Input your search keywords and press Enter.

ဟားခါးတွင် ပလက်ဝစစ်ဘေးရှောင် ကူညီရေးအသင်းဖွဲ့စည်း



Salai Benezer

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးအပ်နိုင်ရန် ပလက်ဝစစ်ဘေးရှောင်ကူညီရေးအသင်းကို ဇွန်လ ၁၈ရက်နေ့တွင် ဟားခါးမြို့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ ဥက္ကဌဖြစ်သူ Salai Elisama က “ကျနော်တို့ မနေ့က တွေ့ကြပြီးတော့ အစည်းအဝေးလုပ်ခဲ့တယ်၊ အခု ဇွန်လ ၂၅-၂၉ ထိကို ဟားခါးမြို့တွင်းမှာ အလှူခံသွားမှာပါ၊ အဲဒီက ရလာတဲ့အလှူငွေတွေကို ပလက်ဝထိ ကျနော်တို့ကိုယ်တိုင်သွားရောက် လှူဒါန်းသွားမှာဖြစ်တယ်” ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း(၅)ရွာမှ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၅၈ စု လူဦးရေ ၇၈၇ဦးရှိခဲ့သည်။ လက်ရှိအချိန်တွင် ကျေးရွာပေါင်း(၃)ရွာမှ စစ်ဘေးရှောင် ပြည်သူများနေရပ်ပြန်နိုင်ကြပြီဖြစ်သည်။

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများကို ကူညီရန် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင်လည်း လူငယ်များမှ မလှူငွေကောက်ခံခဲ့ပြီး မင်းတပ်မြို့တွင် ကျပ်ငွေ ၃၆သိန်းနှင့် ဖလမ်းမြို့တွင် ကျပ်ငွေ ၃၅ သိန်း ရရှိကြောင်း သိရသည်။