Input your search keywords and press Enter.

ကုမ္သီခန္းမ၀န္းအတြင္း စံျပရပ္ကြက္အုပ္ခ်ဳပ္ေရးရံုး ဆက္ေဆာက္ပါက ဆႏၵေဖာ္ထုတ္ကန္႕ ကြက္မည္ဟုဆုိ

Salai Khup Khup

မင္းတပ္ၿမိဳ႕တြင္ရိုးရာနတ္ပြဲမ်ား/ယဥ္ေက်းမႈပြဲမ်ား က်င္းပေလ့ရွိသည့္ ကုမ္သီခန္းမ၀န္းအတြင္း  စံျပရပ္ကြက္ အုပ္ခ်ဳပ္ေရးရံုးအျဖစ္ တည္ေဆာက္ျခင္းကို ကန္႔ကြက္သည့္အၾကားက ဆက္လက္ အေကာင္ထည္ေဖာ္ ေဆာင္ရြက္ပါက လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္သြားမည္ျဖစ္ေၾကာင္း နတ္ဘာသာႏွင့္ ကုမ္သီခန္းမေဆာင္ႀကီးၾကပ္ေရးေကာ္မတီ ဥကၠဌ ဦးဟာအြမ္ကေျပာသည္။

ဦးဟာအြမ္က “ခန္းမ၀န္းကိုဖဲ႔ၿပီး စံျပရပ္ကြက္ရံုးေဆာက္ဖို႔ ဆုိၿပီးေတာ့ အထက္ကို ေလ်ွာက္လႊာတင္ေတာ့ အထက္က  ပံုစံ ၁၀၅/၁၀၆ ခ်ေပးၿပီးေတာ့ ခြင့္ျပဳတယ္။ အဲဒါကို ကၽြန္ေတာ္တုိ႔ကန္႔ကြက္တယ္၊ ကန္႔ကြက္တဲ႔ၾကားက ရပ္ကြက္ဥကၠဌကလည္း ဂရုမစိုက္ဒီအတိုင္းဘဲ သဲေတြခ်ၿပီး ေဆာက္ဖုိ႔ျပင္ေနၾကျပန္ၿပီ ။ ၿမိဳ႕ေပၚမွာ ကန္႔ကြက္စာေတြ တင္ၿပီးၿပီ။ ျပည္နယ္ကိုလည္း စာပို႔မယ္။ ေနာက္ၿပီး သသာနာေရးႏွင့္ ယဥ္ေက်းမႈျပည္ေထာင္စုဝန္ၾကီးဆီ စာအေရာက္ပို႔မယ္။ အဲလိုပို႔လုိ႔မွ အဆင္မေျပဘူးဆုိရင္ ႏုိင္ငံေတာ္အၾကံေပးေဒၚေအာင္ဆန္းစုၾကည္ ဆီလည္းတုိင္မယ္။ ေနာက္ဆံုး ဒီလိုမွ အဆင္မေျပရင္ သပိတ္စခန္းဖြင့္ၿပီးေတာ့ ကၽြန္ေတာ္တို႔ သပိတ္ေမွာက္မယ္”ဟုေျပာသည္။

ကုမ္သီခန္းမေနရာတြင္ စံျပရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးတည္ေဆာက္ရန္ ေျမအဓၶမသိမ္းယူၿပီး လႊဲေျပာင္းျခင္းမ်ားသည္ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ေတာ္ အစိုးရႏွင့္ ခ်င္းအမ်ိဳးသား တပ္ဦးတုိ႔အၾကားခ်ဳပ္ဆိုခဲ႔ၾကေသာ စည္းကမ္းခ်က္မ်ားခ်ိဳးေဖာက္ရာ လည္း ျဖစ္ေၾကာင္း ဦးဟာအြမ္ကေျပာသည္။

သူကဆက္ၿပီး “ဒီလိုလုပ္ျခင္းဟာ အျပည္ျပည္ဆုိင္ရာလူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာလည္းျဖစ္တယ္။ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ အစိုးရနဲ႔ ခ်င္းအမ်ိဳးသားတပ္ဦးတုိ႔ ခ်ဳပ္ဆုိထားတဲ႔ ျငိမ္းခ်မ္းေရးစာခ်ဳပ္ထဲက စည္းကမ္းခ်က္ထဲမွာ ျပည္သူတုိ႔ရဲ႕ေျမေနရာကို အဓၶမ မသိမ္းရ အဓမၼသိမ္းၿပီးေတာ့ လႊဲေျပာင္းျခင္းမျပဳရ ဆိုၿပီးေတာ့ တားျမစ္တဲ႔ အခ်က္ကိုလည္း သူတုိ႔ ခ်ိဳးေဖာက္ရာလည္းက်တယ္ ဆုိၿပီးမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆီလည္းလိပ္မူၿပီးေတာ့ ပို႔တယ္၊ သက္ဆုိင္ရာဌာနကိုလည္း ပို႔တယ္”ဟု ဦးဟာအြမ္ကေျပာသည္။

လက္ရွိရပ္ကြက္ရံုးတည္ေဆာက္ရန္  စီစဥ္ေနသည့္ ေျမေနရာသည္ ခ်င္းျပည္နယ္ ဝန္ၾကီးခ်ဳပ္ေဟာင္း ဦးဟုန္းငိုင္းလက္ထက္တြင္ ၿမိဳ႕ေတာ္ခန္းမေဆာက္လုပ္ရန္ သိန္းေျခာက္ေထာင္ျဖင့္ ရာထားေသာ္လည္း ၿမိဳ႕သူၿမိဳ႕သားမ်ားမွ ၎ေနရာသည္ ရိုးရာယဥ္ေက်းမႈ က်င္းပရန္ေနရာျဖစ္ေၾကာင္း လက္မွတ္ေရးထုိးကန္႔ကြက္ခဲ႔ၾကၿပီး ၿမိဳ႕ေတာ္ခန္းမတည္ေဆာက္ေရး အစီအစဥ္မထေျမာက္ခဲ့ေၾကာင္းသိရသည္။

Photo; Boco Tuilip

Unicode Version

ကုမ်သီခန်းမဝန်းအတွင်း စံပြရပ်ကွက်အုပ်ချုပ်ရေးရုံး ဆက်ဆောက်ပါက ဆန္ဒဖော်ထုတ်ကန့် ကွက်မည်ဟုဆို
မင်းတပ်မြို့တွင်ရိုးရာနတ်ပွဲများ/ယဉ်ကျေးမှုပွဲများ ကျင်းပလေ့ရှိသည့် ကုမ်သီခန်းမဝန်းအတွင်း စံပြရပ်ကွက် အုပ်ချုပ်ရေးရုံးအဖြစ် တည်ဆောက်ခြင်းကို ကန့်ကွက်သည့်အကြားက ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်ပါက လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နတ်ဘာသာနှင့် ကုမ်သီခန်းမဆောင်ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးဟာအွမ်ကပြောသည်။
ဦးဟာအွမ်က “ခန်းမဝန်းကိုဖဲ့ပြီး စံပြရပ်ကွက်ရုံးဆောက်ဖို့ ဆိုပြီးတော့ အထက်ကို လျှောက်လွှာတင်တော့ အထက်က ပုံစံ ၁၀၅/၁၀၆ ချပေးပြီးတော့ ခွင့်ပြုတယ်။ အဲဒါကို ကျွန်တော်တို့ကန့်ကွက်တယ်၊ ကန့်ကွက်တဲ့ကြားက ရပ်ကွက်ဥက္ကဌကလည်း ဂရုမစိုက်ဒီအတိုင်းဘဲ သဲတွေချပြီး ဆောက်ဖို့ပြင်နေကြပြန်ပြီ ။ မြို့ပေါ်မှာ ကန့်ကွက်စာတွေ တင်ပြီးပြီ။ ပြည်နယ်ကိုလည်း စာပို့မယ်။ နောက်ပြီး သသာနာရေးနှင့် ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီးဆီ စာအရောက်ပို့မယ်။ အဲလိုပို့လို့မှ အဆင်မပြေဘူးဆိုရင် နိုင်ငံတော်အကြံပေးဒေါ်အောင်ဆန်းစုကြည် ဆီလည်းတိုင်မယ်။ နောက်ဆုံး ဒီလိုမှ အဆင်မပြေရင် သပိတ်စခန်းဖွင့်ပြီးတော့ ကျွန်တော်တို့ သပိတ်မှောက်မယ်”ဟုပြောသည်။
ကုမ်သီခန်းမနေရာတွင် စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်ရန် မြေအဓ္ဓမသိမ်းယူပြီး လွှဲပြောင်းခြင်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော် အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြားချုပ်ဆိုခဲ့ကြသော စည်းကမ်းချက်များချိုးဖောက်ရာ လည်း ဖြစ်ကြောင်း ဦးဟာအွမ်ကပြောသည်။
သူကဆက်ပြီး “ဒီလိုလုပ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကို ချိုးဖောက်တာလည်းဖြစ်တယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ထဲက စည်းကမ်းချက်ထဲမှာ ပြည်သူတို့ရဲ့မြေနေရာကို အဓ္ဓမ မသိမ်းရ အဓမ္မသိမ်းပြီးတော့ လွှဲပြောင်းခြင်းမပြုရ ဆိုပြီးတော့ တားမြစ်တဲ့ အချက်ကိုလည်း သူတို့ ချိုးဖောက်ရာလည်းကျတယ် ဆိုပြီးမှ ခရိုင်အုပ်ချုပ်ရေးမှူးဆီလည်းလိပ်မူပြီးတော့ ပို့တယ်၊ သက်ဆိုင်ရာဌာနကိုလည်း ပို့တယ်”ဟု ဦးဟာအွမ်ကပြောသည်။
လက်ရှိရပ်ကွက်ရုံးတည်ဆောက်ရန် စီစဉ်နေသည့် မြေနေရာသည် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းလက်ထက်တွင် မြို့တော်ခန်းမဆောက်လုပ်ရန် သိန်းခြောက်ထောင်ဖြင့် ရာထားသော်လည်း မြို့သူမြို့သားများမှ ၎င်းနေရာသည် ရိုးရာယဉ်ကျေးမှု ကျင်းပရန်နေရာဖြစ်ကြောင်း လက်မှတ်ရေးထိုးကန့်ကွက်ခဲ့ကြပြီး မြို့တော်ခန်းမတည်ဆောက်ရေး အစီအစဉ်မထမြောက်ခဲ့ကြောင်းသိရသည်။