Input your search keywords and press Enter.

ဝက်ရာဂါ ကာကွယ်သည့် အနေဖြင့် မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ရက်ကန့်သတ်မရှိ ၀က်တင်ပို့ခွင့်ပိတ်ပင်

Salai C.Lian
အိန္ဒိယနိုင်ငံ၊ မီဇိုပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ၀က်များတွင် ရောဂါရှိမရှိစမ်းသပ်ခဲ့ရာ၊ မြန်မာဝက်များတွင် African swine fever ရောဂါတွေ့ရှိပြီးနောက် ပြည်ပမှတင်ပို့လာသော ၀က်များကို ရက်အကန့်သတ်မရှိ တင်ပို့ခွင့် ပိတ်ထားကြောင်း သိရသည်။

အဆိုပါ ရောဂါကြောင့် မီဇိုရမ်ပြည်နယ်ရှိ ၀က်များရောဂါကူးမည်ကို ကာကွယ်သည့် အနေဖြင့် ရက်အကန့်သတ်မရှိ ပိတ်ထားခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန အတွင်းရေးမှူး Pu Laithangpuia က “တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန တာဝန်ရှိသူတွေ အစည်းအဝေးလုပ်ကြတယ်၊ သူတို့မြန်မာပြည်ရှိ ၀တ်များတွင် African Swine Fever ရောဂါရှိကြောင်းအတည်ပြုကြတယ်၊ ၀က်တွေတင်ပို့ခွင့် ပေးလိုက်ရင် မီဇိုရမ်ပြည်နယ်အတွင်းရှိ ၀က်တွေရောဂါကူးသွားမယ်၊ ဒီရောဂါတွေက ကုသဖို့ ဆေးလည်းမရှိတဲ့အတွက်ရောဂါကာကွယ်သည့် အနေဖြင့် တင်ပို့ခွင့်ပိတ်ထားခြင်းဖြစ်တယ်” ဟု ပြောသည်။

ပြီးတော့ ဒီရောဂါတွေက ကူးစက်မှုအရမ်းမြန်တယ်၊ ကုသဖို့လည်း ဆေးမရှိတော့ ရောဂါကာကွယ်သည့် နည်းလမ်းအကောင်းဆုံးကတော့ ၀တ်သားမှပြုလုပ်သော အစားအစာကို မီဇိုရမ်ပြည်နယ်အတွင်း တင်ပို့ခွင့် ပိတ်ထားတာက အလွယ်ကူဆုံးဖြစ်ပြီး၊ မီဇိုရမ်ပြည်သူများအနေဖြင့် ၀တ်သားနှင့် ပတ်သက်သည့် အစားအစာများကို မ၀ယ်ယူရန်တောင်းဆိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

ချင်းပြည်နယ် နယ်စပ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်ဖက်သို့ ဝက်တင်သွင်းခွင့်နှင့် ပက်သက်ပြီး မီဇိုရမ် အစိုးရ MNFမှ အရင်နှစ်များတွင်လည်း ဝက်တင်သွင်းခွင့်ကို နှစ်လအကြာပိတ်ထားမည် ပြောသော်လည်း သုံးလကြာမည့်ပြီး ဖွင့်လျှက်ရှိကြောင်းလည်း သိရှိရသည်။

Unicode Version

ဝက်ရောဂါ ကာကွယ်သည့် အနေဖြင့် မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ရက်ကန့်သတ်မရှိ ၀က်တင်ပို့ခွင့်ပိတ်ပင်

အိန္ဒိယနိုင်ငံ၊ မီဇိုပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ၀က်များတွင် ရောဂါရှိမရှိစမ်းသပ်ခဲ့ရာ၊ မြန်မာဝက်များတွင် African swine fever ရောဂါတွေ့ရှိပြီးနောက် ပြည်ပမှတင်ပို့လာသော ၀က်များကို ရက်အကန့်သတ်မရှိ တင်ပို့ခွင့် ပိတ်ထားကြောင်း သိရသည်။
အဆိုပါ ရောဂါကြောင့် မီဇိုရမ်ပြည်နယ်ရှိ ၀က်များရောဂါကူးမည်ကို ကာကွယ်သည့် အနေဖြင့် ရက်အကန့်သတ်မရှိ ပိတ်ထားခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန အတွင်းရေးမှူး Pu Laithangpuia က “တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန တာဝန်ရှိသူတွေ အစည်းအဝေးလုပ်ကြတယ်၊ သူတို့မြန်မာပြည်ရှိ ၀တ်များတွင် African Swine Fever ရောဂါရှိကြောင်းအတည်ပြုကြတယ်၊ ၀က်တွေတင်ပို့ခွင့် ပေးလိုက်ရင် မီဇိုရမ်ပြည်နယ်အတွင်းရှိ ၀တ်တွေရောဂါကူးသွားမယ်၊ ဒီရောဂါတွေက ကုသဖို့ ဆေးလည်းမရှိတဲ့အတွက်ရောဂါကာကွယ်သည့် အနေဖြင့် တင်ပို့ခွင့်ပိတ်ထားခြင်းဖြစ်တယ်” ဟု ပြောသည်။
ပြီးတော့ ဒီရောဂါတွေက ကူးစက်မှုအရမ်းမြန်တယ်၊ ကုသဖို့လည်း ဆေးမရှိတော့ ရောဂါကာကွယ်သည့် နည်းလမ်းအကောင်းဆုံးကတော့ ၀က်သားမှပြုလုပ်သော အစားအစာကို မီဇိုရမ်ပြည်နယ်အတွင်း တင်ပို့ခွင့် ပိတ်ထားတာက အလွယ်ကူဆုံးဖြစ်ပြီး၊ မီဇိုရမ်ပြည်သူများအနေဖြင့် ၀က်သားနှင့် ပတ်သက်သည့် အစားအစာများကို မ၀ယ်ယူရန်တောင်းဆိုကြောင်း ၄င်းက ဆက်လက်ပြောသည်။