Input your search keywords and press Enter.

ဘံုဇံုေက်းရြာအနီး အစုိးရစီမံကိန္းအတြင္း ေျမကြက္ရုိက္ေရာင္းသူမ်ားကုိ အေရးယူမည္

Salai C Lian
ဟားခါးၿမိဳ႕နယ္၊ ဘုံဇုံေက်းရြာအနီး စက္မႈဇုန္ႏွင့္ ဘိလပ္ေျမစက္ရုံ စီမံကိန္းဧရိယာအတြင္း ေျမကြက္ရုိက္ၿပီး အေရာင္းအ၀ယ္ေဆာင္ရြက္ေနသူမ်ားကို ခ်င္းျပည္နယ္ အစုိးရအေနျဖင့္ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာသည္။
၀န္ႀကီး ဦး စုိးထက္က “ကၽြန္ေတာ္တုိ႔ သတင္းေတာ့ၾကားတယ္၊ အမႈတြဲေတာ့ မေရာက္ေသးဘူး၊ အစုိးရကေတာ့ စက္မႈဇုန္ႏွင့္ ဘိလပ္ေျမစက္ရုံ စီမံကိန္းရွိတယ္၊ စီမံကိန္းအတြင္း မလြတ္ရင္ေတာ့ ဖယ္ရွားမႈလုပ္မယ္၊ လြတ္ရင္ေတာ့ ျပည္နယ္အစုိးရအေနနဲ႔ ဘာမွမလုပ္ပါဘူး၊ ဘာလုိ႔လဲဆုိေတာ့ ၿမိဳ႕ျပစီမံကိန္းလည္း မရွိေသးဘူး” ဟု ေျပာသည္။
ေက်းရြာအတြင္း ေျမကြက္ရုိက္ေရာင္းခ်မႈမ်ားကို သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးမႈးမ်ား မွ လုပ္ထံုးလုပ္နည္းအတုိင္း ေဆာင္ရြက္ရမည့္အရာ ျဖစ္ေၾကာင္း သူကဆက္ေျပာသည္။
ဘုန္ဇုံ ေက်းရြာ ဥကၠဌ Pu Hrang Thang က “ေက်းရြာဖြ႔ံၿဖဳိးေရးအတြက္ ကႊ်န္ေတာ္တုိ႔ေျမကြက္ ေပးတာေတာ့ရွိတယ္၊ ဒါေပမ့ဲ ကႊ်န္ေတာ္တုိ႔ ေက်းရြာအတြင္းမွာလည္း ဥပေဒလုပ္ထားတယ္၊ အဲဒါကုိ မလုိက္နာရင္ ဆုံးမတာေတြလုပ္တယ္၊ ျပည္မက ေျမကြက္လာရုိက္ၿပီး လုပ္လုိ႔ေတာ့ မရဘူး” ဟု ေျပာသည္။
ဆက္ၿပီး သူက “ကၽြန္ေတာ္တုိ႔ ရြာထဲ ၀န္ထမ္းတာ၀န္က်လာတဲ့သူ ေတြေတာင္းရင္ေပးတာရွိတယ္၊ ေနာက္ၿပီး ေက်ာင္းဆရာ/ဆရာမေတြေပါ့။ သူတုိ႔ေနဖုိ႔ ေပးတာေတြရွိတယ္၊ အိမ္ၿခံေျမ၀ယ္ဖုိ႔ ဘယ္သူ႔ကုိ ဦးစားေပးလဲ ဆုိတာေတာ့မရွိဘူး၊ ျပည္မကေန ေျမကြက္ရုိက္ လာေရာင္းတာမရွိဘူး” ဟု ေျပာသည္။
ခ်င္းျပည္နယ္ ဘုံဇုံရြာတြင္ ေက်းရြာအတြင္း ဖြြံ႔ၿဖိဳးမႈအတြက္ ေဒသအတြင္း အိမ္ၿခံေျမကြက္ ၁၀၀ နီးပါး ကို ေရာင္းခ်ခဲ့ၿပီးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Unicode Version
ဘုံဇုံကျေးရွာအနီး အစိုးရစီမံကိန်းအတွင်း မြေကွက်ရိုက်ရောင်းသူများကို အရေးယူမည်
ဟားခါးမြို့နယ်၊ ဘုံဇုံကျေးရွာအနီး အစိုးရ စက်မှုဇုန်နှင့် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွင်း မြေကွက်ရိုက်ပြီး အရောင်းအဝယ်ဆောင်ရွက်နေသူများကို ချင်းပြည်နယ် အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တို့ သတင်းတော့ကြားတယ်၊ အမှုတွဲတော့ မရောက်သေးဘူး၊ အစိုးရကတော့ စက်မှုဇုန်နှင့် ဘိလပ်မြေစက်ရုံ စီမံကိန်းရှိတယ်၊ စီမံကိန်းအတွင်း မလွတ်ရင်တော့ ဖယ်ရှားမှုလုပ်မယ်၊ လွတ်ရင်တော့ ပြည်နယ်အစိုးရအနေနဲ့ ဘာမှမလုပ်ပါဘူး၊ ဘာလို့လဲဆိုတော့ မြို့ပြစီမံကိန်းလည်း မရှိသေးဘူး” ဟု ပြောသည်။
ကျေးရွာအတွင်း မြေကွက်ရိုက်ရောင်းချမှုများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးများ မှ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည့်အရာ ဖြစ်ကြောင်း သူကဆက်ပြောသည်။
ဘုန်ဇုံ ကျေးရွာ ဥက္ကဌ Pu Hrang Thang က “ကျေးရွာဖွ့ံဖြိုးရေးအတွက် ကျွှန်တော်တို့မြေကွက် ပေးတာတော့ရှိတယ်၊ ဒါပေမဲ့ ကျွှန်တော်တို့ ကျေးရွာအတွင်းမှာလည်း ဥပဒေလုပ်ထားတယ်၊ အဲဒါကို မလိုက်နာရင် ဆုံးမတာတွေလုပ်တယ်၊ ပြည်မက မြေကွက်လာရိုက်ပြီး လုပ်လို့တော့ မရဘူး” ဟု ပြောသည်။
ဆက်ပြီး သူက “ကျွန်တော်တို့ ရွာထဲ ဝန်ထမ်းတာဝန်ကျလာတဲ့သူ တွေတောင်းရင်ပေးတာရှိတယ်၊ နောက်ပြီး ကျောင်းဆရာ/ဆရာမတွေပေါ့။ သူတို့နေဖို့ ပေးတာတွေရှိတယ်၊ အိမ်ခြံမြေဝယ်ဖို့ ဘယ်သူ့ကို ဦးစားပေးလဲ ဆိုတာတော့မရှိဘူး၊ ပြည်မကနေ မြေကွက်ရိုက် လာရောင်းတာမရှိဘူး” ဟု ပြောသည်။
ချင်းပြည်နယ် ဘုံဇုံရွာတွင် ကျေးရွာအတွင်း ဖွွံ့ဖြိုးမှုအတွက် ဒေသအတွင်း အိမ်ခြံမြေကွက် ၁၀၀ နီးပါး ကို ရောင်းချခဲ့ပြီးကြောင်း ဒေသခံများထံမှ သိရသည်။