Input your search keywords and press Enter.

ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင် တောင်ဇလပ်ပင်(၁၀၀)နှင့် ချယ်ရီပင်(၇၀၀) စိုက်ပျိုး



Salai Khup Khup

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယာဉ်အတွင်းတွင် တောင်ဇလပ်ပင် (၁၀၀)နှင့် ချယ်ရီပင်(၇၀၀)ကို ဟိုတယ်နှင့် တည်းခိုရိပ်သာဝန်ဆောင် မှုသင်တန်း ဆရာ/ဆရာမများ ကျောင်းသူ/သားများ သစ်တောဌာနနှင့် အမျိုးသာဥယာဉ်မှ ဝန်ထမ်းမှ စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟုန်းလိန်းက “ဟိုတယ် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေဖို့နဲ့ သဘာဝပက်ဝန်းကျင်ကို ကျွန်တော်တို့ ထိမ်းသိမ်းချင်လို့ အခုလိုသစ်ပင်စိုက်ရတာဖြစ်တယ်။ နောက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ လာလည်တဲ့အခါလည်း ချယ်ရီတွေ တောင်ဇလပ်တွေပွင့်နေဒါတွေကို မြင်တွေ့နိုင်ဖို့ အဲလိုရည်ရွယ်ပြီး လုပ်ကျတာဖြစ်တယ်”ဟုပြောသည်။

မင်းတပ်မြို့တွင်လည်း ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးရန် အစီစဉ်ရှိပြီး မင်းတပ်မြို့တွင် ကျင်းပမည့် ကွန်ပြူတာနှင့် အင်္ဂလိပ်စာသင်တန်းသားများ၏ အင်အားကို အသုံးပြုပြီး သစ်ပင်စိုက်ပျိုးရန်ရှိကြောင်းလည်း ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟုန်းလိန်းကပြောသည်။