Input your search keywords and press Enter.

ဘံုဇံုရြာအနီးတြင္ ဘိလပ္ေျမစက္ရံုအျပင္ ေရအားလွ်ပ္စစ္ စက္ရံုႏွစ္ရံုတည္ေဆာက္မည္

 

ဟားခါးၿမိဳ႕နယ္ ဘံုဇံုရြာအနီးတြင္ တစ္ေန႔လွ်င္ ဘိလပ္ေျမအိတ္တစ္သိန္း ထုတ္လုပ္ႏုိင္သည့္ စက္ရံုႏွစ္ရံုအျပင္ ေရအားလွ်ပ္စစ္စက္ရံုႏွစ္ရံုကိုပါ တည္ေဆာက္မည္ဟု ခ်င္းျပည္နယ္ စည္ပင္ဝင္ၾကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ၾကီး ဦးစိုးထက္က “ဘံုဇံုးမွာ ဘိလပ္ေျမစက္ရံုလုပ္ရင္ တစ္ေန႔ကို ဘိလပ္ေျမအိတ္တစ္သိန္းထြက္တဲ႔ဟာ လုပ္မွာျဖစ္တယ္။ ျပည္ေထာင္စု အဆင့္ကေန  လုပ္တာျဖစ္တဲ႔အတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနနဲ႕ အေသးစိတ္မသိရေပမဲ႔ ျမန္ျမန္လုပ္ျဖစ္မွာပါ။ ေနာက္ထပ္စီမံကိန္းက ေရအားလွ်ပ္စစ္ (၃၂)မီဂါဝပ္ထြက္မဲ႔ဟာတစ္ခု၊  (၄၃)မီဂါ၀ပ္ ထြတ္မဲ႔ဟာတစ္ခု အတြက္ နွစ္ေနရာေရြးထားတယ္။  ဒီေရအားလွ်ပ္စစ္စက္ရံုေတြက အနည္းဆံုး သံုးေလးနွစ္ေလာက္က ၾကာဦးမွာျဖစ္တယ္”ဟုေျပာသည္။

ဘံုဇံုးရြာအနီးတြင္ ဘိလပ္ေျမစက္ရံုတည္ေဆာက္ရန္ တင္ဒါ ေအာင္ျမင္ခဲ့သည့္ ကုမၸဏီမွာ  ႏုိင္ငံေတာ္အခြန္မ်ားစြာ ေပးသြင္းရန္က်န္ရွိေနေသးသျဖင့္ တင္ဒါ ပ်က္သြားခဲ႔ၿပီး ေနာက္ထပ္ ျပည္ေထာင္စုအဆင့္မွ တင္ဒါထပ္ေခၚယူထားေၾကာင္း စည္ပင္ဝန္ၾကီး ဦးစိုးထက္ကေျပာသည္။

သူကဆက္ၿပီး “ပထမကုမၸဏီက အဆင္မေျပလုိ႔ ေနာက္ကုမၸဏီတစ္ခုနဲ႔  အေသးစိတ္ေဆြးေႏြးၿပီးၿပီလုိ႔ ေျပာပါတယ္။ ျပည္ေထာင္စုကအဆင့္ကေန လုပ္ေနတာျဖစ္တဲ႔အတြက္ ခ်င္းျပည္နယ္ အစုိးရအေနနဲ႔ အေသးစိတ္ေတာ့မသိဘူး”ဟုေျပာသည္။

ဘံုဇံုးရြာတြင္ စက္မႈဇံု ေဆာက္လုပ္ရန္ ေျမေနရာသံုးေနရာကို ေရြးထားၿပီး သံုးေနရာထဲမွ အေကာင္းဆံုး ေျမေနရာတစ္ခုကို ေရြးခ်ယ္သြားမည္ျဖစ္သည္။

Unicode Version

ဘုံဇုံရွာအနီးတွင် ဘိလပ်မြေစက်ရုံအပြင် ရေအားလျှပ်စစ် စက်ရုံနှစ်ရုံတည်ဆောက်မည်

ဟားခါးမြို့နယ် ဘုံဇုံရွာအနီးတွင် တစ်နေ့လျှင် ဘိလပ်မြေအိတ်တစ်သိန်း ထုတ်လုပ်နိုင်သည့် စက်ရုံနှစ်ရုံအပြင် ရေအားလျှပ်စစ်စက်ရုံနှစ်ရုံကိုပါ တည်ဆောက်မည်ဟု ချင်းပြည်နယ် စည်ပင်ဝင်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဘုံဇုံးမှာ ဘိလပ်မြေစက်ရုံလုပ်ရင် တစ်နေ့ကို ဘိလပ်မြေအိတ်တစ်သိန်းထွက်တဲ့ဟာ လုပ်မှာဖြစ်တယ်။ ပြည်ထောင်စု အဆင့်ကနေ လုပ်တာဖြစ်တဲ့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အသေးစိတ်မသိရပေမဲ့ မြန်မြန်လုပ်ဖြစ်မှာပါ။ နောက်ထပ်စီမံကိန်းက ရေအားလျှပ်စစ် (၃၂)မီဂါဝပ်ထွက်မဲ့ဟာတစ်ခု၊ (၄၃)မီဂါဝပ် ထွတ်မဲ့ဟာတစ်ခု အတွက် နှစ်နေရာရွေးထားတယ်။ ဒီရေအားလျှပ်စစ်စက်ရုံတွေက အနည်းဆုံး သုံးလေးနှစ်လောက်က ကြာဦးမှာဖြစ်တယ်”ဟုပြောသည်။

ဘုံဇုံးရွာအနီးတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီမှာ နိုင်ငံတော်အခွန်များစွာ ပေးသွင်းရန်ကျန်ရှိနေသေးသဖြင့် တင်ဒါ ပျက်သွားခဲ့ပြီး နောက်ထပ် ပြည်ထောင်စုအဆင့်မှ တင်ဒါထပ်ခေါ်ယူထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

သူကဆက်ပြီး “ပထမကုမ္ပဏီက အဆင်မပြေလို့ နောက်ကုမ္ပဏီတစ်ခုနဲ့ အသေးစိတ်ဆွေးနွေးပြီးပြီလို့ ပြောပါတယ်။ ပြည်ထောင်စုကအဆင့်ကနေ လုပ်နေတာဖြစ်တဲ့အတွက် ချင်းပြည်နယ် အစိုးရအနေနဲ့ အသေးစိတ်တော့မသိဘူး”ဟုပြောသည်။

ဘုံဇုံးရွာတွင် စက်မှုဇုံ ဆောက်လုပ်ရန် မြေနေရာသုံးနေရာကို ရွေးထားပြီး သုံးနေရာထဲမှ အကောင်းဆုံး မြေနေရာတစ်ခုကို ရွေးချယ်သွားမည်ဖြစ်သည်။