Input your search keywords and press Enter.

ပလက္ဝစစ္ေဘးေရွာင္မ်ားအတြက္ ခ်င္းျပည္နယ္တြင္း အလွဴေငြေကာက္ခံမႈသိန္း ၃၀၀ ေက်ာ္ရရွိၿပီျဖစ္


ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္တြင္း ၿမိဳ႕နယ္အလိုက္ လူငယ္မ်ားမွ အလွဴေငြေကာက္ခံခဲ႔ၿပီး လက္ရွိအခ်ိန္ထိ အလွဴေငြ သိန္းသံုးရာေက်ာ္ ဝန္းက်င္ ရွိေၾကာင္းသိရသည္။


ပလက္၀စစ္ေဘးေရွာင္မ်ားအတြက္ မင္းတပ္ၿမိဳ႕နယ္၊ မတူပီၿမိဳ႕နယ္၊ ဟားခါးၿမိဳ႕နယ္၊ ဖလမ္းၿမိဳ႕နယ္၊ တီးတိန္ၿမိဳ႕နယ္ႏွင့္ တြန္းဇံၿမိဳ႕နယ္မ်ားတြင္ ေကာက္ခံခဲ့ျခင္းျဖစ္သည္။
မင္းတပ္တြင္ အလွဴေငြ ၃၆သိန္းေက်ာ္၊ ဖလမ္းၿမိဳ႕တြင္ ၇၀ သိန္းေက်ာ္၊ ဟားခါးၿမိဳ႕တြင္ သိန္း ၂၀၀ ေက်ာ္အလွဴေငြရရွိၿပီး က်န္ၿမိဳ႕မ်ားတြင္ ဆက္လက္ေကာက္ခံလ်က္ရွိရာ ရရွိေငြစာရင္းအတိအက် မခ်ဳပ္ေသးေၾကာင္းသိရသည္။


ခ်င္းလူငယ္အဖြဲ႕(မတူပီ) ဥကၠဌ ဦးငိုင္းေမာင္က “ ဆက္ေကာက္ေနတုန္းျဖစ္တယ္။ စာရင္းအကုန္မခ်ဳပ္ရေသးဘူး” ဟုေျပာသည္။
တီးတိန္ႏွင့္တြန္းဇံၿမိဳ႕မ်ားတြင္လည္း လက္ရွိအခ်ိန္ထိ အလွဴေငြေပါင္း သိန္းေလးဆယ္ေက်ာ္ရရွိၿပီျဖစ္ၿပီး ယခုလ ၂၁ ရက္ေန႕အထိ ဆက္လက္ေကာက္ယူအံုးမည္ျဖစ္သည္။


တီးတိန္လူငယ္အဖြဲ႕မွ မုန္ႏိုးက “ကၽြန္ေတာ္တို႔ မရေသးတဲ႔ ဘာသာေရးအဖြဲ႔အစည္း ေတြလည္း ရွိေသးတယ္။ ကၽြန္တုိ႔ ဒီလ၂၁ရက္ေန႔ အထိအလွဴခံမွာျဖစ္တယ္”ဟုေျပာသည္။
ကေလးၿမိဳ႕တြင္လည္း ခ်င္းေက်ာင္းသားသမဂၢ(ကေလး) မွ ကေလးၿမိဳ႕ရွိ တကၠသိုလ္မ်ားတြင္ အလွဴေငြေကာက္ခံလ်က္ရွိသကဲ့သို႕ ရန္ကုန္ၿမိဳ႕ရွိ ခ်င္းဘာသာေရးဘုရားေက်ာင္းအတြင္းလည္း အလွဴေငြေကာက္ခံလ်က္ရွိသည္။


ထုိ႕အျပင္ ႏုိင္ငံတကာရွိ ခ်င္းအဖြဲ႕အစည္းအခ်ိဳ႕မွလည္း ပလက္၀စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အလွဴေငြေကာက္ခံေပးပို႕လ်က္ရွိၿပီး ျပည္တြင္း၌တစ္သီးပုဂၢလအေနျဖင့္ေသာ္လည္းေကာင္း၊ အဖြဲ႕အစည္းကိုယ္စားျပဳအျဖစ္ေသာ္လည္းေကာင္း အလွဴေငြမ်ားေကာက္ခံေပးပို႕ၾကလ်က္ရွိသည္။


ရကၡိဳင့္တပ္မေတာ္ႏွင့္ အစိုးရတပ္မေတာ္တို႕အၾကား တုိက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနမႈေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္မ်ားတိုးပြားလ်က္ရွိကာ အဓိကအားျဖင့္ စား၀တ္ေနေရး၊ က်န္းမာေရးႏွင့္ ပညာေရးပုိင္းတြင္းအခက္အခဲႀကံဳေတြ႕ရလ်က္ရွိသည္။

Unicode Version

ပလက်ဝစစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်တွင်း အလှူငွေကောက်ခံမှု သိန်း ၃၀၀ ကျော်ရရှိပြီဖြစ်

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်တွင်း မြို့နယ်အလိုက် လူငယ်များမှ အလှူငွေကောက်ခံခဲ့ပြီး လက်ရှိအချိန်ထိ အလှူငွေ သိန်းသုံးရာကျော် ဝန်းကျင် ရှိကြောင်းသိရသည်။

ပလက်ဝစစ်ဘေးရှောင်များအတွက် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ကောက်ခံခဲ့ခြင်းဖြစ်သည်။

မင်းတပ်တွင် အလှူငွေ ၃၆သိန်းကျော်၊ ဖလမ်းမြို့တွင် ၇၀ သိန်းကျော်၊ ဟားခါးမြို့တွင် သိန်း ၂၀၀ ကျော်အလှူငွေရရှိပြီး ကျန်မြို့များတွင် ဆက်လက်ကောက်ခံလျက်ရှိရာ ရရှိငွေစာရင်းအတိအကျ မချုပ်သေးကြောင်းသိရသည်။
ချင်းလူငယ်အဖွဲ့(မတူပီ) ဥက္ကဌ ဦးငိုင်းမောင်က “ ဆက်ကောက်နေတုန်းဖြစ်တယ်။ စာရင်းအကုန်မချုပ်ရသေးဘူး” ဟုပြောသည်။
တီးတိန်နှင့်တွန်းဇံမြို့များတွင်လည်း လက်ရှိအချိန်ထိ အလှူငွေပေါင်း သိန်းလေးဆယ်ကျော်ရရှိပြီဖြစ်ပြီး ယခုလ ၂၁ ရက်နေ့အထိ ဆက်လက်ကောက်ယူအုံးမည်ဖြစ်သည်။

တီးတိန်လူငယ်အဖွဲ့မှ မုန်နိုးက “ကျွန်တော်တို့ မရသေးတဲ့ ဘာသာရေးအဖွဲ့အစည်း တွေလည်း ရှိသေးတယ်။ ကျွန်တို့ ဒီလ၂၁ရက်နေ့ အထိအလှူခံမှာဖြစ်တယ်”ဟုပြောသည်။
ကလေးမြို့တွင်လည်း ချင်းကျောင်းသားသမဂ္ဂ(ကလေး) မှ ကလေးမြို့ရှိ တက္ကသိုလ်များတွင် အလှူငွေကောက်ခံလျက်ရှိသကဲ့သို့ ရန်ကုန်မြို့ရှိ ချင်းဘာသာရေးဘုရားကျောင်းအတွင်းလည်း အလှူငွေကောက်ခံလျက်ရှိသည်။

ထို့အပြင် နိုင်ငံတကာရှိ ချင်းအဖွဲ့အစည်းအချို့မှလည်း ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံပေးပို့လျက်ရှိပြီး ပြည်တွင်း၌တစ်သီးပုဂ္ဂလအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းကိုယ်စားပြုအဖြစ်သော်လည်းကောင်း အလှူငွေများကောက်ခံပေးပို့ကြလျက်ရှိသည်။
ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များတိုးပွားလျက်ရှိကာ အဓိကအားဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးပိုင်းတွင်းအခက်အခဲကြုံတွေ့ရလျက်ရှိသည်။