Input your search keywords and press Enter.

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၃၁ရာခိုင်နှုန်းရှိပြီး ချင်းပြည်နယ်မှာ အောင်ချက်အနည်းဆုံးဖြစ်



Salai Benezer

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၃၁.၄၄%ခိုင်နှုန်း ရှိပြီး ချင်းပြည်နယ်မှာ ၁၉.၅၉%ရာခိုင်နှုန်းရာရှိပြီး အနည်းဆုံးအောင်ချက် ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့သူ ၁၀၇၇၁ဦးရှိပြီး ဂုဏ်ထူးရရှိသူ ၂၅၃ဦး အောင်မြင်သူ ၂၁၁၀ဦးရှိကြောင်းသိရသည်။

မြို့နယ်အလိုက် တက္ကသိုဝင်တန်း အောင်ချက်အများဆုံးရရှိသည့် မြို့နယ်မှာ ၂၉.၄၃ရာခိုင်နှုန်းဖြင့် ဖလမ်းမြို့နယ်မှ အများဆုံးရရှိပြီး အနည်းဆုံးရရှိသည့်မြို့နယ်မှာ ၆.၈၄ရာခိုင်းနှုန်းဖြင့် ပလက်ဝမြို့နယ်မှရရှိသည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း နှစ်အလိုက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ခုနှစ်တွင် ၁၇.၈၅ရာခိုင်နှုန်း ၂၀၁၆ခုနှစ်တွင် ၁၄.၃၆ရာခိုင်နှုန်း၊ ၂၀၁၇ခုနှစ်တွင် ၁၉.၀၄ရာခိုင်နှုန်း၊ ၂၀၁၈ခုနှစ်တွင် ၁၆.၆၄ရာခိုင်နှုန်း အသီသီးရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်အကောင်းဆုံးရရှိသည့် စာစစ်ဌာနမှ အောင်ချက်ရာခိုင်နှုန်း ၄၆.၂၂%နှုန်ဖြင့် နိုင်ငံခြားစာစစ်ဌာနမှ ရရှိပြီး တစ်နိုင်ငံလုံးတွင်ဖြေဆိုသူ ၈၅၁၇၂၄ဦးတွင် ၂၆၇၆၉၆အောင်မြင်ကြောင်းသိရသည်။