Input your search keywords and press Enter.

အစိုးရမွ က်ဴးေက်ာ္အိမ္မ်ားကို ဖ်က္စီးခဲ့သည့္ စည္ပင္ဧရိယာ ၆၇၆ ဧကကို အကြက္ေဖာ္ၿပီး ေရာင္းခ်မည္

Salai Khup Khup

ဟားခါးၿမိဳ႕တြင္ က်ဴးေက်ာ္အိမ္မ်ား ဖ်က္စီးခဲ့သည့္ ၿမိဳ႕ျပစီမံကိန္း စည္ပင္ဧရိယာ ဧက ၆၇၆ ကို အကြက္ေပါင္း (၇၁၇)ကြက္ေဖာ္ၿပီး ေျမကြက္မ်ားကို ျပည္နယ္အစိုးရအေနျဖင့္ ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း စည္ပင္ဝန္ၾကီးဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ၾကီး ဦးစုိးထက္က “အေဆာက္အဦးလည္း မေန႔ကလည္း အားလံုးရွင္းလင္းၿပီးၿပီဆိုေတာ့ အကြက္ေဖာ္ထားတဲ႔ အကြက္ေပါင္း၇၁၇အကြက္ရွိတယ္။ အဲဒါကို ေရာင္းဖို႔ ေလွ်ာက္လႊာေရာင္း ထားတဲ႔ ေျမကြက္စိစစ္တဲ႔သူေတြက စိစစ္ၿပီးေတာ့ ခ်ေပးဖို႔ လုပ္ေနတယ္။ ခ်င္းျပည္နယ္က လမ္းေဖာက္တဲ႔ စရိတ္ေတြ အခုေျမသားလမ္းေတြကို ကားလည္း သြားလို႔မရ ဆုိင္ကယ္လည္း သြားလုိ႔မရ အဲဒါေတြကို ေက်ာက္ခင္းလမ္းလုပ္ရမယ္။ ကြန္ကရစ္လမ္း ဒါမွမဟုတ္ ကတၱရာလမ္း လုပ္ရမယ္ အဲလုိမ်ိဳးအဆင့္ျမွင့္ဖုိ႔ေတြရွိတယ္  ေနာက္ၿပီးအဲဒီမွာ အိမ္ရာေျမေတြ အကြက္ေဖာ္ၿပီဆိုရင္ မီးရေအာင္လုပ္ေပးရမယ္၊ ေရရေအာင္လုပ္ေပးရမယ္။ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕စီမံကိန္းမွာ ရွိသင့္တဲ႔ ကုန္က်စရိတ္ေတြက အမ်ားၾကီးဘဲ အဲဒါေတြရဖုိ႔အတြက္ကို ေနမယ့္ ေတာင္သူေတြ လူထုေတြအားလံုး စရိတ္မ်ွတဲ႔အေနနဲ႔ နည္းနည္းေတာ့ ထည့္ဝင္ရမွာျဖစ္တယ္”ဟုေျပာသည္။

ဟားခါးၿမိဳ႕ ၿမိဳ႕ျပစီမံကိန္း စည္ပင္ဧရိယာ ဧက ၆၇၆ ကို အကြက္ေပါင္း (၇၁၇)ကြက္ျပဳလုပ္ၿပီး ေျမကြက္ဝယ္ယူႏုိင္ရန္ ေျမကြက္ေလွ်ာက္လႊာမ်ားကို ၾသဂုတ္လ(၁၈)ရက္ေန႔မွစၿပီး ေလွ်ာက္လႊာမ်ားကို ျဖန္႔ေဝထားၿပီး ေလွ်ာ္လႊာမ်ားကို ယခုလ (၃၁)ရက္ေန႔တြင္ ေလွ်ာက္လႊာပိတ္မည္ျဖစ္ေၾကာင္း စည္ပင္ဝန္ၾကီးဦးစိုးထက္ကေျပာသည္။

ထို႕အျပင္ ေျမကြက္ စိစစ္ခ်ထားေရးအဖြဲ႕မွ ေနာက္ထပ္အစည္းအေ၀းထပ္လုပ္ၿပီး ေစ်းႏွဳန္းကိစၥကိုလည္း ထပ္ေဆြးေႏြးအံုးမည္ဟုေျပာသည္။

ေျမကြက္မ်ားကို အၾကမ္းဖ်င္းေျမကြက္ေစ်းအျဖစ္ ၁၀၀×၁၀၀ ပတ္လည္ကို (၂၂)ကြက္ေဖာ္ထားၿပီး  တစ္ကြက္ကို သိန္း၅၀၊  ၈၀×၉၀ ကို (၇၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၃၅)သိန္း၊ ၆၀×၈၀ကို အကြက္ေပါင္း (၄၄၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၂၅)သိန္း၊ ၄၀× ၆၀ကိုအကြက္ေပါင္း (၁၇၅)ကြက္ေဖာ္ထားၿပီး တစ္ကြက္ကို (၁၀)သိန္းျဖင့္ သတ္မွတ္ထားေၾကာင္း ဦးစိုးထက္ကေျပာသည္။

လက္ရွိေျမကြက္ဝယ္ယူရန္ ေလွ်ာက္လႊာ ေလွ်ာက္ထားသူ ႏွစ္ေထာင္ျပည့္ၿပီျဖစ္ၿပီး ၎ေျမေရာင္းခ်မႈမွ ရရွိေသာ ေငြမ်ားကို လမ္းလုပ္ရာတြင္ အသံုးျပဳသြားမည္ျဖစ္ကာ လမ္းျပဳလုပ္မႈတြင္ အနည္းဆံုး သိန္းေပါင္း ႏွစ္ေသာင္းကုန္က်မည္ျဖစ္ေၾကာင္းလည္း  သိရွိရသည္။

ဟားခါးၿမိဳ႕ျပစီမံကိန္း ဧက ၆၇၆ ဧကတြင္ တည္ရွိသည့္ က်ဴးေက်ာ္ဟုသတ္မွတ္ထားသည့္ အိမ္မ်ားကိုလည္း ခ်င္းျပည္နယ္အစိုးရမွ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ စက္ၾကီးမ်ား ဖ်က္စီးခဲ႔ၿပီးျဖစ္သည္။

Unicode Version

အစိုးရမှ ကျူးကျော်အိမ်များကိုဖျက်စီးခဲ့သည့် စည်ပင်ဧရိယာ ၆၇၆ ဧကကို အကွက်ဖော်ပြီး ရောင်းချမည်

ဟားခါးမြို့တွင် ကျူးကျော်အိမ်များ ဖျက်စီးခဲ့သည့် မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ ကို အကွက်ပေါင်း (၇၁၇)ကွက်ဖော်ပြီး မြေကွက်များကို ပြည်နယ်အစိုးရအနေဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဆောက်အဦးလည်း မနေ့ကလည်း အားလုံးရှင်းလင်းပြီးပြီဆိုတော့ အကွက်ဖော်ထားတဲ့ အကွက်ပေါင်းရ၁ရအကွက်ရှိတယ်။ အဲဒါကို ရောင်းဖို့ လျှောက်လွှာရောင်း ထားတဲ့ မြေကွက်စိစစ်တဲ့သူတွေက စိစစ်ပြီးတော့ ချပေးဖို့ လုပ်နေတယ်။ ချင်းပြည်နယ်က လမ်းဖောက်တဲ့ စရိတ်တွေ အခုမြေသားလမ်းတွေကို ကားလည်း သွားလို့မရ ဆိုင်ကယ်လည်း သွားလို့မရ အဲဒါတွေကို ကျောက်ခင်းလမ်းလုပ်ရမယ်။ ကွန်ကရစ်လမ်း ဒါမှမဟုတ် ကတ္တရာလမ်း လုပ်ရမယ် အဲလိုမျိုးအဆင့်မြှင့်ဖို့တွေရှိတယ် နောက်ပြီးအဲဒီမှာ အိမ်ရာမြေတွေ အကွက်ဖော်ပြီဆိုရင် မီးရအောင်လုပ်ပေးရမယ်၊ ရေရအောင်လုပ်ပေးရမယ်။ မြို့တစ်မြို့ရဲ့စီမံကိန်းမှာ ရှိသင့်တဲ့ ကုန်ကျစရိတ်တွေက အများကြီးဘဲ အဲဒါတွေရဖို့အတွက်ကို နေမယ့် တောင်သူတွေ လူထုတွေအားလုံး စရိတ်မျှတဲ့အနေနဲ့ နည်းနည်းတော့ ထည့်ဝင်ရမှာဖြစ်တယ်”ဟုပြောသည်။
ဟားခါးမြို့ မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ ကို အကွက်ပေါင်း (၇၁၇)ကွက်ပြုလုပ်ပြီး မြေကွက်ဝယ်ယူနိုင်ရန် မြေကွက်လျှောက်လွှာများကို သြဂုတ်လ(၁၈)ရက်နေ့မှစပြီး လျှောက်လွှာများကို ဖြန့်ဝေထားပြီး လျှော်လွှာများကို ယခုလ (၃၁)ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
ထို့အပြင် မြေကွက် စိစစ်ချထားရေးအဖွဲ့မှ နောက်ထပ်အစည်းအဝေးထပ်လုပ်ပြီး စျေးနှုန်းကိစ္စကိုလည်း ထပ်ဆွေးနွေးအုံးမည်ဟုပြောသည်။
မြေကွက်များကို အကြမ်းဖျင်းမြေကွက်စျေးအဖြစ် ၁၀၀×၁၀၀ ပတ်လည်ကို (၂၂)ကွက်ဖော်ထားပြီး တစ်ကွက်ကို သိန်း၅၀၊ ၈၀×၉၀ ကို (၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၃၅)သိန်း၊ ၆၀×၈ဝကို အကွက်ပေါင်း (၄၄၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၂၅)သိန်း၊ ၄၀× ၆ဝကိုအကွက်ပေါင်း (၁၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၁၀)သိန်းဖြင့် သတ်မှတ်ထားကြောင်း ဦးစိုးထက်ကပြောသည်။
လက်ရှိမြေကွက်ဝယ်ယူရန် လျှောက်လွှာ လျှောက်ထားသူ နှစ်ထောင်ပြည့်ပြီဖြစ်ပြီး ၎င်းမြေရောင်းချမှုမှ ရရှိသော ငွေများကို လမ်းလုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကာ လမ်းပြုလုပ်မှုတွင် အနည်းဆုံး သိန်းပေါင်း နှစ်သောင်းကုန်ကျမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဟားခါးမြို့ပြစီမံကိန်း ဧက ၆၇၆ ဧကတွင် တည်ရှိသည့် ကျူးကျော်ဟုသတ်မှတ်ထားသည့် အိမ်များကိုလည်း ချင်းပြည်နယ်အစိုးရမှ သြဂုတ်လ (၂၀)ရက်နေ့တွင် စက်ကြီးများ ဖျက်စီးခဲ့ပြီးဖြစ်သည်။