Input your search keywords and press Enter.

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ၀န္ႀကီးဌာနအသစ္တိုး မတိုး ယခုအပတ္တြင္က်င္းပမည့္ လႊတ္ေတာ္အစည္းအေ၀းတြင္ ေဆြးေႏြးမည္



Salai Benezer
June 24, 2019

ခ်င္းျပည္နယ္အစိုးရအဖြဲ႕တြင္ လိုအပ္ခ်က္အရ ၀န္ႀကီးဌာနအသစ္တိုး မတိုး ယခုအပတ္ ဇြန္လ ၂၇-၂၈ရက္ေန႔တြင္က်င္းပမည့္ ျပည္နယ္လႊတ္ေတာ္အစည္းအေ၀းတြင္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

“ခ်င္းျပည္နယ္မွာက ၂၇-၂၈ ရက္ေန႔မွ ေဆြးေႏြးမွာဆိုေတာ့ အဲဒီက်မွ သိရမယ္၊ ဘယ္၀န္ႀကီးဌာနတိုးမလဲဆိုတာေတာ့ မသိရေသးဘူး၊ ၀န္ႀကီးဌာန တိုးမတိုးကေတာ့ ခ်င္းျပည္နယ္အေနနဲ႔ တစ္ကယ္လိုအပ္သလားေဆြးေႏြးရမွာေပါ့၊ တစ္ကယ္လို႔ ခ်င္းျပည္နယ္အတြက္လည္းအက်ိဴးရွိမယ္၊ ခ်င္းျပည္သူအတြက္လည္းအက်ဳိးရွိမယ္ဆိုရင္ ၾကဳိဆုိရမွာေပါ့” ဟု မတူပီ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေအာင္လ်န္းမွ ေျပာသည္။

ဇြန္လ ၂၁ရက္ေန႔တြင္ က်င္းပခဲ့တဲ့ မႏၱေလးတုိင္းေဒသၾကီး လႊတ္ေတာ္အစည္းအေ၀းမွာ တိုင္းနဲ႕ျပည္နယ္ အစိုးရအဖြဲ႕ေတြမွာ လူဝင္မႈႀကီးၾကပ္ေရးနဲ႕လူ႕စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန ကို တိုးခ်ဲ ႕ဖြဲ႕စည္းသြားဖို႕ရိွတယ္လုိ႕ အာဏာရပါတီဒီခ်ဳပ္ရဲ႕ ဒုတိယ ဥကၠဌျဖစ္သူ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္က “လိုအပ္ခ်က္အရ ၀န္ႀကီးဌာနအသစ္တိုးဖို႔ လႊတ္ေတာ္မွာ တင္သြင္းမယ္လို႔ေတာ့ၾကားတယ္၊ ဘယ္၀န္ႀကီးဌာနလည္းဆိုတာေတာ့ မသိရေသးဘူး”ဟု ေျပာသည္။

ဇြန္လ ၂၁ရက္ေန႔တြင္ က်င္းပခဲ့သည့္ မႏၱေလးတုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းတြင္ မႏၱေလး တိုင္းအစိုးရ ဖြဲ႕မွာ လူ၀င္မႈႀကီးၾကပ္ေရးနဲ႕ လူ႕စြမ္း အား အရင္းအျမစ္ ဝန္ႀကီးဌာန တိုးခ်ဲ ႕ဖြဲ႕စည္းဖို႕ အတည္ျပဳခဲ့ၿပီး ကရင္ျပည္နယ္တြင္ ယေန႔က်င္းပခဲ့သည့္ လႊတ္ေတာ္အစည္းအေ၀းမွာလည္း လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ ၀န္ႀကီးဌာနသစ္တစ္ခုဖြဲ႕စည္းေရးအတြက္ အတည္ျပဳခဲ့ေၾကာင္းသိရသည္။

ယခုလက္ရွိတြင္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးမ်ားတြင္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စည္ပင္သာယာေရး ၀န္ႀကီးဌာန၊ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၊ လွ်ပ္စစ္ႏွင့္ စက္မႈ၀န္ႀကီးဌာန၊ သဘာ၀ ပတ္၀န္း က်င္ထိန္းသိမ္းေရး၊ သစ္ေတာ၊ သတဳၱ ႏွင့္ လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီးဌာန ႏွင့္ လူမႈေရး၀န္ႀကီးဌာန မ်ားရွိေၾကာင္းသိရသည္။

လက္ရွိ ခ်င္းျပည္နယ္တြင္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး၊ စိုက္ပ်ဳိးေရး၊ ေမးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳ၀န္ႀကီး၊ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး၊ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္ စက္မႈလက္မႈ၀န္ႀကီး ႏွင့္ လူမႈေရး၀န္ႀကီး တို႔ အသီးသီးရွိေၾကာင္းသိရသည္။

(Unicode Version)

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်

Salai Benezer
June 24, 2019

ချင်းပြည်နယ်အစိုးရအဖွဲ့တွင် လိုအပ်ချက်အရ ဝန်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ် ဇွန်လ ၂၇-၂၈ရက်နေ့တွင်ကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ချင်းပြည်နယ်မှာက ၂၇-၂၈ ရက်နေ့မှ ဆွေးနွေးမှာဆိုတော့ အဲဒီကျမှ သိရမယ်၊ ဘယ်ဝန်ကြီးဌာနတိုးမလဲဆိုတာတော့ မသိရသေးဘူး၊ ဝန်ကြီးဌာန တိုးမတိုးကတော့ ချင်းပြည်နယ်အနေနဲ့ တစ်ကယ်လိုအပ်သလားဆွေးနွေးရမှာပေါ့၊ တစ်ကယ်လို့ ချင်းပြည်နယ်အတွက်လည်းအကျိူးရှိမယ်၊ ချင်းပြည်သူအတွက်လည်းအကျိုးရှိမယ်ဆိုရင် ကြိုဆိုရမှာပေါ့” ဟု မတူပီ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်းမှ ပြောသည်။

ဇွန်လ ၂၁ရက်နေ့တွင် ကျင်းပခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ကို တိုးချဲ့ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အာဏာရပါတီဒီချုပ်ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လိုအပ်ချက်အရ ဝန်ကြီးဌာနအသစ်တိုးဖို့ လွှတ်တော်မှာ တင်သွင်းမယ်လို့တော့ကြားတယ်၊ ဘယ်ဝန်ကြီးဌာနလည်းဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

ဇွန်လ ၂၁ရက်နေ့တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းအစိုးရ ဖွဲ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်း အား အရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ အတည်ပြုခဲ့ပြီး ကရင်ပြည်နယ်တွင် ယနေ့ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနသစ်တစ်ခုဖွဲ့စည်းရေးအတွက် အတည်ပြုခဲ့ကြောင်းသိရသည်။

ယခုလက်ရှိတွင် ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၊ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတု္တ နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လူမှုရေးဝန်ကြီးဌာန များရှိကြောင်းသိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နှင့် လူမှုရေးဝန်ကြီး တို့ အသီးသီးရှိကြောင်းသိရသည်။