Input your search keywords and press Enter.

ေအေအ၏ ဖမ္းစီးခံရသည့္ လမ္းလုပ္သားမ်ား လုပ္ငန္းအဓမၼေစခုိင္းမႈရွိဟုဆို

ပလက္၀ၿမိဳ႕နယ္ တြန္ကရေလာင္း အေျခစိုက္ လမ္းလုပ္ငန္း ကုမၸဏီမွ စက္ႀကီး ေမာင္းသူ (၇) ဦးကို ရကၡိဳင့္တပ္မေတာ္မွ လုပ္ငန္းအတင္းအဓမၼေစ ခုိင္းမႈမ်ားရွိေန ေၾကာင္း ျပန္လည္လြတ္ေျမာက္လာသည့္ ကင္းတလင္း ေက်းရြာသားမ်ားမွေျပာသည္။

အမည္မေဖာ္လိုသူ ေအေအစခန္းမွ ထြက္ေျပးလႊတ္ေျမာက္လာသူ တစ္ဦးက “စက္ႀကီးေမာင္းတဲ႔ ခုႏွစ္ဦးက စစ္တပ္ကေန ပင္စင္အၿငိမ္းစားေတြလို႔ လည္းသိရတယ္။  သူတို႔ကိုအရမ္း ညွင္းဆဲတယ္။သူတို႔ကို မၾကည့္ရက္ဘူး။ အဲဒီခုႏွစ္ဦးကို သူတုိ႔ေျခေထာက္ကို သံၾကိဳးနဲ႔ ခ်ည္ထားၿပီးမွ  အလုပ္ေတာ္ေတာ္မ်ားမ်ား ခုိင္းၾကတယ္။ သင္တန္းကြင္းေတြကိုလည္း သူတို႔ကို ေပါက္တူးေပါက္ျပားေတြနဲ႔ လုပ္ခုိင္းၾကတယ္။ ထမင္းကိုလည္း တစ္ရက္ကို တစ္နပ္ဘဲေကၽြးတယ္။ သူတုိ႔အသားေတြလည္း ပိန္ပိန္ေျခာက္ေျခာက္ ျဖစ္ေနၿပီ”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ကင္းတလင္းရြာသူရြာသားမ်ားကို ရကၡိဳင့္တပ္မေတာ္AAမွ ဖမ္းဆီးၿပီး ႏွစ္ရက္အၾကာတြင္ တြန္ကရေလာင္းတြင္ အေျခစိုက္သည့္ စက္ၾကီးေမာင္းသူ(၇)ဦးအပါအ၀င္ ခူမီး(၁)ဦး ႏွင့္ NGO လုပ္ငန္းလုပ္ကိုင္သူ(၁)ဦး စုစုေပါင္းကိုးဦးကို AAမွဖမ္းဆီးသြားျခင္းျဖစ္သည္။

Unicode Version

အေအေ၏ ဖမ်းစီးခံရသည့် လမ်းလုပ်သားများ လုပ်ငန်းအဓမ္မစေခိုင်းမှုရှိဟုဆို

ပလက်ဝမြို့နယ် တွန်ကရလောင်း အခြေစိုက် လမ်းလုပ်ငန်း ကုမ္ပဏီမှ စက်ကြီး မောင်းသူ (၇) ဦးကို ရက္ခိုင့်တပ်မတော်မှ လုပ်ငန်းအတင်းအဓမ္မစေ ခိုင်းမှုများရှိနေ ကြောင်း ပြန်လည်လွတ်မြောက်လာသည့် ကင်းတလင်း ကျေးရွာသားများမှပြောသည်။
အမည်မဖော်လိုသူ အေအေစခန်းမှ ထွက်ပြေးလွှတ်မြောက်လာသူ တစ်ဦးက “စက်ကြီးမောင်းတဲ့ ခုနှစ်ဦးက စစ်တပ်ကနေ ပင်စင်အငြိမ်းစားတွေလို့ လည်းသိရတယ်။ သူတို့ကိုအရမ်း ညှင်းဆဲတယ်။သူတို့ကို မကြည့်ရက်ဘူး။ အဲဒီခုနှစ်ဦးကို သူတို့ခြေထောက်ကို သံကြိုးနဲ့ ချီထားပြီးမှ အလုပ်တော်တော်များများ ခိုင်းကြတယ်။ သင်တန်းကွင်းတွေကိုလည်း သူတို့ကို ပေါက်တူးပေါက်ပြားတွေနဲ့ လုပ်ခိုင်းကြတယ်။ ထမင်းကိုလည်း တစ်ရက်ကို တစ်နပ်ဘဲကျွေးတယ်။ သူတို့အသားတွေလည်း ပိန်ပိန်ခြောက်ခြောက် ဖြစ်နေပြီ”ဟုပြောသည်။
ပလက်ဝမြို့နယ်ရှိ ကင်းတလင်းရွာသူရွာသားများကို ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် တွန်ကရလောင်းတွင် အခြေစိုက်သည့် စက်ကြီးမောင်းသူ(၇)ဦးအပါအဝင် ခူမီး(၁)ဦး နှင့် NGO လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး စုစုပေါင်းကိုးဦးကို AAမှဖမ်းဆီးသွားခြင်းဖြစ်သည်။

photo; Mizzima