Input your search keywords and press Enter.

ဖလမ္းၿမိဳ႕နယ္ရွိ ေက်းရြာရွစ္ရြာတြင္ ဆုိလာအလံုးေပါင္း(၁၈၅)လံုး ဒီဇင္ဘာလအကုန္တြင္ တပ္ဆင္ေပးမည္

ွSalai Khup Khup

ဖလမ္းၿမိဳ႕နယ္အတြင္းရွိ အမ်ိဳးသားမီးလင္းေရးစီမံကိန္း(NEP)(ICB-3)ျဖင့္ ေက်းရြာ(၈)ရြာတြင္ ဆုိလာအလံုးေပါင္း(၁၈၅)လံုးကို ဒီဇင္ဘာလအကုန္တြင္ တပ္ဆင္ေပး ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈-၁၉ခု ဘ႑ာေရးႏွစ္တြင္ အမ်ိဳးသားမီးလင္းေရးစီမံကိန္း(NEP)(ICB-3)ျဖင့္ ဖလမ္းၿမိဳ႕နယ္အတြင္းရွိ ထံုးထူလ္ေက်းရြာတြင္ (၃၈)လံုး၊ မႊန္ထားေက်းရြာတြင္(၃၀)လံုး၊ ဖါရ္တလန္ေက်းရြာတြင္(၅)လံုး၊ ရိေခါဒါရ္ရြာေဟာင္းတြင္(၁၁)လံုး၊ ဘုန္ဇံုးေက်းရြာတြင္(၄)လံုး၊ ဆိမ္ဒီဟို္င္ေက်းရြာတြင္(၄၁)လံုး၊ ခြန္းမြာလ္ေက်းရြာတြင္(၃၁)လံုးႏွင့္ ဇူလ္သူးေက်းရြာတြင္ဂ(၂၅)လံုး ျဖစ္ၿပီး အားလံုးစုစုေပါင္း(၁၈၅)လံုး တပ္ဆင္ေပးမည္ျဖစ္ေၾကာင္း ဖလမ္းၿမိဳ႕နယ္ ျပန္ၾကားေရးသတင္းစာမ်က္ႏွာတြင္ေဖာ္ျပထားသည္။

ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတတ္ေရး ဦးစီးဌာနမွ ဒု – ညႊန္ၾကားေရးမွဴး ဦးလိန္းႏုိင္းက “မဟာဓာတ္အားလိုင္း ကေန လက္တေလာမွာ မီးမရရွိေသးတဲ႔ရြာေတြ  ေက်းရြာရွိ ျပည္သူေတြက လုိလုိလားလားနဲ႔ ထည့္ဝင္ေငြေတြထည့္ၾကတယ္။ ႏွစ္ရစ္ခြဲၿပီးေငြထည့္ရတယ္။ W၆၀ ဆိုရင္ခုႏွစ္ေသာင္းခြဲ ထည့္ဝင္ေငြထည့္ရတယ္။ ခုႏွစ္ေသာင္းခြဲကို နွစ္ရစ္ခြဲထည့္ရတယ္။ W ၁၀၀ ေတြက ႏွစ္သိန္းခြဲထည့္ ရတယ္။ကၽြန္ေတာ္တုိ႔ဖက္ကလည္း  အိမ္ေျခဆယ္အိမ္မွာ လမ္းမီးတစ္တုိင္ အလကားမီးထြန္းေပးတယ္။ က်န္းမာေရးဌာန(ခြဲ)၊မႈလတန္းေက်ာင္းအတြက္ျဖစ္ျဖစ္  ဘာသာေရးေက်ာင္းေတြ ဘုရားေက်ာင္းတို႔ ဘုန္းၾကီးေက်ာင္းတို႔ရွိရင္ အလကားတပ္ဆင္ေပးတယ္”ဟုေျပာသည္။

မဟာဓာတ္အားလိုင္းရရွိမႈအတြက္ အခက္ခဲရွိေသးေသာ ေက်းရြာမ်ား ဆိုလာေၾကးအတြက္ အရစ္က်ေငြ ေပးသြင္းရန္ သေဘာတူညီသည့္ ေက်းရြာမ်ားကို အမ်ိဳးသားမီးလင္းေရးစီမံကိန္း(NEP)(ICB-3)မွ ဆုိလာမ်ားကို တပ္ဆင္ေပးသြားၿပီး တစ္ႏွစ္အတြင္း ပ်က္စီးမႈရွိပါကလည္း အသစ္လဲလွယ္ ျပင္ဆင္ေပးျခင္းမ်ားကိုး တာဝန္ယူေဆာင္ရြက္ေလ႔ရွိသည္။

 ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတတ္ေရး ဦးစီးဌာနမွ ဒု – ညႊန္ၾကားေရးမွဴး ဦးလိန္းႏုိင္းက “ပစၥည္းေတြကလည္း ႏုိင္ငံျခားကေန အဆင့္ဆင့္ ရြာေတြအထိ  သယ္လာေတာ့ ခ်ိဳ႕ယြင္းတာမ်ိဳးေတြလည္းရွိတယ္။ အဲတာမ်ိဳးေတြ ျပန္ျပင္ဖို႔ ျမန္မာျပည္က မထုတ္ေတာ့ ၿပီးေတာ့ ေရာင္းေကာင္းတဲ႔ ပစၥည္းမဟုတ္ေတာ့ ဘယ္သူမွအျမဲမတင္ထားဘူး၊ ဒါေၾကာင့္ ပ်က္တဲ႔ဟာေတြကို အခ်ိန္ခဏေလးမွာ ျပန္မျပင္ေပးႏုိင္တာမ်ိဳးေတြရွိတယ္။ ဒါေပမဲ႔ အတတ္ႏုိင္ဆံုးျပန္လွဲေပးတယ္”ဟုေျပာသည္။

NEP(အမ်ိဳးသားမီးလင္းေရးစီမံကိန္း)မွ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္မွစတင္ၿပီး မဟာဓာတ္အားလုိင္းမရရွိေသာ ေက်းရြာမ်ားကို မီးရရွိေစရန္ျဖင့္ ဆိုလာတပ္ဆင္ေပးျခင္း လုပ္ငန္းကို စတင္လုပ္ကိုင္ခဲ႔သည္။

Unicode Version

ဖလမ်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံး ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေးမည်
ဖလမ်းမြို့နယ်အတွင်းရှိ အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ကျေးရွာ(၈)ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံးကို ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ထုံးထူလ်ကျေးရွာတွင် (၃၈)လုံး၊ မွှန်ထားကျေးရွာတွင်(၃၀)လုံး၊ ဖါရ်တလန်ကျေးရွာတွင်(၅)လုံး၊ ရိခေါဒါရ်ရွာဟောင်းတွင်(၁၁)လုံး၊ ဘုန်ဇုံးကျေးရွာတွင်(၄)လုံး၊ ဆိမ်ဒီဟို်င်ကျေးရွာတွင်(၄၁)လုံး၊ ခွန်းမွာလ်ကျေးရွာတွင်(၃၁)လုံးနှင့် ဇူလ်သူးကျေးရွာတွင်ဂ(၂၅)လုံး ဖြစ်ပြီး အားလုံးစုစုပေါင်း(၁၈၅)လုံး တပ်ဆင်ပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ပြန်ကြားရေးသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “မဟာဓာတ်အားလိုင်း ကနေ လက်တလောမှာ မီးမရရှိသေးတဲ့ရွာတွေ ကျေးရွာရှိ ပြည်သူတွေက လိုလိုလားလားနဲ့ ထည့်ဝင်ငွေတွေထည့်ကြတယ်။ နှစ်ရစ်ခွဲပြီးငွေထည့်ရတယ်။ W၆၀ ဆိုရင်ခုနှစ်သောင်းခွဲ ထည့်ဝင်ငွေထည့်ရတယ်။ ခုနှစ်သောင်းခွဲကို နှစ်ရစ်ခွဲထည့်ရတယ်။ W ၁၀၀ တွေက နှစ်သိန်းခွဲထည့် ရတယ်။ကျွန်တော်တို့ဖက်ကလည်း အိမ်ခြေဆယ်အိမ်မှာ လမ်းမီးတစ်တိုင် အလကားမီးထွန်းပေးတယ်။ ကျန်းမာရေးဌာန(ခွဲ)၊မှုလတန်းကျောင်းအတွက်ဖြစ်ဖြစ် ဘာသာရေးကျောင်းတွေ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့ရှိရင် အလကားတပ်ဆင်ပေးတယ်”ဟုပြောသည်။
မဟာဓာတ်အားလိုင်းရရှိမှုအတွက် အခက်ခဲရှိသေးသော ကျေးရွာများ ဆိုလာကြေးအတွက် အရစ်ကျငွေ ပေးသွင်းရန် သဘောတူညီသည့် ကျေးရွာများကို အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)မှ ဆိုလာများကို တပ်ဆင်ပေးသွားပြီး တစ်နှစ်အတွင်း ပျက်စီးမှုရှိပါကလည်း အသစ်လဲလှယ် ပြင်ဆင်ပေးခြင်းများကိုး တာဝန်ယူဆောင်ရွက်လေ့ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဒု – ညွှန်ကြားရေးမှူး ဦးလိန်းနိုင်းက “ပစ္စည်းတွေကလည်း နိုင်ငံခြားကနေ အဆင့်ဆင့် ရွာတွေအထိ သယ်လာတော့ ချို့ယွင်းတာမျိုးတွေလည်းရှိတယ်။ အဲတာမျိုးတွေ ပြန်ပြင်ဖို့ မြန်မာပြည်က မထုတ်တော့ ပြီးတော့ ရောင်းကောင်းတဲ့ ပစ္စည်းမဟုတ်တော့ ဘယ်သူမှအမြဲမတင်ထားဘူး၊ ဒါကြောင့် ပျက်တဲ့ဟာတွေကို အချိန်ခဏလေးမှာ ပြန်မပြင်ပေးနိုင်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပြန်လှဲပေးတယ်”ဟုပြောသည်။
NEP(အမျိုးသားမီးလင်းရေးစီမံကိန်း)မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မဟာဓာတ်အားလိုင်းမရရှိသော ကျေးရွာများကို မီးရရှိစေရန်ဖြင့် ဆိုလာတပ်ဆင်ပေးခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။