Input your search keywords and press Enter.

ခရီးသည္မ်ားအား မွတ္ပံုတင္စစ္ျခင္း၊ စစ္ေဆးေရးဂိတ္မ်ားလာျခင္းႏွင့္ (ခ) လုိင္စင္မ်ားဖမ္းစီးမႈေၾကာင့္ ေမာ္ေတာ္ ယာဥ္လုိင္းမ်ား ေရရွည္ေျပးဆြဲရန္ အဟန္႕အတားရွိဟုဆုိ

ခ်င္းျပည္နယ္အတြင္း ေျပးဆြဲသည့္ ေမာ္ေတာ္ယာဥ္လုိင္းမ်ားကို စစ္ေဆးသည့္ဂိတ္ပိုမိုမ်ားျပားလာျခင္းႏွင့္ (ခ) လုိင္စင္မ်ားကို ဖမ္းစီးေလ်ာ္ေၾကးေပးခုိင္းမႈမ်ားအျပင္ ခရီးသည္မ်ား၏ ႏုိင္ငံသားမွတ္ပံုတင္ကဒ္ျပားမ်ား စစ္ေဆးမႈမ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္လုိင္းမ်ားအတြက္ ေရရွည္ေမာ္ေတာ္ကား လုိင္းဆြဲႏုိင္ရန္အတြက္ အဟန္႕အတားျဖစ္ေစလာႏုိင္ေၾကာင္း ေမာ္ေတာ္ယာဥ္ေမာင္းမ်ားကေျပာသည္။

ေတာင္ဇလပ္ကားဂိတ္မွ ယာဥ္ေမာင္း ဦးေဟာင္ပီး က “စုေပါင္းစစ္ေဆးေရးဂိတ္ဆုိရင္ စသံုးလံုး၊ ရဲ၊ ေထြအုပ္၊ ကညန ေတြရွိရမယ္၊ အခုကေတာ့ စုေပါင္းဂိတ္ဆုိၿပီး စသံုးလံုး၊ သစ္ေတာနဲ႔ ရဲေတြက ကားလုိင္စင္ေတြ၊ လုပ္ငန္းလုိင္စင္ေတြ၊ ကားသမားရဲ႕မွတ္ပံုတင္နဲ႔ ခရီးသည္ရဲ႕မွတ္ပံုတင္ေတြ ေတာင္းတယ္၊  အဲလိုမ်ိဳးေတြဆိုေတာ့ ဂိတ္ေတြအေနနဲ႕ ကားလုိင္းကို လြက္လြက္လပ္လပ္ ေျပးဆြဲလုိ႔မရဘူး။ ခရီးသည္ေတြကလည္း လြတ္လြတ္လပ္လပ္ခရီးမသြားႏုိင္ဘူး၊ ေနာက္ၿပီးခရီးမွာ အခ်ိန္ၾကန္႕ၾကာမႈေတြျဖစ္တယ္ ”ဟုေျပာသည္။

ခ်င္းျပည္နယ္အစိုးရအေနျဖင့္ စစ္ေဆးေရးဂိတ္တိုးရန္ ညႊန္ၾကားမႈမ်ိဳးမရွိေၾကာင္း၊ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားကိုသာ ႏုိင္ငံေတာ္ စီမံခ်က္ျဖင့္ ဖမ္းစီးေၾကာင္း ခ်င္းျပည္နယ္ ေျပာေရးဆိုခြင့္ရွိ ဦးစိုးထက္ကေျပာသည္။

ဦးစိုးထက္က “ခ်င္းျပည္နယ္မွာ စစ္ေဆးေရးဂိတ္ေတြကို တိုးဖုိ႕ ျပည္နယ္အစိုးရအေနနဲ႕လုပ္တာမရွိဘူး။ ေလွ်ာ့ခ်ဖုိ႕ပဲလုပ္ေနတာျဖစ္တယ္။ ဂိတ္ေတြျဖဳတ္ဖို႕ ျမန္မာျပည္မွာ ခ်င္းျပည္နယ္ကအရင္စလုပ္တာပဲ။ ကၽြန္ေတာ္တို႕မွာ တစ္ခုေတာ့ရွိတယ္။ လုိင္စင္မဲ့ေတြကိုေတာ့ တစ္ႏုိင္ငံလံုးအတုိင္းအတာနဲ႕တင္ စစ္ေဆးၿပီးဖမ္းေနတာေတာ့ရွိတယ္။ ေငြေကာက္တဲ့ဂိတ္ေတြကိုေတာ့ ခြင့္မျပဳထားဘူး” ဟုေျပာသည္။

ခ်င္းျပည္နယ္အတြင္း ေျပးဆြဲေနသည့္ ခရီးသည္ကားလုိင္း ယာဥ္ေမာင္းအမ်ားစုမွာ (ခ) လုိင္စင္ျဖင့္ ေမာင္းႏွင္သူအမ်ားစုျဖစ္သျဖင့္ ယာဥ္ေမာင္းလုိင္စင္မ်ားဖမ္းကာ အဆမတန္ေလ်ာ္ေၾကးေပးေစမႈသည္ ေမာင္ေတာ္ ယာဥ္ေမာင္းမ်ားအတြက္ ခက္ခဲသလုိ ဂိတ္ပုိင္ရွင္မ်ားအေနျဖင့္လည္း ေမာ္ေတာ္ယာဥ္ပံုမွန္ေျပးဆြဲေစရန္ အခက္အခဲျဖစ္ေစေၾကာင္း သူကဆက္ေျပာသည္။

ဦးေဟာင္ပီးက “အခုမွ သံုးေလးႏွစ္ ေလာက္ဘဲေမာင္းရေသးတဲ႔သူေတြဆိုေတာ့ (ခ)လိုင္စင္ဘဲရွိတယ္၊ ဆုိေတာ့ သူတို႔ကိုဖမ္းတယ္၊ ဖမ္းေတာ့ငါးေသာင္း ေလ်ာ္ခိုင္းတယ္ ဟားခါးနဲ႔ကေလးၾကား ေမာင္းတာ သံုးေသာင္းဘဲရတယ္၊ စစ္ေဆးေရးဂိတ္ေတြက ေန႔တိုင္းဖမ္းလုိက္ေတာ့ ငါးေသာင္း ေလ်ာ္ခိုင္းတယ္။ အဲလိုျဖစ္ေတာ့ ဘယ္ကားသမားအတြက္မွ အဆင္မေျပႏုိင္ေတာ့ဘူး။ (ခ)လိုင္စင္ဘဲရွိေသးတဲ႔ သူေတြက ငါးႏွစ္ေလာက္ၾကာရင္ လုိင္စင္နီေတြရမွာဘဲ၊ လိုင္းကားဆိုတာ ကၽြန္ေတာ္တို႔ဝမ္းစာအတြက္ေရာ ျပည္သူအတြက္ေရာ အက်ိဳးျပဳရတယ္၊ ဒီလိုဆက္ၿပီးလုပ္ေနရင္ ကၽြန္ေတာ္တို႔ ဂိတ္ေတြပိတ္ၿပီးေတာ့ ကားလုိင္းေတြ ရပ္လုိက္ရံုဘဲရွိေတာ့တယ္”ဟုေျပာသည္။

ဟားခါး-ကေလးေျပးဆြဲေနသည့္ ယာဥ္ေမာင္း ဆလုိင္းအီဆက္က “တစ္ပတ္တစ္ခါေလာက္ဖမ္းတယ္ တစ္ခါဖမ္းရင္ ငါးေသာင္းေလာက္ တရားရံုးမွာ ဒဏ္ေငြေဆာင္ရတယ္၊ အဲလိုမ်ိဳးဆုိေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ကားအေခါက္ရည္နဲ႔ ဆုိရင္ဘယ္လုိမွမကိုက္ဘူး။ ဒီအခက္ခဲကို အျမန္ဆံုး အေကာင္းဆံုးနည္းလမ္းနဲ႔ ေျဖရွင္းေပးေစခ်င္တယ္”ဟုေျပာသည္။

ဟားခါး- ကေလး ကားေျပးဆြဲေနေသာ ယာဥ္ေမာင္း ဦးႏုိင္မင္းက “ ဖလမ္းကို တတ္တဲ႔အခ်ိန္မွာ  ခရီးသည္ေတြရဲ႕ မွတ္ပံုတင္ေတြေမးတယ္၊  မရွိေတာ့ တစ္နာရီေလာက္ၾကာသြားတယ္၊ ဂိတ္မွာ ကၽြန္ေတာ္က လုိင္စင္အနီရွိွတယ္ (ခ)လုိင္စင္ေတြဆိုရင္ေတာ့ သူတုိ႔အဖမ္းခံရတယ္၊ (ခ) လုိင္စင္ကို ဖမ္းမယ္ဆုိရင္လည္း တစ္လတစ္ခါေလာက္စစ္ေဆးရင္ကၽြန္ေတာ္တို႕အတြက္လည္း လက္ခံလုိ႕ရေသးတယ္”ဟုေျပာသည္။

Unicode Version

==

ခရီးသည်များအား မှတ်ပုံတင်စစ်ခြင်း၊ စစ်ဆေးရေးဂိတ်များလာခြင်းနှင့် (ခ) လိုင်စင်များဖမ်းစီးမှုကြောင့် မော်တော်ယာဉ်လိုင်းများ ရေရှည်ပြေးဆွဲရန် အဟန့်အတားရှိဟုဆို

ချင်းပြည်နယ်အတွင်း ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများကို စစ်ဆေးသည့်ဂိတ်ပိုမိုများပြားလာခြင်းနှင့် (ခ) လိုင်စင်များကို ဖမ်းစီးလျော်ကြေးပေးခိုင်းမှုများအပြင် ခရီးသည်များ၏ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားများ စစ်ဆေးမှုများကြောင့် မော်တော်ယာဉ်လိုင်းများအတွက် ရေရှည်မော်တော်ကား လိုင်းဆွဲနိုင်ရန်အတွက် အဟန့်အတားဖြစ်စေလာနိုင်ကြောင်း မော်တော်ယာဉ်မောင်းများကပြောသည်။

တောင်ဇလပ်ကားဂိတ်မှ ယာဉ်မောင်း ဦးဟောင်ပီး က “စုပေါင်းစစ်ဆေးရေးဂိတ်ဆိုရင် စသုံးလုံး၊ ရဲ၊ ထွေအုပ်၊ ကညန တွေရှိရမယ်၊ အခုကတော့ စုပေါင်းဂိတ်ဆိုပြီး စသုံးလုံး၊ သစ်တောနဲ့ ရဲတွေက ကားလိုင်စင်တွေ၊ လုပ်ငန်းလိုင်စင်တွေ၊ ကားသမားရဲ့မှတ်ပုံတင်နဲ့ ခရီးသည်ရဲ့မှတ်ပုံတင်တွေ တောင်းတယ်၊ အဲလိုမျိုးတွေဆိုတော့ ဂိတ်တွေအနေနဲ့ ကားလိုင်းကို လွက်လွက်လပ်လပ် ပြေးဆွဲလို့မရဘူး။ ခရီးသည်တွေကလည်း လွတ်လွတ်လပ်လပ်ခရီးမသွားနိုင်ဘူး၊ နောက်ပြီးခရီးမှာ အချိန်ကြန့်ကြာမှုတွေဖြစ်တယ် ”ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် စစ်ဆေးရေးဂိတ်တိုးရန် ညွှန်ကြားမှုမျိုးမရှိကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုသာ နိုင်ငံတော် စီမံချက်ဖြင့် ဖမ်းစီးကြောင်း ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိ ဦးစိုးထက်ကပြောသည်။

ဦးစိုးထက်က “ချင်းပြည်နယ်မှာ စစ်ဆေးရေးဂိတ်တွေကို တိုးဖို့ ပြည်နယ်အစိုးရအနေနဲ့လုပ်တာမရှိဘူး။ လျှော့ချဖို့ပဲလုပ်နေတာဖြစ်တယ်။ ဂိတ်တွေဖြုတ်ဖို့ မြန်မာပြည်မှာ ချင်းပြည်နယ်ကအရင်စလုပ်တာပဲ။ ကျွန်တော်တို့မှာ တစ်ခုတော့ရှိတယ်။ လိုင်စင်မဲ့တွေကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တင် စစ်ဆေးပြီးဖမ်းနေတာတော့ရှိတယ်။ ငွေကောက်တဲ့ဂိတ်တွေကိုတော့ ခွင့်မပြုထားဘူး” ဟုပြောသည်။

ချင်းပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်ကားလိုင်း ယာဉ်မောင်းအများစုမှာ (ခ) လိုင်စင်ဖြင့် မောင်းနှင်သူအများစုဖြစ်သဖြင့် ယာဉ်မောင်းလိုင်စင်များဖမ်းကာ အဆမတန်လျော်ကြေးပေးစေမှုသည် မောင်တော် ယာဉ်မောင်းများအတွက် ခက်ခဲသလို ဂိတ်ပိုင်ရှင်များအနေဖြင့်လည်း မော်တော်ယာဉ်ပုံမှန်ပြေးဆွဲစေရန် အခက်အခဲဖြစ်စေကြောင်း သူကဆက်ပြောသည်။

ဦးဟောင်ပီးက “အခုမှ သုံးလေးနှစ် လောက်ဘဲမောင်းရသေးတဲ့သူတွေဆိုတော့ (ခ)လိုင်စင်ဘဲရှိတယ်၊ ဆိုတော့ သူတို့ကိုဖမ်းတယ်၊ ဖမ်းတော့ငါးသောင်း လျော်ခိုင်းတယ် ဟားခါးနဲ့ကလေးကြား မောင်းတာ သုံးသောင်းဘဲရတယ်၊ စစ်ဆေးရေးဂိတ်တွေက နေ့တိုင်းဖမ်းလိုက်တော့ ငါးသောင်း လျော်ခိုင်းတယ်။ အဲလိုဖြစ်တော့ ဘယ်ကားသမားအတွက်မှ အဆင်မပြေနိုင်တော့ဘူး။ (ခ)လိုင်စင်ဘဲရှိသေးတဲ့ သူတွေက ငါးနှစ်လောက်ကြာရင် လိုင်စင်နီတွေရမှာဘဲ၊ လိုင်းကားဆိုတာ ကျွန်တော်တို့ဝမ်းစာအတွက်ရော ပြည်သူအတွက်ရော အကျိုးပြုရတယ်၊ ဒီလိုဆက်ပြီးလုပ်နေရင် ကျွန်တော်တို့ ဂိတ်တွေပိတ်ပြီးတော့ ကားလိုင်းတွေ ရပ်လိုက်ရုံဘဲရှိတော့တယ်”ဟုပြောသည်။

ဟားခါး-ကလေးပြေးဆွဲနေသည့် ယာဉ်မောင်း ဆလိုင်းအီဆက်က “တစ်ပတ်တစ်ခါလောက်ဖမ်းတယ် တစ်ခါဖမ်းရင် ငါးသောင်းလောက် တရားရုံးမှာ ဒဏ်ငွေဆောင်ရတယ်၊ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ရဲ့ ကားအခေါက်ရည်နဲ့ ဆိုရင်ဘယ်လိုမှမကိုက်ဘူး။ ဒီအခက်ခဲကို အမြန်ဆုံး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းပေးစေချင်တယ်”ဟုပြောသည်။

ဟားခါး- ကလေး ကားပြေးဆွဲနေသော ယာဉ်မောင်း ဦးနိုင်မင်းက “ ဖလမ်းကို တတ်တဲ့အချိန်မှာ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေမေးတယ်၊ မရှိတော့ တစ်နာရီလောက်ကြာသွားတယ်၊ ဂိတ်မှာ ကျွန်တော်က လိုင်စင်အနီရှိှတယ် (ခ)လိုင်စင်တွေဆိုရင်တော့ သူတို့အဖမ်းခံရတယ်၊ (ခ) လိုင်စင်ကို ဖမ်းမယ်ဆိုရင်လည်း တစ်လတစ်ခါလောက်စစ်ဆေးရင်ကျွန်တော်တို့အတွက်လည်း လက်ခံလို့ရသေးတယ်”ဟုပြောသည်။