Input your search keywords and press Enter.

ပလက္၀ၿမိဳ႕နယ္တြင္း AA ၏ လွဳပ္ရွားမႈမ်ားသည္ အစိုးရ တပ္မေတာ္တြင္သာ တာ၀န္ရွိေၾကာင္း CNA ဗိုလ္မႈးႀကီးေဆာ္လမြန္ေျပာ

ပလက္၀ၿမိဳ႕နယ္အတြင္း ရကၡိဳင့္တပ္မေတာ္ (AA) ၏ စစ္ေရးလွဳပ္ရွားမႈမ်ားသည္ အစိုးရတပ္မေတာ္ႏွင့္သာသက္ဆုိင္ၿပီး ၄င္းတို႕ထံသာတာ၀န္ရွိေၾကာင္း ခ်င္းအမ်ိဳးသားတပ္မေတာ္(CNA) ဗိုလ္မႈးႀကီး ေဆာ္လမြန္ကေျပာသည္။

အစိုးရတပ္မေတာ္ႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦးတို႕အၾကား အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ေရးထိုးစဥ္က ခ်င္းျပည္နယ္အတြင္း အစိုးရတပ္မေတာ္ႏွင့္ ခ်င္းအမ်ိဳးသားတပ္မေတာ္တို႕သာ လက္နက္ကုိင္ေဆာင္သည့္ အဖြဲ႕မ်ားေနထုိင္ရန္ သေဘာတူေၾကာင္းပါရွိသျဖင့္ ယခုခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္း AA ၏ လွဳပ္ရွားမႈမ်ားသည္ အစိုးရ၏ ေျဖရွင္းရမည့္တာ၀န္သာျဖစ္ေၾကာင္း ၄င္းကေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဗိုလ္မႈးႀကီးေဆာ္လမြန္က “ အခုက တီးတိန္ဖက္၊ ထန္တလန္ဖက္ကိုပဲကၽြန္ေတာ္တို႕ကို ေပးေနခုိင္းတယ္။ အခုလုိ ပလက္၀မွာ ျပသနာျဖစ္လာလုိ႕ စိတ္ေတာ့နာတာေပါ့။ ဒါေပမယ့္ သေဘာတူညီခ်က္အရ ဒီကိစၥက အစိုးရတပ္မေတာ္မွာပဲ တာ၀န္ရွိတာျဖစ္တယ္” ဟုေျပာသည္။

အဆိုပါ စကားကို ဟားခါးအေျခစိုက္ The Chinland Post ႏွင့္ ဗိုလ္မႈးႀကီးေဆာ္လမြန္တို႕ ဟားခါး(လုိင္) ဘာသာစကားျဖင့္ ျပဳလုပ္သည့္ ဗီဒီယို အင္တာဗ်ဴးတြင္ ထို႕သို႕ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္မႈးႀကီးေဆာ္လမြန္က “ပလက္၀နယ္ေျမဟာ ကၽြန္ေတာ္တို႕အၿမဲေနတဲ့ေနရာျဖစ္တယ္။ အပစ္အခတ္ရပ္စဲေရးလုပ္တုန္းကလည္း အဲဒီေနရာမွာ ေနဖို႕ အစိုးရဆီေတာင္းဆိုခဲ့တာျဖစ္တယ္။ ဒါေပမယ့္ အခုခ်ိန္ထိ တပ္မေတာ္က လက္မခံလုိ႕မေနႏုိင္ဘူး။ အပစ္အခတ္ရပ္စဲေရးမွာ တပ္မေတာ္နဲ႕သေဘာတူခဲ့တာက ခ်င္းျပည္နယ္မွာ အစိုးရတပ္မေတာ္နဲ႕ ခ်င္းအမ်ိဳးသားတပ္မေတာ္ပဲ ေနရမယ္လုိ႕သေဘာတူထားတာျဖစ္တယ္” ဟုေျပာသည္။

ယခင္ပလက္၀ၿမိဳ႕နယ္တစ္၀ိုက္တြင္ ခ်င္းအမ်ိဳးသားတပ္မေတာ္ လွဳပ္ရွားခဲ့စဥ္က ရကိၡဳင့္တပ္မေတာ္မွ စစ္ေရးလွဳပ္ရွားမႈမရွိခဲ့သည့္အျပင္ ဘဂၤလားေဒ့ရွ္ဖက္မွလည္း လာေရာက္က်ဴးေက်ာ္ေနထုိင္ခဲ့ျခင္းမရွိေၾကာင္းသူကေျပာသည္။

ပလက္၀အေရးႏွင့္ပတ္သက္ၿပီး ခ်င္းအမ်ိဳးသားတပ္ဦးအေနျဖင့္ တာ၀န္ရွိသူမ်ားမွ က်ယ္ျပန္႕စြာေျပာဆုိေနသလုိ တစ္ဖက္ ထိပ္ပုိင္းဆုိင္ရာမ်ားျဖင့္လည္း ေတြ႕ဆံုမႈမ်ား ျပဳလုပ္မႈရွိေၾကာင္းေျပာသည္။

ဗိုလ္မႈးႀကီးေဆာ္လမြန္က “ ဒီကိစၥမွာ ခ်င္းအမ်ိဳးသားတပ္မေတာ္အေနနဲ႕မပါ၀င္ဘူးလားလုိ႕ဆိုတဲ့ေနရာမွာ ပါတီကအႀကီးပုိင္းေတြက ႏုိင္ငံတကာမွာ ဒီကိစၥကိုေျပာၾကတယ္။ လိုအပ္ရင္လုိအပ္သလို ထိပ္ပုိင္းေခါင္းေဆာင္ေတြနဲ႕ ေတြ႕ဆုံမႈလည္းျပဳလုပ္ၾကပါတယ္” ဟုေျပာသည္။

ခ်င္းအမ်ိဳးသားတပ္ဦးႏွင့္ အစိုးရတပ္မေတာ္တို႕သည္ ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးျဖစ္ၿပီး လက္ရွိတြင္ ထန္တလန္ၿမိဳ႕နယ္ႏွင့္ အိႏၵိယနယ္စပ္ Tio ေခ်ာင္းေဘးနားတြင္ တပ္ဌာနခ်ဳပ္ကို ထားရွိသည္။

Unicode Version

ပလက်ဝမြို့နယ်တွင်း AA ၏ လှုပ်ရှားမှုများသည် အစိုးရ တပ်မတော်တွင်သာ တာဝန်ရှိကြောင်း CNA ဗိုလ်မှုးကြီးဆော်လမွန်ပြော

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) ၏ စစ်ရေးလှုပ်ရှားမှုများသည် အစိုးရတပ်မတော်နှင့်သာသက်ဆိုင်ပြီး ၄င်းတို့ထံသာတာဝန်ရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ဗိုလ်မှုးကြီး ဆော်လမွန်ကပြောသည်။

အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးစဉ်က ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်တို့သာ လက်နက်ကိုင်ဆောင်သည့် အဖွဲ့များနေထိုင်ရန် သဘောတူကြောင်းပါရှိသဖြင့် ယခုချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း AA ၏ လှုပ်ရှားမှုများသည် အစိုးရ၏ ဖြေရှင်းရမည့်တာဝန်သာဖြစ်ကြောင်း ၄င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှုးကြီးဆော်လမွန်က “ အခုက တီးတိန်ဖက်၊ ထန်တလန်ဖက်ကိုပဲကျွန်တော်တို့ကို ပေးနေခိုင်းတယ်။ အခုလို ပလက်ဝမှာ ပြသနာဖြစ်လာလို့ စိတ်တော့နာတာပေါ့။ ဒါပေမယ့် သဘောတူညီချက်အရ ဒီကိစ္စက အစိုးရတပ်မတော်မှာပဲ တာဝန်ရှိတာဖြစ်တယ်” ဟုပြောသည်။

အဆိုပါ စကားကို ဟားခါးအခြေစိုက် The Chinland Post နှင့် ဗိုလ်မှုးကြီးဆော်လမွန်တို့ ဟားခါး(လိုင်) ဘာသာစကားဖြင့် ပြုလုပ်သည့် ဗီဒီယို အင်တာဗျူးတွင် ထို့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှုးကြီးဆော်လမွန်က “ပလက်ဝနယ်မြေဟာ ကျွန်တော်တို့အမြဲနေတဲ့နေရာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကလည်း အဲဒီနေရာမှာ နေဖို့ အစိုးရဆီတောင်းဆိုခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ တပ်မတော်က လက်မခံလို့မနေနိုင်ဘူး။ အပစ်အခတ်ရပ်စဲရေးမှာ တပ်မတော်နဲ့သဘောတူခဲ့တာက ချင်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်မတော်ပဲ နေရမယ်လို့သဘောတူထားတာဖြစ်တယ်” ဟုပြောသည်။

ယခင်ပလက်ဝမြို့နယ်တစ်ဝိုက်တွင် ချင်းအမျိုးသားတပ်မတော် လှုပ်ရှားခဲ့စဉ်က ရက္ခိုင့်တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုမရှိခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ်ဖက်မှလည်း လာရောက်ကျူးကျော်နေထိုင်ခဲ့ခြင်းမရှိကြောင်းသူကပြောသည်။
ပလက်ဝအရေးနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးအနေဖြင့် တာဝန်ရှိသူများမှ ကျယ်ပြန့်စွာပြောဆိုနေသလို တစ်ဖက် ထိပ်ပိုင်းဆိုင်ရာများဖြင့်လည်း တွေ့ဆုံမှုများ ပြုလုပ်မှုရှိကြောင်းပြောသည်။

ဗိုလ်မှုးကြီးဆော်လမွန်က “ ဒီကိစ္စမှာ ချင်းအမျိုးသားတပ်မတော်အနေနဲ့မပါဝင်ဘူးလားလို့ဆိုတဲ့နေရာမှာ ပါတီကအကြီးပိုင်းတွေက နိုင်ငံတကာမှာ ဒီကိစ္စကိုပြောကြတယ်။ လိုအပ်ရင်လိုအပ်သလို ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုလည်းပြုလုပ်ကြပါတယ်” ဟုပြောသည်။

ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရတပ်မတော်တို့သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပြီး လက်ရှိတွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနယ်စပ် Tio ချောင်းဘေးနားတွင် တပ်ဌာနချုပ်ကို ထားရှိသည်။