Input your search keywords and press Enter.

AA မွ ဖမ္းစီးထားသည့္ ကင္းတလင္းေက်းရြာသူတစ္ဦး AA စခန္းတြင္ေသဆံုး

ရကၡိဳင့္တပ္မေတာ္မွ ကင္းတလင္းေက်းရြာေဒသခံ ၅၄ ဦးကိုဖမ္းစီးထားခဲ့ျခင္းျဖစ္ၿပီး  အမ်ိဳးသမီးတစ္ဦးမွာ AA စခန္းတြင္ ေသဆံုးသြားသည္ဟု ထြက္ေျပးလြတ္ေျမာက္လာသူမ်ားမွေျပာေၾကာင္း မီးဇာေက်းရြာအုပ္စု၊ ကုန္ျပင္ရြာ ဥကၠဌ ဦးယုိက္တန္းက ေျပာသည္။

ဖမ္းစီးခံထားရသည့္ ကင္းတလင္းေက်းရြာေဒသခံမ်ားအနက္ ၂ ဦးျပန္လည္ထြက္ေျပးလြတ္ေျမာက္လာၿပီးေနာက္ ယခုရက္ပုိင္းတြင္ ၁၂ ျပန္လည္ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္။

ျပန္လည္ထြက္ေျပးလြတ္ေျမာက္လာသူမ်ားမွာ မုိးသည္းထန္စြာရြာသြန္းၿပီး အေစာင့္မ်ားမရွိသည့္အခ်ိန္တြင္ (၁၂) ဦးထြက္ေျပး လြတ္ေျမာက္လာျခင္း ျဖစ္ေၾကာင္း မီးဇာေက်းရြာအုပ္စု၊ ကုန္ျပင္ရြာ ဥကၠဌ ဦးယုိက္တန္းကေျပာသည္။

ဦးယုိက္တန္းက “AAေတြကဖမ္းသြားတုန္းက ကင္းတလင္းရြာသားက ၅၄ ဦးျဖစ္တယ္။ ပထမဆံုး AAစခန္းကေန ထြက္ေျပးလႊတ္ေျမာက္တာ ၂ ေယာက္ထြက္ေျပးလႊတ္ေျမာက္လာတယ္။ ဒုတိယေတာ့ ၁၂ေယာက္ေပါ႔။ အားလံုး ၁၄ေယာက္ေတာ့ လြတ္ေျမာက္ထားၿပီ။ အဘြားၾကီးတစ္ေယာက္ေတာ့ အဲဒီAAစခန္းမွာဘဲဆံုးပါး သြားတယ္။ က်န္းမာေရးအေျခေနေၾကာင့္ ေသသြားတာျဖစ္တယ္လုိ႔သိရတယ္။ အခုလက္ရွိ AAစခန္းမွာ ကင္းတလင္းရြာသား ၃၉ဦးက်န္ေသးတယ္” ဟုေျပာသည္။

သူကဆက္ၿပီး “သူတို႔ေနရပ္ျပန္ခ်င္တယ္လို႔ AA ဗိုလ္ၾကီးဆီမွာ သြားေျပာတဲ႔ အခါ သူတုိ႔ကို ေျခာက္ေပါက္ေတြမွာ ထည့္ထားတယ္တဲ့။ အဲဒီေနာက္ပိုင္း လံုးဝမျဖစ္ႏိုင္ဘူးဆုိၿပီး ေသာၾကာေန႔ည ဆယ္နာရီအခ်ိန္မွာ ကင္းေစာင့္ တာေတြလည္းမရွိေတာ့ သူတို႔ကလည္း စခန္းမွာ လံုးဝေနဖို႔မျဖစ္ႏိုင္ဘူးဆုိၿပီး  တညလံုးထြက္ေျပးလာၾကတယ္အခုကၽြန္ေတာ္တို႔ဆီကိုေရာက္လာတယ္”ဟုေျပာသည္

ျပန္လည္လြတ္ေျမာက္လာသူမ်ား၏ ေျပာျပခ်က္အရ AA စခန္းတြင္ အႏွိပ္စက္ခံရျခင္းမ်ိဳးမရွိေၾကာင္း၊ ရခုိင္ႏုိင္ငံလြတ္လပ္မွ ေနရပ္မ်ားသို႕အတူျပန္ရန္ AA ဖက္မွေျပာေၾကာင္း၊ ရြာသားမ်ားေနထုိင္ရန္လည္း ေနရာသီးသန္႕ေပးထားေၾကာင္း၊ သို႕ေပမယ့္ ေတာင္ယာလုပ္ငန္းမ်ားကို လုပ္ခုိင္းေၾကာင္း၊ တစ္ရက္လွ်င္ သံုးႀကိမ္အစစ္ေဆးခံရမႈမ်ားေၾကာင္း ဦးယိုက္တန္းကေျပာသည္။

ထြက္ေျပးလြတ္ေျမာက္လာသူ (၁၂) ဦးတါင္ အမ်ိဳးသားေျခာက္ဦးႏွင့္ အမ်ိဳးသမီး ေျခာက္ဦးျဖစ္ၿပီး ကေလးငယ္မ်ားလည္း ပါ၀င္ၿပီး လက္ရွိတြင္ မီးဇာစစ္ေဘးေရွာင္တြင္ေနထုိင္လ်က္ရွိသည္။

Unicode Version

AA မှ ဖမ်းစီးထားသည့် ကင်းတလင်းကျေးရွာသူတစ်ဦး AA စခန်းတွင်သေဆုံး

ရက္ခိုင့်တပ်မတော်မှ ကင်းတလင်းကျေးရွာဒေသခံ ၅၄ ဦးကိုဖမ်းစီးထားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ AA စခန်းတွင် သေဆုံးသွားသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများမှပြောကြောင်း မီးဇာကျေးရွာအုပ်စု၊ ကုန်ပြင်ရွာ ဥက္ကဌ ဦးယိုက်တန်းက ပြောသည်။
ဖမ်းစီးခံထားရသည့် ကင်းတလင်းကျေးရွာဒေသခံများအနက် ၂ ဦးပြန်လည်ထွက်ပြေးလွတ်မြောက်လာပြီးနောက် ယခုရက်ပိုင်းတွင် ၁၂ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူများမှာ မိုးသည်းထန်စွာရွာသွန်းပြီး အစောင့်များမရှိသည့်အချိန်တွင် (၁၂) ဦးထွက်ပြေး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း မီးဇာကျေးရွာအုပ်စု၊ ကုန်ပြင်ရွာ ဥက္ကဌ ဦးယိုက်တန်းကပြောသည်။
ဦးယိုက်တန်းက “AAတွေကဖမ်းသွားတုန်းက ကင်းတလင်းရွာသားက ၅၄ ဦးဖြစ်တယ်။ ပထမဆုံး AAစခန်းကနေ ထွက်ပြေးလွှတ်မြောက်တာ ၂ ယောက်ထွက်ပြေးလွှတ်မြောက်လာတယ်။ ဒုတိယတော့ ၁၂ယောက်ပေါ့။ အားလုံး ၁၄ယောက်တော့ လွတ်မြောက်ထားပြီ။ အဘွားကြီးတစ်ယောက်တော့ အဲဒီAAစခန်းမှာဘဲဆုံးပါး သွားတယ်။ ကျန်းမာရေးအခြေနေကြောင့် သေသွားတာဖြစ်တယ်လို့သိရတယ်။ အခုလက်ရှိ AAစခန်းမှာ ကင်းတလင်းရွာသား ၃၉ဦးကျန်သေးတယ်” ဟုပြောသည်။
သူကဆက်ပြီး “သူတို့နေရပ်ပြန်ချင်တယ်လို့ AA ဗိုလ်ကြီးဆီမှာ သွားပြောတဲ့ အခါ သူတို့ကို ခြောက်ပေါက်တွေမှာ ထည့်ထားတယ်တဲ့။ အဲဒီနောက်ပိုင်း လုံးဝမဖြစ်နိုင်ဘူးဆိုပြီး သောကြာနေ့ည ဆယ်နာရီအချိန်မှာ ကင်းစောင့် တာတွေလည်းမရှိတော့ သူတို့ကလည်း စခန်းမှာ လုံးဝနေဖို့မဖြစ်နိုင်ဘူးဆိုပြီး တညလုံးထွက်ပြေးလာကြတယ်အခုကျွန်တော်တို့ဆီကိုရောက်လာတယ်”ဟုပြောသည်
ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက်အရ AA စခန်းတွင် အနှိပ်စက်ခံရခြင်းမျိုးမရှိကြောင်း၊ ရခိုင်နိုင်ငံလွတ်လပ်မှ နေရပ်များသို့အတူပြန်ရန် AA ဖက်မှပြောကြောင်း၊ ရွာသားများနေထိုင်ရန်လည်း နေရာသီးသန့်ပေးထားကြောင်း၊ သို့ပေမယ့် တောင်ယာလုပ်ငန်းများကို လုပ်ခိုင်းကြောင်း၊ တစ်ရက်လျှင် သုံးကြိမ်အစစ်ဆေးခံရမှုများကြောင်း ဦးယိုက်တန်းကပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူ (၁၂) ဦးတါင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦးဖြစ်ပြီး ကလေးငယ်များလည်း ပါဝင်ပြီး လက်ရှိတွင် မီးဇာစစ်ဘေးရှောင်တွင်နေထိုင်လျက်ရှိသည်။