Input your search keywords and press Enter.

ခ်င္းျပည္နယ္ ၀န္ႀကီးအသစ္ ဦးေဖြအားႏွင့္ ေတြ႕ဆံုျခင္း


၀န္ႀကီးဌာနအသစ္ျဖစ္သည့္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာနအတြက္ ၀န္ႀကီးအျဖစ္ ခန္႔အပ္ခံရသည့္ ဦးေဖြအား ႏွင့္ ေတြ႕ဆံုျခင္း

ေမး – တိုးျမႇင့္လိုက္တဲ့ ၀န္ႀကီးဌာနအသစ္မွာ ၀န္ႀကီးအျဖစ္ ခန္႔အပ္တာ၀န္ေပးျခင္း ခံရတဲ့အေပၚ ဘယ္လိုခံစားရလဲခင္ဗ်?

ေျဖ – အဓိကေတာ့ အစိုးရရဲ႕ယႏၱရား ပိုၿပီးေတာ့ လည္ပတ္ႏိုင္ေအာင္ စီမံေဆာင္ရြက္တဲ့ ကိစၥလို႔ျမင္ပါတယ္။

ေမး – ဆရာခန္႔အပ္ခံရတဲ့ ၀န္ႀကီးဌာနက အသစ္ဆိုေတာ့ ဆရာ႔အေနနဲ႔ ဘယ္လိုမ်ဳိး ေဆာင္ရြက္သြားဖို႔ ရွိလဲခင္ဗ်?

ေျဖ – ဌာနက လ၀ကရယ္ အလုပ္သမားညႊန္ၾကားေရးႏွင့္ ဆက္ဆံေရး ဆိုေတာ့ ကၽြန္ေတာ္တို႔က ဒီလုပ္ငန္းေတြနဲ႔ ပတ္သတ္တဲ့ ဟာမ်ဳိးကိုဘဲ ေဆာင္ရြက္သြားမွာပါ၊

ေမး – ထပ္တိုးလိုက္တဲ့ ၀န္ႀကီးဌာနေၾကာင့္ အစိုးရရဲ႕ လုပ္ေဆာင္မႈပိုင္းမွာ ဘယ္လိုမ်ဳိးေတြတိုးတက္လာမွာလဲဗ်?

ေျဖ – တိုးတက္လာမွာအမ်ားႀကီးရွိပါတယ္၊ ေျပာလို႔မရတဲ့ အပိုင္းေတြလည္း အမ်ားႀကီးရွိတာေပါ့၊ အဓိကေတာ့ ၂၀၂၀ေရြးေကာက္ပြဲအတြက္လည္း အက်ဳိးရွိမွာပါ၊ လူဦးေရ စိစစ္တဲ့ အပိုင္းေတြမွာေပါ့၊ ခ်င္းျပည္နယ္အတြင္းမွာ ခ်င္းလူမ်ဳိးေတြ သီးသီးသန္႔သန္႔ ေနရဖို႔ေတြလည္း ေဆာင္ရြက္စရာေတြရွိမွာေပါ့၊ က်ေနာ္တို႔က နယ္စပ္မွာဆိုေတာ့ တရားမ၀င္ဘဲနဲ႔ မွတ္ပံုတင္လုပ္တာေတြ ရွိႏိုင္တဲ့အတြက္ အဲဒါေတြကိုလည္း ကိုင္တြယ္ဖို႔ရွိပါတယ္။

ေမး – လက္ရွိအစိုးရသက္တမ္းက တစ္ႏွစ္ခြဲေလာက္ဘဲ က်န္ေတာ့တဲ့အတြက္ အဲဒီကာလတြင္းမွာ ဆရာ့အေနနဲ႔ ဘာေတြလုပ္ေဆာင္ႏိုင္မယ္လို ေမွ်ာ္လင့္လဲခင္ဗ်?

ေျဖ – ဘာေတြေမွ်ာ္လင့္လဲဆိုေတာ့ ၂၀၂၀ေရြးေကာက္ပြဲမွာ လူထုေတြက စားရင္းဇယားမွန္မွန္ကန္ကန္နဲ႔ မဲထည့္ႏိုင္ၾကဖို႔ေမွ်ာ္လင့္ပါတယ္၊

ေမး – ေနာက္ဆံုးအေနနဲ႔ ၀န္ႀကီးအသစ္အျဖစ္ ခန္႔အပ္ခံရတဲ့အေပၚ ျဖည့္စြက္ေျပာခ်င္တာမ်ား ရွိလားခင္ဗ်?

ေျဖ – ထူးထူးျခားျခားေတာ့မရွိပါဘူး၊ ခုနေျပာသလို အစိုးရရဲ႕ ယႏၱရားပိုမိုလည္ပတ္ႏိုင္ေအာင္ ေဆာင္ရြက္သြားမွာပါ။

Unicode Version

ဝန်ကြီးဌာနအသစ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးဖွေအား နှင့် တွေ့ဆုံခြင်း


မေး – တိုးမြှင့်လိုက်တဲ့ ဝန်ကြီးဌာနအသစ်မှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲခင်ဗျ?


ဖြေ – အဓိကတော့ အစိုးရရဲ့ယန္တရား ပိုပြီးတော့ လည်ပတ်နိုင်အောင် စီမံဆောင်ရွက်တဲ့ ကိစ္စလို့မြင်ပါတယ်။


မေး – ဆရာခန့်အပ်ခံရတဲ့ ဝန်ကြီးဌာနက အသစ်ဆိုတော့ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ ရှိလဲခင်ဗျ?


ဖြေ – ဌာနက လဝကရယ် အလုပ်သမားညွှန်ကြားရေးနှင့် ဆက်ဆံရေး ဆိုတော့ ကျွန်တော်တို့က ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ ဟာမျိုးကိုဘဲ ဆောင်ရွက်သွားမှာပါ၊


မေး – ထပ်တိုးလိုက်တဲ့ ဝန်ကြီးဌာနကြောင့် အစိုးရရဲ့ လုပ်ဆောင်မှုပိုင်းမှာ ဘယ်လိုမျိုးတွေတိုးတက်လာမှာလဲဗျ?


ဖြေ – တိုးတက်လာမှာအများကြီးရှိပါတယ်၊ ပြောလို့မရတဲ့ အပိုင်းတွေလည်း အများကြီးရှိတာပေါ့၊ အဓိကတော့ ၂၀၂ဝရွေးကောက်ပွဲအတွက်လည်း အကျိုးရှိမှာပါ၊ လူဦးရေ စိစစ်တဲ့ အပိုင်းတွေမှာပေါ့၊ ချင်းပြည်နယ်အတွင်းမှာ ချင်းလူမျိုးတွေ သီးသီးသန့်သန့် နေရဖို့တွေလည်း ဆောင်ရွက်စရာတွေရှိမှာပေါ့၊ ကျနော်တို့က နယ်စပ်မှာဆိုတော့ တရားမဝင်ဘဲနဲ့ မှတ်ပုံတင်လုပ်တာတွေ ရှိနိုင်တဲ့အတွက် အဲဒါတွေကိုလည်း ကိုင်တွယ်ဖို့ရှိပါတယ်။


မေး – လက်ရှိအစိုးရသက်တမ်းက တစ်နှစ်ခွဲလောက်ဘဲ ကျန်တော့တဲ့အတွက် အဲဒီကာလတွင်းမှာ ဆရာ့အနေနဲ့ ဘာတွေလုပ်ဆောင်နိုင်မယ်လို မျှော်လင့်လဲခင်ဗျ?


ဖြေ – ဘာတွေမျှော်လင့်လဲဆိုတော့ ၂၀၂ဝရွေးကောက်ပွဲမှာ လူထုတွေက စားရင်းဇယားမှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်ကြဖို့မျှော်လင့်ပါတယ်၊


မေး – နောက်ဆုံးအနေနဲ့ ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ဖြည့်စွက်ပြောချင်တာများ ရှိလားခင်ဗျ?


ဖြေ – ထူးထူးခြားခြားတော့မရှိပါဘူး၊ ခုနပြောသလို အစိုးရရဲ့ ယန္တရားပိုမိုလည်ပတ်နိုင်အောင် ဆောင်ရွက်သွားမှာပါ။