Input your search keywords and press Enter.

ပြည်နယ်အတွင်း ဘတ်ဂျက်ခွဲဝေမှုကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်း အတက်နိုင်ဆုံး ညီမျှမှုရှိအောင် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ဦးစိုးထက်မှဆို



Salai Benezer

ချင်းပြည်နယ်အတွင်း ဘတ်ဂျက်ခွဲဝေမှိုကု ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်း အတက်နိုင်ဆုံး ညီမျှမှုရှိအောင် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှပြောသည်။

“တစ်နေရာနဲ့တစ်နေရာမတူဘူး၊ ဘတ်ဂျက်ခွဲဝေမှုက လူဦးရေအချိုး နယ်မြေအကျယ်အ၀န်း၊ လမ်းတံတားအခြေအနေ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ လုပ်တဲ့ ပ​ရောဂျက်တွေပေါ့ အဲဒါတစ်ခုနဲ့တစ်ခုမတူညီနိုင်ဘူး၊ ဥပမာ လူဦးရေ တစ်သိန်းလောက်ရှိတဲ့ ပလက်ဝမြို့နယ်နဲ့ လူဦးရေ နှစ်သောင်းသုံးထောင်ငါ့ရာလောက်ဘဲရှိတဲ့ ကန်ပလက်မြို့နယ်နဲ့ ဘယ်လိုမှ မတူနိုင်ဘူး၊ နောက်ပြီးတော့ နယ်မြေအကျယ်အ၀န်းနဲ့ လူဦးရေအချိုးအစား မတူတဲ့ဟာတွေလည်း ဘတ်ဂျက်က ဘယ်လိုမှတူမှာမဟုတ်ဘူး၊ နောက်ပြီးတော့ အဲလိုမတူတဲ့ကြားမှာ ဟားခါးလိုမြို့တော်နဲ့ ဘယ်လိုမှ မတူနိုင်ဘူး၊ ဟားခါးမြို့တော်မှာက ဥပမာ တက္ကသိုလ်ဆောက်နေတဲ့အတွက် တက္ကသိုလ်ဆောက်တာတွေမရှိတဲ့ မြို့ရဲ့ဘတ်ဂျက်နဲ့ကကွာမှာဘဲ၊ ၂၀၁၈-၂၀၁၉ဘတ်ဂျက်ကလွဲပြီးတော့ ၂၀၁၉-၂၀၂၀ဘတ်ဂျက်နှစ်ကျရင် အတက်နိုင်ဆုံး ညီမျှမှုရှိအောင်လုပ်မယ်လို့ ကျနော်တို့ ဂတိဂ၀တ် အာမခံပေးထားတယ်”ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ ပြောသည်။

မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးနေလင်းအောင်မှ မေလ ၂၁ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ငွေးလုံးငွေရင်းဘတ်ဂျက်ချထားမှု မျှတမှုမရှိခြင်းကြောင့် မြို့နယ်အလိုက် ခွဲဝေချထားရာတွင် မည်သည့်အချက်အလက်များကို အခြေခံပြီး ခွဲဝေချထားပေးသည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်။

ဦးနေလင်းအောင်၏ မေးမြန်းချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၈-၁၉ နှစ်ဝတ်ဘဏ္ဍာရေးနှစ်များတွင် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် မတူပီမြို့နယ်များသည် ဘဏ္ဍာငွေ ခွဲဝေရာတွင် အများဆုံးရရှိသောမြို့များဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ဟားခါးမြို့သည် ကျပ်ငွေ ၃၄ဘီလီယမ်ခန့်ရရှိပြီး ကန်ပက်လက်နှင့် တွန်းဇံမြို့များမှာ ၄ဘီလီယမ်ခန့်သာရရှိသဖြင့် ဘဏ္ဍာငွေရရှိမှု ရှစ်ဆခန့်ကွာဟနေကြောင်း၊ ထို့ပြင် ထန်တလန်မြို့ရရှိသည့် ဘတ်ဂျက်မှာ ခရိုင်မြို့တစ်မြို့ဖြစ်သည့် မင်းတပ်မြို့ထက် သုံးဆခန့်ပိုများနေကြောင်း၊ ခရိုင်မြို့ဖြစ်သည့် ဖလမ်းခရိုင်သည် မင်တပ်ခရိုင်ထက် နှစ်ဆခန့်ပိုများနေကြောင်း၊ ဟားခါးမြို့နှင့် မင်းတပ်ခရိုင် နှို်င်ယှဉ်ပါကလည်း ဟားခါးမြို့ ဘဏ္ဍာငွေရရှိမှုမှာ ငါးဆခွဲခန့်ပိုများနေကြောင်း ဦးနေလင်းအောင်မှ ထောက်ပြခဲ့သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “ဟားခါးမှာကျတော့ ၂၂ဘီလီယမ်ရှိတဲ့အချိန်မှာ ကန်ပက်လက်မှာကျတော့ ၆.၇ ဘီလီယမ်ဘဲရှိတယ်၊ ပြောရရင်တော့ သုံးဆလောက်ကွာနေတယ်၊ ဒါပေမယ့် အဲဒီအပေါ်မှာ အတိအကျကြီး သွားပြီးတော့ ဟားခါးကိုလည်း ၂၂ဘီလီယမ်၊ ကန်ပက်လက်ကိုလည်း ၂၂ဘီလီယမ်ပေးလို့မရဘူး၊ လူဦးရေအချိုးနဲ့ နယ်မြေအကျယ်အ၀န်းနဲ့ နောက်ပြီး ပရောဂျက်စီမံကိန်းမတူဘူးလေ၊ ဟားခါးမှာက ကောလိပ်ရှိတော့ အဆောက်အဦးဆောက်တာတွေ၊ ၀န်ထမ်းအိမ်ယာဆောက်တာတွေ၊ ဘွဲ့နှင်းသဘင်ခန်းမဆောက်တာတွေက ၂၂ဘီလီယမ်ထဲမှာပါသွားတယ်၊ အဲဒါကြောင့် တစ်ခြားမြို့နဲ့ဘယ်လိုမှမတူနိုင်ဘူး၊ ပြီးတော့ အဲဒီဘတ်ဂျက်တွေကလည်း ပြည်ထောင်စုကနေ တိုက်ရိုက်ကျတာတွေဖြစ်တယ်”ဟု ပြောသည်။