Input your search keywords and press Enter.

ေက်ာက္ျဖဴတြင္ျဖစ္ပြားခဲ့သည့္ အမ်ဳိးသမီးတစ္ဦးအား ထိုးၾကိတ္ရိုက္ႏွက္မႈတြင္ တရားလိုအမ်ဳိးသမီး ၆၆(ဃ)ျဖင့္ တရားျပန္စြဲခံရ

Salai Benezer

၂၀၁၉ခုႏွစ္ ၾသဂုတ္လ ၄ရက္ေန႔ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမဳိ႕တြင္ မတင္ေမ၀င္းအား ၄င္းႏွင့္ စားေသာက္ဆိုင္လုပ္ငန္း ဆက္စပ္လုပ္ကိုင္သူ ဦးတင္ေအာင္စိုးမွ ထိုးၾကိတ္ရိုက္ႏွက္မႈျဖစ္ပြားခဲ့ၿပီး မတင္ေမ၀င္းမွ ရဲစခန္းတြင္ အမႈဖြင့္ခဲ့ေသာ္လည္း အေရးယူေဆာင္ရြက္ျခင္းမရွိဘဲ လက္ရွိအခ်ိန္တြင္ ဦးတင္ေအာင္စိုးမွ ၆၆(ဃ)ျဖင့္ တရားျပန္လည္စြဲဆိုထားေၾကာင္းသိရသည္။


“မေန႔က ၆၆(ဃ) နဲ႔အစြဲခံလိုက္ရတယ္၊ အမဒဏ္ရာရတဲ့ဟာရယ္ ျဖစ္စဥ္အက်ဥ္းတင္တဲ့ဟာကို မိတၱဴကူးၿပီးေတာ့ စခန္းမွာအမႈဖြင့္ထားတယ္၊ ဖုန္းကိုလည္းေကာက္သိမ္းသြားတယ္၊ သံုးေနတဲ့ Facebook အေကာင့္ကုိလည္းယူသြားတယ္၊ ေရွ႕ေနေတြကေျပာတာကလည္း တရားရံုးေရာက္မွ ၀င္ပါလို႔ရမယ္ေျပာတယ္၊ အခုဟာက အမစဆြဲတဲ့ အမႈေတာင္ဘာမွမျဖစ္ေသးဘဲနဲ႔ သူတို႔ျပန္စြဲတဲ့ဟာကို စခန္းမွာလုိက္ရွင္းေနရတယ္၊ ပိုဆိုးလာတာက ၆၆ (ဃ)ေတြပါ ပါလာတယ္၊ သူကဒီမွာပါ၀ါႀကီးတဲ့သူဆီေတာ့ ဌာနဆိုင္ရာေတြက ေတာ္ရံုမလုပ္ေပးခ်င္ၾကဘူး၊ ဒီပံုစံအတိုင္းဆိုရင္ အမႈကေပ်ာက္ေတာ့မွာ၊ သူတို႔တရားစြဲတာနဲ႔ဘဲ အထဲျပန္၀င္ရမယ့္သေဘာရွိတယ္”ဟု အရိုက္ႏွက္ခံခဲ့ရသူ မတင္ေမ၀င္းမွ ေျပာသည္။


မတင္ေမ၀င္းႏွင့္ ဦးတင္ေအာင္စိုးတို႔ ႏွစ္ဘက္အက်ဳိးတူ စပ္ဆက္လုပ္ေဆာင္သည့္ စားေသာက္ဆိုင္လုပ္ငန္းကိစၥတြင္ ဦးတင္ေအာင္စိုးဘက္မွ တာ၀န္မေက်မႈမ်ားရွိလာျခင္း၊ စားေသာက္ဆိုင္လုပ္ငန္းမွ ပစၥည္းမ်ားအား တုိင္ပင္ျခင္းမရွိဘဲ ယူေဆာင္သြားျခင္း စသည့္ ကိစၥရပ္မ်ားေၾကာင့္ မတင္ေမ၀င္းမွ ၄င္းရပိုင္ခြင့္မ်ားကို ျပန္လည္ေတာင္းဆိုၿပီးေနာက္ ဦးတင္ေအာင္စိုးမွ ထိုးၾကိတ္ရိုက္ႏွက္ခဲ့ျခင္းျဖစ္သည္။


အခင္းျဖစ္ပြားၿပီးေနာက္ မတင္ေမ၀င္းမွ ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားခဲ့ေသာ္လည္း ဦးတင္ေအာင္စိုးမွာ တစ္စံုတစ္ရာ အေရးယူခံရျခင္းမရွိဘဲ လြတ္ေျမာက္သြားခဲ့ၿပီး ယခုရက္ပိုင္းအတြင္း မတင္ေမ၀င္းကို ၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္းၾကားရာတြင္ ေက်ာက္ျဖဴရဲစခန္းမွ မတင္ေမ၀င္းအား ခ်က္ျခင္းေခၚဆိုၿပီး လက္ကိုင္ဖုန္းႏွင့္ Facebook အေကာင့္မ်ားကို သိမ္းစည္းသြားေၾကာင္းသိရသည္။


အဆိုပါျဖစ္စဥ္ႏွင့္ပါတ္သတ္ၿပီး ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ Field Director Salai Terah မွ “ဒီျဖစ္စဥ္မွာေတာ့ အမႈစျဖစ္ျဖစ္ခ်င္းမွာ ခံရတဲ့အမ်ဳိးသမီးက ခ်က္ခ်င္းတိုင္ၾကားခဲ့ေပမယ့္ ရဲေတြက အေရးယူေဆာင္ရြက္တာေတြ ခ်က္ျခင္းမလုပ္ဘူး၊ ဒါေပမယ့္ ရိုက္ႏွက္တဲ့သူဘက္က ၆၆(ဃ)ႏွင့္ တရားစြဲလိုက္ေတာ့ ခ်က္ျခင္းအေရးယူေဆာင္ရြက္မႈလုပ္တယ္၊ ဖုန္းႏွင့္ Facebook အေကာင့္ကိုလည္းသိမ္းသြားတယ္၊ ဒီဟာကမျဖစ္သင့္ဘူး၊ လာဘ္စားမႈတစ္ခုခုရွိတယ္လို႔ က်ေနာ္ေတာ့ယူဆတယ္”ဟု ေျပာသည္။


အဆိုပါျဖစ္စဥ္ႏွင့္ပါတ္သတ္ၿပီး ေက်ာက္ျဖဴရဲစခန္းမွ စခန္းမွဴး ကိုေက်ာ္ေဇာအား ဆက္သြယ္ေမးျမန္းရာ ခရီးလြန္ေနသျဖင့္ မေျဖဆိုႏိုင္ေသးေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

Unicode Version

ကျောက်ဖြူတွင်ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား ထိုးကြိတ်ရိုက်နှက်မှုတွင် တရားလိုအမျိုးသမီး ၆၆(ဃ)ဖြင့် တရားပြန်စွဲခံရ

၂၀၁၉ခုနှစ် သြဂုတ်လ ၄ရက်နေ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မတင်မေဝင်းအား ၄င်းနှင့် စားသောက်ဆိုင်လုပ်ငန်း ဆက်စပ်လုပ်ကိုင်သူ ဦးတင်အောင်စိုးမှ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မတင်မေဝင်းမှ ရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လက်ရှိအချိန်တွင် ဦးတင်အောင်စိုးမှ ၆၆(ဃ)ဖြင့် တရားပြန်လည်စွဲဆိုထားကြောင်းသိရသည်။

“မနေ့က ၆၆(ဃ) နဲ့အစွဲခံလိုက်ရတယ်၊ အမဒဏ်ရာရတဲ့ဟာရယ် ဖြစ်စဉ်အကျဉ်းတင်တဲ့ဟာကို မိတ္တူကူးပြီးတော့ စခန်းမှာအမှုဖွင့်ထားတယ်၊ ဖုန်းကိုလည်းကောက်သိမ်းသွားတယ်၊ သုံးနေတဲ့ Facebook အကောင့်ကိုလည်းယူသွားတယ်၊ ရှေ့နေတွေကပြောတာကလည်း တရားရုံးရောက်မှ ဝင်ပါလို့ရမယ်ပြောတယ်၊ အခုဟာက အမစဆွဲတဲ့ အမှုတောင်ဘာမှမဖြစ်သေးဘဲနဲ့ သူတို့ပြန်စွဲတဲ့ဟာကို စခန်းမှာလိုက်ရှင်းနေရတယ်၊ ပိုဆိုးလာတာက ၆၆ (ဃ)တွေပါ ပါလာတယ်၊ သူကဒီမှာပါ၀ါကြီးတဲ့သူဆီတော့ ဌာနဆိုင်ရာတွေက တော်ရုံမလုပ်ပေးချင်ကြဘူး၊ ဒီပုံစံအတိုင်းဆိုရင် အမှုကပျောက်တော့မှာ၊ သူတို့တရားစွဲတာနဲ့ဘဲ အထဲပြန်ဝင်ရမယ့်သဘောရှိတယ်”ဟု အရိုက်နှက်ခံခဲ့ရသူ မတင်မေဝင်းမှ ပြောသည်။

မတင်မေဝင်းနှင့် ဦးတင်အောင်စိုးတို့ နှစ်ဘက်အကျိုးတူ စပ်ဆက်လုပ်ဆောင်သည့် စားသောက်ဆိုင်လုပ်ငန်းကိစ္စတွင် ဦးတင်အောင်စိုးဘက်မှ တာဝန်မကျေမှုများရှိလာခြင်း၊ စားသောက်ဆိုင်လုပ်ငန်းမှ ပစ္စည်းများအား တိုင်ပင်ခြင်းမရှိဘဲ ယူဆောင်သွားခြင်း စသည့် ကိစ္စရပ်များကြောင့် မတင်မေဝင်းမှ ၄င်းရပိုင်ခွင့်များကို ပြန်လည်တောင်းဆိုပြီးနောက် ဦးတင်အောင်စိုးမှ ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် မတင်မေဝင်းမှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ဦးတင်အောင်စိုးမှာ တစ်စုံတစ်ရာ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်သွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း မတင်မေဝင်းကို ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်းကြားရာတွင် ကျောက်ဖြူရဲစခန်းမှ မတင်မေဝင်းအား ချက်ခြင်းခေါ်ဆိုပြီး လက်ကိုင်ဖုန်းနှင့် Facebook အကောင့်များကို သိမ်းစည်းသွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့မှ Field Director Salai Terah မှ “ဒီဖြစ်စဉ်မှာတော့ အမှုစဖြစ်ဖြစ်ချင်းမှာ ခံရတဲ့အမျိုးသမီးက ချက်ချင်းတိုင်ကြားခဲ့ပေမယ့် ရဲတွေက အရေးယူဆောင်ရွက်တာတွေ ချက်ခြင်းမလုပ်ဘူး၊ ဒါပေမယ့် ရိုက်နှက်တဲ့သူဘက်က ၆၆(ဃ)နှင့် တရားစွဲလိုက်တော့ ချက်ခြင်းအရေးယူဆောင်ရွက်မှုလုပ်တယ်၊ ဖုန်းနှင့် Facebook အကောင့်ကိုလည်းသိမ်းသွားတယ်၊ ဒီဟာကမဖြစ်သင့်ဘူး၊ လာဘ်စားမှုတစ်ခုခုရှိတယ်လို့ ကျနော်တော့ယူဆတယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး ကျောက်ဖြူရဲစခန်းမှ စခန်းမှူး ကိုကျော်ဇောအား ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေသဖြင့် မဖြေဆိုနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။