသနာကတော့ CNF ကလည်းတာဝန်ယူသင့်တယ်၊ ပြည်ထောင်စုအဆင့် NCA လက်မှတ်ရေးထိုးစဉ်က ချင်းပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်ရယ်၊ မြန်မာနိူင်ငံရဲတပ်ဖွဲ့နှင့် ချင်းတပ်မတော်သာ နေထိုင်ခွင့်ပေးထားတာ၊ အရင်က ဒေါက်တာ Sui Khar ကပြောဖူးတာရှိတယ်၊ အေအေတပ်ဖွဲ့ ချင်းပြည်နယ်ထဲ ယာယီသာနေထိုင်ခွင့် ပေးထားတယ်တဲ့၊ သူတို့က ယာယီနေခိုင်းတော့ ကျွန်တော်တို့ အခုထိဒုက္ခခံ နေရတယ်၊ အဲဒါကြောင့် CNF/CNA ကသူတို့ ယာယီနေထိုင်ခွင့်ပေးတဲ့ဟာကို ရုတ်သိမ်းသင့်တယ်”ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် အေအေတပ်ဖွဲ့တိုက်ပွဲများကြောင့် ၂၀၁၈ အောက်တိုဘာလတွင် ပလက်ဝမြို့နယ် အထက်ပိုင်း ပီချောင်းဒေသ၊ ရပ်ချောင်းကျေးရွာမှ ဦးခိုလိုး၊ မောင် ဘင်ယာမင်၊ မောင် ကျော်နိူင် တို့သည် ဟင်းစားထွက်ရှာရင်း ပျောက်ဆုံးနေပြီး ယနေ့ထိ သတင်းအစအန မရှိကြောင်း၊ ၂၀၁၉ ဇွန်လတွင် သံတောင်ကျေးရွာမှ ဦးကျော်အေး၊ အိုက်ကျော်စိန်၊ အိုက်ကျော်ကျော်သန်း၊ အိုက်ကျော်လင်း တို့သည် လက်နက်ကိုင်အဖွဲ့ တစ်ခုမှ ခေါ်ဆောင်သွားပြီး ယနေ့ထိပျောက်ဆုံးကြောင်း သိရသည်။
ယင်းအပြင် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာ မောင်ပူးကွီ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သွပ်ပြားနှင့် ဘိလပ်မြေများကို လှေဖြင့် သယ်ဆောင်စဉ် မိုရွာသစ်ကျေးရွာအနီးတွင့် အေအေတပ်ဖွဲ့ ဖမ်းဆီးပြီး ယခုချိန်ထိ ပျောက်ဆုံးကြောင်း၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီးတွင် ဦး ဆဘောင် စျေးဝယ်သွားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးပြီး ယနေ့ထိပျောက်ဆုံးကြောင်း သိရသည်။