Input your search keywords and press Enter.

ရဲေလာင္းေခ်ာင္း ေရေပးေဝေရးအတြက္ ျပည္နယ္ရန္ပံုေငြ(၃၅၀.၀၀)သန္းအသံုးျပဳမည္

Salai Khup Khup

ကန္ပက္လက္ၿမိဳ႕နယ္ရွိ ရဲေလာင္းေခ်ာင္းေရေပးေဝေရး စီမံကိန္းအတြက္ ၂၀၁၉-၂၀႑ာေရးႏွစ္တြင္ စည္ပင္သာယာေရးအဖြဲ႔၏ ျပည္နယ္ရန္ပံုေငြ (၃၅၀.၀၀)သန္းျဖင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

ကန္ပလက္ၿမိဳ႕နယ္ရွိ ေက်းရြာမ်ားမွ  ကန္ပက္လက္ၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕အေျခခ်ေနထိုင္သူ  မ်ားျပားလာသည့္အတြက္ ၿမိဳ႕ေပၚတြင္ ေသာက္သံုးေရ အလံုေလာက္မရရွိၾကေၾကာင္း  ဒုတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ၾကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ပဥၥမေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ကန္ပက္လက္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ဦးညြန္႔ဝင္းက တင္ျပခဲ႔သည္။

ကန္ပက္လက္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ဦးညြန္႔ဝင္းက “ယခုလက္ရွိ ၿမိဳ႕ေပၚအိမ္ေျခေတြက တုိးပြားလာတယ္။ လက္ရွိေရသြယ္္ယူတဲ႔ ေရအရင္းအျမစ္ ေတြကခမ္းေျခာက္လာတာ ေနာက္ၿပီး ယခင္သြယ္ယူတဲ႔ ပို္က္ေတြက ေဟာင္းႏြမ္းေနၿပီျဖစ္လုိ႔ အသစ္ျပန္လွဲလွယ္ဖို႔ လုိအပ္ေနၿပီျဖစ္တယ္။ ရဲေလာင္ေခ်ာင္းဟာ သန္႔ရွင္းၿပီး ေရအလံုေလာက္ရႏုိင္တဲ႔ ေခ်ာင္းျဖစ္ပါတယ္။ ဒီေရအရင္းျမစ္ကို စနစ္တက် သြယ္ယူႏုိင္ရင္  ကန္ပက္လက္ျပည္သူေတြ ေနာ္ဆယ္စုႏွစ္တစ္ခုအထိ ေသာက္သံုးေရဖူလံုႏုိင္မွာျဖစ္တယ္”ဟု လႊတ္ေတာ္အစည္းေဝးတြင္ အဆိုတင္သြင္းခဲ႔သည္။

ရဲေလာင္းေခ်ာင္းဟာ ကန္ပက္လက္ၿမိဳ႕ႏွင့္ ေျခာက္မုိင္အကြာမွာ တည္ရွိၿပီး  သန္႔ရွင္းၿပီး ေရအလံုေလာက္ ရရွိႏုိင္ေသာ ေရအရင္းျမစ္ျဖစ္သည္။  ဒီေရအရင္းအျမစ္ကို စနစ္တက် သြယ္ယူႏုိင္လွ်င္ ကန္ပက္လက္ ၿမိဳ႕ေနျပည္သူမ်ားအတြက္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ေသာက္သံုးေရကို ရရွိႏုိင္မည္ျဖစ္ေၾကာင္း ကန္ပက္လက္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ဦးညြန္႔ဝင္းကေျပာသည္။

ကန္ပက္လက္မဲဆႏၵနယ္မွ ျပည္သူ႕လႊတ္ေတာ္ ဦးညြန္႔ဝင္း၏ အဆိုတင္သြင္း ေမးျမန္းခ်က္နဲ႔ ပက္သက္ၿပီးေနျပည္ေတာ္ ေကာင္စီ ေကာင္စီဝင္ ဦးညီထြန္းက “ရဲေလာင္းေခ်ာင္းမွ ၄လက္မ PPC ပိုက္ျဖင့္ ေရသြယ္ယူျခင္းလုပ္ငန္း ငါးမိုင္အား ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္တြင္ စည္ပင္သာယာေရးအဖြဲ႔၏ ျပည္နယ္ရန္ပံုေငြက်ပ္၃၅၀.၀၀ သန္းျဖင့္  ေဆာင္ရြက္ႏုိင္ရန္  လ်ာထားတင္ျပထားၿပီး ျဖစ္ေၾကာင္းႏွင့္   ရန္ပံုေငြရရွိမႈေပၚမႈတည္၍ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ပါေၾကာင္း”ဟုေျပာသည္။  

ကန္ပက္လက္ ေရေပးေဝေရးကို ၁၉၈၉ခုႏွစ္တြင္ UN ပံ႔ပိုးမႈျဖင့္ စတင္ေရေပးေ၀ၿပီး ၂၀၁၄ ခုႏွစ္တြင္စည္ပင္သာယာေရး ခ်င္းျပည္နယ္အစိုးရ စီမံခ်က္ျဖင့္ ေရေပးေ၀ေရးစီမံကိန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

Unicode Version

ရဲလောင်းချောင်း ရေပေးဝေရေးအတွက် ပြည်နယ်ရန်ပုံငွေ(၃၅၀.၀၀)သန်းအသုံးပြုမည်

ကန်ပက်လက်မြို့နယ်ရှိ ရဲလောင်းချောင်းရေပေးဝေရေး စီမံကိန်းအတွက် ၂၀၁၉-၂ဝဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ပြည်နယ်ရန်ပုံငွေ (၃၅၀.၀၀)သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကန်ပလက်မြို့နယ်ရှိ ကျေးရွာများမှ ကန်ပက်လက်မြို့ပေါ်သို့ ပြောင်းရွှေ့အခြေချနေထိုင်သူ များပြားလာသည့်အတွက် မြို့ပေါ်တွင် သောက်သုံးရေ အလုံလောက်မရရှိကြကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးညွန့်ဝင်းက တင်ပြခဲ့သည်။

ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ဦးညွန့်ဝင်းက “ယခုလက်ရှိ မြို့ပေါ်အိမ်ခြေတွေက တိုးပွားလာတယ်။ လက်ရှိရေသွယ််ယူတဲ့ ရေအရင်းအမြစ် တွေကခမ်းခြောက်လာတာ နောက်ပြီး ယခင်သွယ်ယူတဲ့ ပို်က်တွေက ဟောင်းနွမ်းနေပြီဖြစ်လို့ အသစ်ပြန်လှဲလှယ်ဖို့ လိုအပ်နေပြီဖြစ်တယ်။ ရဲလောင်ချောင်းဟာ သန့်ရှင်းပြီး ရေအလုံလောက်ရနိုင်တဲ့ ချောင်းဖြစ်ပါတယ်။ ဒီရေအရင်းမြစ်ကို စနစ်တကျ သွယ်ယူနိုင်ရင် ကန်ပက်လက်ပြည်သူတွေ နော်ဆယ်စုနှစ်တစ်ခုအထိ သောက်သုံးရေဖူလုံနိုင်မှာဖြစ်တယ်”ဟု လွှတ်တော်အစည်းဝေးတွင် အဆိုတင်သွင်းခဲ့သည်။

ရဲလောင်းချောင်းဟာ ကန်ပက်လက်မြို့နှင့် ခြောက်မိုင်အကွာမှာ တည်ရှိပြီး သန့်ရှင်းပြီး ရေအလုံလောက် ရရှိနိုင်သော ရေအရင်းမြစ်ဖြစ်သည်။ ဒီရေအရင်းအမြစ်ကို စနစ်တကျ သွယ်ယူနိုင်လျှင် ကန်ပက်လက် မြို့နေပြည်သူများအတွက် နောင်နှစ်ပေါင်းများစွာအထိ သောက်သုံးရေကို ရရှိနိုင်မည်ဖြစ်ကြောင်း ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးညွန့်ဝင်းကပြောသည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဦးညွန့်ဝင်း၏ အဆိုတင်သွင်း မေးမြန်းချက်နဲ့ ပက်သက်ပြီးနေပြည်တော် ကောင်စီ ကောင်စီဝင် ဦးညီထွန်းက “ရဲလောင်းချောင်းမှ ၄လက်မ PPC ပိုက်ဖြင့် ရေသွယ်ယူခြင်းလုပ်ငန်း ငါးမိုင်အား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ပြည်နယ်ရန်ပုံငွေကျပ်၃၅၀.၀၀ သန်းဖြင့် ဆောင်ရွက်နိုင်ရန် လျာထားတင်ပြထားပြီး ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုပေါ်မှုတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း”ဟုပြောသည်။

ကန်ပက်လက် ရေပေးဝေရေးကို ၁၉၈၉ခုနှစ်တွင် UN ပံ့ပိုးမှုဖြင့် စတင်ရေပေးဝေပြီး ၂၀၁၄ ခုနှစ်တွင်စည်ပင်သာယာရေး ချင်းပြည်နယ်အစိုးရ စီမံချက်ဖြင့် ရေပေးဝေရေးစီမံကိန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။