Input your search keywords and press Enter.

ခရစ်ယာန် ရုပ်သံလိုင်း ထုတ်လွှင့်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခရစ်ယာန်ရုပ်သံလိုင်း ထုတ်လွှင့်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ဦးဆောင်သူ ဒေါက်တာ ချယ်ရီတီ ထူးက ပြောသည်။
ဒေါက်တာ ချယ်ရီတီထူးက “ဒီစီမံကိန်းအတွက် အစိုးရနဲ့ ကျွှန်တော်တို့ညှိနိုင်းနေတယ်၊ ဥပဒေမှာ ဒီလုပ်ငန်းအတွက် မရှိသေးတော့ အရင်ရေးဆွဲရမယ်၊ အဲဒါပြီးရင်တော့ ကျွှန်တော်တို့ လုပ်ငန်းစဖို့ ၀န်ထမ်းအယောက် ၄၀ အလုပ်ခေါ်ပြီး ကိုရီးယား နိုင်ငံမှာ ၃ လလုံးအလုပ် သင်ခိုင်းမယ်၊ အဲဒီအတွက် အခုကနေ ပြင်ဆင်မှုတွေ ဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု ပြောသည်။
သူက ဆက်ပြီး “အခုလည်း သာသနာဝန်ကြီးဆီကို စာတင်ထားတယ်၊ ၀န်ကြီးက မကန့်ကွက်ရင်တော့ MRTV လိုင်းမှာ တစ်ရက် တစ်နာရီ ခရစ်ယာန် တရားဒေသနာတွေကို ထုတ်လွှင့်သွားမယ်၊ ၂၀၁၃ တုန်းကလည်း ကျွှန်တော်တို့ လွှင့်ခဲ့ဖူးတယ်” ဟု ပြောသည်။
“ပြည်ထောင်စုအစိုးရအနေဖြင့် ခွင့်ပြုလိုက်ရင် နိုင်ငံခြားပညာရှင်တွေကို ခေါ်ပြီး တစ်နိုင်ငံလုံးကြည့်ရူ့နိုင်အောင် တာဝါတိုင်များကို သင့်လျှော်တဲ့နေရာတွေမှာ တိုင်တွေဆောက်မယ်၊ ပြီးတော့ နိုင်ငံတကာ Christian Chanel ထဲက ရုပ်သံတွေကို မြန်မာပြည်သားတွေ နားလည်အောင် မြန်မာစာတန်းထိုးပြီး ထုတ်လွှင့်သွားမယ်” ဟု ဒေါက်တာ ချယ်ရီတီထူးက ပြောသည်။
photo: MOI

Unicode Version
