Input your search keywords and press Enter.

အိႏၵိယႏုိင္ငံမွ ၀က္တင္သြင္းခြင့္ပိတ္ပင္ျခင္းေၾကာင့္ သိန္းရာခ်ီဆံုးရွံဳးမႈရွိေန

Salai C Lian

ျမန္မာျပည္တြင္း ျဖစ္ပြားေနသည့္ ဝက္ေရာဂါမ်ားေၾကာင့္ အိႏိၵယႏုိင္ငံ မီဇိုရမ္ျပည္နယ္အစိုးရမွ ဝက္တင္သြင္းခြင့္ ပိတ္ထားၿပီး ျမန္မာျပည္ဖက္မွ ၀က္ကုန္သည္မ်ား သိန္းရာခ်ီနစ္နာမႈရွိေနေၾကာင္းသိရသည္။

ကေလးၿမိဳ႕ေန ၀က္ကုန္သည္ တစ္ဦးက “ကႊ်န္ေတာ္တုိ႔ကေတာ့ ကုိယ့္အလုပ္ဆုိေတာ့ ၀တ္ေတြ ႀကိဳတင္ေလွာင္တာေပါ့၊ ဒါေပမဲ့ နယ္ကေန ဂိတ္ပိတ္လုိက္ေတာ့ အရံႈးနဲ႔ေရာင္းရင္ ေတာ္ေသးတာေပါ့၊ ၀က္ေတြက ႀကီးေတာ့သယ္တဲ႔ေနရာမွာ ပင္ပန္းၿပီးေတာ့ ေသၾကတယ္။ ေသရင္ဘာမွ မရေတာ့ဘူး၊ အဲတာေၾကာင့္ အရွုံးနဲ႔ေရာင္းလုိက္ရတယ္၊ ခုဆုိရင္ ၀က္ကုန္သည္ေတြ ေထာင္ဂ႑ာန္း ရွုံးေပၚေနတယ္။ ကုန္သည္ေတြအားလံုးေပါင္းရင္ေတာ့ ရာခ်ီရွံဳးတာေပါ့” ဟု ဆုိသည္။

၀က္ကုန္သည္ ဦး Pa Kham က“မီဇုိရမ္အစုိးရေတြက ၀က္ေရာဂါရွိလုိ႔ အကုန္လုံးပိတ္လုိက္တယ္၊ လုံး၀သြားလုိ႔မရဘူး၊ မီဇိုရမ္အစိုးရက ၀က္ေရာဂါကူးမွာကုိ ေၾကာက္လုိ႔ လုံး၀ပိတ္ထားတယ္။ ျမန္မာျပည္ဖက္က ဂိတ္ေတြကေတာ့ မပိတ္ပါဘူး မီဇိုရမ္ဖက္ကဂိတ္ေတြက ပိတ္တာျဖစ္တယ္ ။  အခုပိတ္ထားတာ တစ္လေက်ာ္ေနၿပီျဖစ္တယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္ နယ္စပ္ရွိ အိႏိၵယႏုိင္ငံ မီဇိုရမ္ျပည္နယ္ဖက္သို႔ ဝက္တင္သြင္းခြင့္ႏွင့္ ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ဝတ္တင္သြင္းခြင့္ႏွင့္ ပစၥည္းတင္ပို႔ခြင့္မ်ားကို ကန္႔သတ္ပိတ္ပင္ထားျခင္း မရွိေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ဝန္ၾကီးဦးစိုးထက္ကေျပာသည္။

ဝန္ၾကီးဦးစိုးထက္က “၀က္တင္သြင္းမႈႏွင့္ ပတ္သက္ၿပီး ကြ်န္ေတာ္နယ္လုံ၀န္ႀကီးကုိ ေမးၾကည့္ေတာ့ ခ်င္းျပည္နယ္ နယ္စပ္ဘက္ကေတာ့ ဘာမွပိတ္တာမရွိဘူး၊ ဟုိဘက္က သတင္းပုိ႔တာတုိ႔ေတာ့ ဘာမွမရွိဘူး၊ ပစၥည္းပုိ႔တာ ၀က္ပုိ႔တာတုိ႔ ကန္႔သက္ခ်က္မရွိဘူး၊ တစ္ခ်က္ေျပာတာေတာ့ ရွိတယ္၊ တရား၀င္မသြားပဲ ခုိးၿပီးသြားတာေတြရွိတယ္၊ အဲဒါကေတာ့ ကန္႔သတ္တာရွိတယ္၊ တရားဝင္နဲ႔ သြားလုိက္ရင္ေတာ့ ပိတ္တာမရွိဘူး၊ လမ္းဖြင့္ေပးတယ္၊ ဒါေပမဲ့ အမ်ားစုကေတာ့ ဂိတ္ကေနမသြားပဲ ခုိးၿပီးပုိ႔ၾကတယ္၊ ၀က္ကုန္သည္ေတြက ခုိးၿပီးမသြားပဲ ဂိတ္ျဖတ္လုိက္ရင္ သူတုိ႔သြားလုိ႔ရတယ္၊ နယ္လုံ၀န္ႀကီးကလည္းေျပာတယ္။ တရား၀င္ဆိုရင္ ပိတ္တာမ်ိဳးမရွိဘူး”ဟုေျပာသည္။

ခ်င္းျပည္နယ္ နယ္စပ္ရွိ အိႏိၵယႏုိင္ငံ မီဇိုရမ္ျပည္နယ္ဖက္သို႔ ဝတ္တင္သြင္းခြင့္ႏွင့္ ပတ္သက္ၿပီး ၀က္ကုန္သည္ ဦး Pa Kham က “အစုိးရကေတာ့ အဲလိုဘဲေျပာမွာေပါ့၊ ေခ်ာင္းမွာလည္း ျမန္မာဘက္ကေတာ့ မပိတ္ပါဘူး၊ ဟုိဘက္ကပိတ္ေနလုိ႔ လုံး၀မတက္ႏူိင္တာျဖစ္တယ္ အခုအထိပိတ္ထားတာ တစ္လေတာင္ေက်ာ္ေနၿပီျဖစ္တယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္ နယ္စပ္ျဖစ္သည့္ မီဇုိရမ္ျပည္နယ္ဖက္သို႔ ဝက္တင္သြင္းခြင့္ႏွင့္ ပက္သက္ၿပီး မီဇိုရမ္ အစိုးရ MNF မွ အရင္ႏွစ္မ်ားတြင္လည္း  ဝတ္တင္သြင္းခြင့္ကို ပိတ္ထားေလ့ရွိသည္။

Unicode Version

အိန္ဒိယနိုင်ငံမှ ဝက်တင်သွင်းခွင့်ပိတ်ပင်ခြင်းကြောင့် သိန်းရာချီဆုံးရှုံးမှုရှိနေ

မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် ဝက်ရောဂါများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရမှ ဝက်တင်သွင်းခွင့် ပိတ်ထားပြီး မြန်မာပြည်ဖက်မှ ဝက်ကုန်သည်များ သိန်းရာချီနစ်နာမှုရှိနေကြောင်းသိရသည်။
ကလေးမြို့နေ ဝက်ကုန်သည် တစ်ဦးက “ကျွှန်တော်တို့ကတော့ ကိုယ့်အလုပ်ဆိုတော့ ဝတ်တွေ ကြိုတင်လှောင်တာပေါ့၊ ဒါပေမဲ့ နယ်ကနေ ဂိတ်ပိတ်လိုက်တော့ အရှုံးနဲ့ရောင်းရင် တော်သေးတာပေါ့၊ ဝက်တွေက ကြီးတော့သယ်တဲ့နေရာမှာ ပင်ပန်းပြီးတော့ သေကြတယ်။ သေရင်ဘာမှ မရတော့ဘူး၊ အဲတာကြောင့် အရှုံးနဲ့ရောင်းလိုက်ရတယ်၊ ခုဆိုရင် ဝက်ကုန်သည်တွေ ထောင်ဂဏ္ဍာန်း ရှုံးပေါ်နေတယ်။ ကုန်သည်တွေအားလုံးပေါင်းရင်တော့ ရာချီရှုံးတာပေါ့” ဟု ဆိုသည်။
ဝက်ကုန်သည် ဦး Pa Kham က“မီဇိုရမ်အစိုးရတွေက ဝက်ရောဂါရှိလို့ အကုန်လုံးပိတ်လိုက်တယ်၊ လုံးဝသွားလို့မရဘူး၊ မီဇိုရမ်အစိုးရက ဝက်ရောဂါကူးမှာကို ကြောက်လို့ လုံးဝပိတ်ထားတယ်။ မြန်မာပြည်ဖက်က ဂိတ်တွေကတော့ မပိတ်ပါဘူး မီဇိုရမ်ဖက်ကဂိတ်တွေက ပိတ်တာဖြစ်တယ် ။ အခုပိတ်ထားတာ တစ်လကျော်နေပြီဖြစ်တယ်”ဟုပြောသည်။
ချင်းပြည်နယ် နယ်စပ်ရှိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်သို့ ဝက်တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် ဝတ်တင်သွင်းခွင့်နှင့် ပစ္စည်းတင်ပို့ခွင့်များကို ကန့်သတ်ပိတ်ပင်ထားခြင်း မရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီးဦးစိုးထက်ကပြောသည်။
ဝန်ကြီးဦးစိုးထက်က “ဝက်တင်သွင်းမှုနှင့် ပတ်သက်ပြီး ကျွန်တော်နယ်လုံဝန်ကြီးကို မေးကြည့်တော့ ချင်းပြည်နယ် နယ်စပ်ဘက်ကတော့ ဘာမှပိတ်တာမရှိဘူး၊ ဟိုဘက်က သတင်းပို့တာတို့တော့ ဘာမှမရှိဘူး၊ ပစ္စည်းပို့တာ ဝက်ပို့တာတို့ ကန့်သက်ချက်မရှိဘူး၊ တစ်ချက်ပြောတာတော့ ရှိတယ်၊ တရားဝင်မသွားပဲ ခိုးပြီးသွားတာတွေရှိတယ်၊ အဲဒါကတော့ ကန့်သတ်တာရှိတယ်၊ တရားဝင်နဲ့ သွားလိုက်ရင်တော့ ပိတ်တာမရှိဘူး၊ လမ်းဖွင့်ပေးတယ်၊ ဒါပေမဲ့ အများစုကတော့ ဂိတ်ကနေမသွားပဲ ခိုးပြီးပို့ကြတယ်၊ ဝက်ကုန်သည်တွေက ခိုးပြီးမသွားပဲ ဂိတ်ဖြတ်လိုက်ရင် သူတို့သွားလို့ရတယ်၊ နယ်လုံဝန်ကြီးကလည်းပြောတယ်။ တရားဝင်ဆိုရင် ပိတ်တာမျိုးမရှိဘူး”ဟုပြောသည်။
ချင်းပြည်နယ် နယ်စပ်ရှိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်သို့ ဝတ်တင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဝက်ကုန်သည် ဦး Pa Kham က “အစိုးရကတော့ အဲလိုဘဲပြောမှာပေါ့၊ ချောင်းမှာလည်း မြန်မာဘက်ကတော့ မပိတ်ပါဘူး၊ ဟိုဘက်ကပိတ်နေလို့ လုံးဝမတက်နိူင်တာဖြစ်တယ် အခုအထိပိတ်ထားတာ တစ်လတောင်ကျော်နေပြီဖြစ်တယ်”ဟုပြောသည်။
ချင်းပြည်နယ် နယ်စပ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်ဖက်သို့ ဝက်တင်သွင်းခွင့်နှင့် ပက်သက်ပြီး မီဇိုရမ် အစိုးရ MNF မှ အရင်နှစ်များတွင်လည်း ဝတ်တင်သွင်းခွင့်ကို ပိတ်ထားလေ့ရှိသည်။