Input your search keywords and press Enter.

နှစ်စဉ်နှစ်တိုင်းတောင်ပြိုလေ့ရှိသည့် မတူပီ-လိုင်လင်ပီး ကားလမ်းအား မြေထိန်းနံရံ ပြုလုပ်မယ်



Salai Khup Khup

မတူပီမြို့နှင့် ခြောက်မိုင်အကွာနေရာတွင် နှစ်စဉ်မိုးရာသီရောက်တိုင်း တောင်ပြိုမှုကြောင့် မြို့နှင့်ဆက်သွယ်ထားသော ကျေးရွာများ သွားလာရန် အခက်ရှိခြင်းကြောင့် မြေထိန်းအကာအရံကို ၂၀၁၉-၂၀ဘတ်ဂျက်တွင်ပြုလုပ်ရန် ဌာနဆိုင်ရာများနှင့် တိုင်ပင်ထားကြောင်း မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဆလိုင်းအောင်လျန်ကပြောသည်။

မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “အဲဒီနေရာကနှစ်တိုင်းဖြစ်နေတယ် အဲဒီအနားက လမ်းတွေက အရမ်းပျော့တော့ နှစ်တိုင်းနှစ်တိုင်းလိုဖြစ်နေတယ်။ အခုကျေးရွာဖက်ကနေ ကိုယ်ထူကိုယ်ထ ရှင်းနေတယ်လို့သိရတယ် ဒီလမ်းအတွက် သီးသန့်ရန်ပုံငွေမရှိတော့ နည်းနည်းတော့ အခက်ခဲရှိတယ် အဲဒီဖက်က ကျေးရွာတွေကလည်း မိုးရာသီရောက်ရင် အခက်ခဲအများကြီးရှိတယ်။ ၂၀၁၉-၂၀ဘတ်ဂျက်မှာ သေချာလေးလုပ်ပြီးတော့ အကာရံအထိန်းလေးလုပ်ဖို့ ဌာနနဲ့တိုင်ပင်ထားဒါတော့ ရှိတယ်”ဟုပြောသည်။

မြေပြိုသောနေရာသည် မတူပီမြို့နှင့် လိုင်လွန်းပီမြို့ဆက်သွယ်ထားသည့် ကားလမ်းဖြစ်သည့် အပြင်ကျေးရွာများစွာနဲ့ ဆက်သွယ်ထားသော ကားလမ်းဖြစ်ပြီး အဆိုပါလမ်းကို ၂၀၁၇-၁၈ဘတ်ဂျက်တွင် ကုမ္ပဏီတစ်ခုမှ နှစ်နှစ်အာမခံထားခြင်း ကြောင့် လမ်းကိုပြုလုပ်ရန် တာဝန်ရှိကြောင်းလည်းသိရှိရသည်။

မတူပီမြို့နှင့် လိုင်လွန်းပီမြို့ဆက်သွယ်ထားသည့် ကားလမ်းကို ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ဒေသခံများအသုံးပြုလျက်ရှိပြီး ဇွန်လ ၁၁ရက်နေ့မှစ၍ လမ်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ရှင်းလင်းခြင်းများကို ကျေးရွာဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်နေရကြောင်းလည်း သိရှိရသည်။

Photo Credit : Za Lian