Input your search keywords and press Enter.

ကသည္းသူပုန္မ်ားအား သက္ဆုိင္ရာမွ အျမန္ဆံုး ရွင္းလင္းသင့္ေၾကာင္း ေဆြးေႏြး



Chin World

စစ္ကုိင္းတုိင္းေဒသႀကီး တမူးခရိုင္နယ္စပ္တစ္ေလွ်ာက္ ႏွင့္ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္တြင္း အေျခခ်ေနထုိင္သည့္ ကသည္းသူပုန္မ်ားကို သက္ဆုိင္ရာအာဏာ ပုိင္မ်ားမွ အျမန္ဆံုးဖယ္ရွားရွင္းလင္းသင့္ေၾကာင္း တမူးၿမိဳ႕တြင္ ဇြန္လ (၆) ရက္ေန႕က က်င္းပသည့္ ေဒသတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ၏ သေဘာထားစုစည္းမႈတြင္ ပါ၀င္သည္။

ေဆြးေႏြးပြဲ၏ သေဘာထားစုစည္းမႈမ်ားတြင္ တမူးၿမိဳ႕တြင္ မၾကာခဏျဖစ္ပြား ေလ့ရွိသည့္ အၾကမ္းဖက္ဗံုးေပါက္ကြဲမႈမ်ား၊ သတ္ျဖတ္မႈမ်ားသည္ တရားဥပေဒစိုးမိုးေရးႏွင့္ လံုၿခံဳေရးအေျခအေနကို ျပသသည့္ အေၾကာင္းအရာ အခ်ိဳ႕ျဖစ္ျခင္းေၾကာင့္ သက္ဆုိင္ရာမွ အျမန္ဆံုး တရားခံကိုေဖာ္ထုတ္ၿပီး လူထုထံခ်ျပရန္၊ တမူးခရုိင္လူ၀င္မႈႀကီးၾကပ္ေရးဌာနႏွင့္ သက္ဆုိင္ရာဌာနမ်ားမွ တမူးေဒသအတြင္း ေနထုိင္သူမ်ားကို ႏုိင္ငံသားစိစစ္ေရးကတ္ျပားအားလံုး ျပန္လည္စိစစ္ၿပီး တရားမ၀င္ေနထုိင္သူမ်ားကို အေရးယူရန္ႏွင့္ အလားတူ ပံုစံအမ်ိဳးမ်ိဳးျဖင့္ တရားမ၀င္ပုိင္ဆုိင္သည့္ ေျမကြက္၊ အိမ္ၿခံေျမမ်ားကိုအေရးယူရန္စသည့္ အခ်က္မ်ားပါ၀င္သည္။

ထို႕အျပင္ ကသည္းသူပုန္မ်ားအားရွံဳ႕ခ်သည့္ ဆႏၵထုတ္ေဖာ္ပြဲ၊ ဆႏၵလက္မွတ္ ေကာက္ခံပြဲကိုလည္း ေဒသခံျပည္သူမ်ားအေနျဖင့္ ဥပေဒေဘာင္အတြင္းက ေဆာင္ရြက္သင့္ေၾကာင္းပါရွိသည္။

ေဒသအတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ(တမူးခရုိင္)၏ သေဘာထားစုစည္းမႈကို အခ်က္ေလးခ်က္ျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါသေဘာထားစုစည္းမႈမွာ တက္ေရာက္သူအားလံုး၏ သေဘာထားျဖစ္သည္ဟု မဆိုလုိပဲ အမ်ားစု၏ ေဆြးေႏြးခ်က္ကို စုစည္းျခင္းျဖစ္သည္။

အဆိုပါေဆြးေႏြးပြဲတြင္ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏုိင္ငံေရးပါတီအသီးသီးက ေခါင္းေဆာင္မ်ား၊ အရပ္ဖက္အဖြဲ႕အစည္း ေခါင္းေဆာင္မ်ားႏွင့္ေက်းရြာအသီးသီးမွ စိတ္၀င္စားသူစုစုေပါင္း (၁၇၀) ဦးခန္႕တက္ေရာက္ခဲ့ၾကသည္။

=====
Unicode Version

ကသည်းသူပုန်များအား သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းသင့်ကြောင်း ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်နယ်စပ်တစ်လျှောက် နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင်း အခြေချနေထိုင်သည့် ကသည်းသူပုန်များကို သက်ဆိုင်ရာအာဏာ ပိုင်များမှ အမြန်ဆုံးဖယ်ရှားရှင်းလင်းသင့်ကြောင်း တမူးမြို့တွင် ဇွန်လ (၆) ရက်နေ့က ကျင်းပသည့် ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ သဘောထားစုစည်းမှုတွင် ပါဝင်သည်။

ဆွေးနွေးပွဲ၏ သဘောထားစုစည်းမှုများတွင် တမူးမြို့တွင် မကြာခဏဖြစ်ပွား လေ့ရှိသည့် အကြမ်းဖက်ဗုံးပေါက်ကွဲမှုများ၊ သတ်ဖြတ်မှုများသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေကို ပြသသည့် အကြောင်းအရာ အချို့ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာမှ အမြန်ဆုံး တရားခံကိုဖော်ထုတ်ပြီး လူထုထံချပြရန်၊ တမူးခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တမူးဒေသအတွင်း နေထိုင်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားအားလုံး ပြန်လည်စိစစ်ပြီး တရားမဝင်နေထိုင်သူများကို အရေးယူရန်နှင့် အလားတူ ပုံစံအမျိုးမျိုးဖြင့် တရားမဝင်ပိုင်ဆိုင်သည့် မြေကွက်၊ အိမ်ခြံမြေများကိုအရေးယူရန်စသည့် အချက်များပါဝင်သည်။

ထို့အပြင် ကသည်းသူပုန်များအားရှုံ့ချသည့် ဆန္ဒထုတ်ဖော်ပွဲ၊ ဆန္ဒလက်မှတ် ကောက်ခံပွဲကိုလည်း ဒေသခံပြည်သူများအနေဖြင့် ဥပဒေဘောင်အတွင်းက ဆောင်ရွက်သင့်ကြောင်းပါရှိသည်။

ဒေသအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ(တမူးခရိုင်)၏ သဘောထားစုစည်းမှုကို အချက်လေးချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသဘောထားစုစည်းမှုမှာ တက်ရောက်သူအားလုံး၏ သဘောထားဖြစ်သည်ဟု မဆိုလိုပဲ အများစု၏ ဆွေးနွေးချက်ကို စုစည်းခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့်ကျေးရွာအသီးသီးမှ စိတ်ဝင်စားသူစုစုပေါင်း (၁၇၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။