Input your search keywords and press Enter.

ဟားခါးမြို့တွင် အသစ်တည်ဆောက်နေသော ကားကြီးကွင်းမှာ မေလကုန်ပိုင်းတွင် အသုံးပြုနိုင်မည်

Salai Khup Khup

ဟားခါးမြို့တွင် အသစ်တည်ဆောက်နေသော ကားကြီးဝန်းမှာ သတ်မှတ်ကာလဖြင့်သော မေလကုန်ပိုင်းတွင် ဖွင့်ပွဲပြုလုပ်ပြီး အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ကားကြီးဝန်းကို တည်ဆောက်နေသော ချင်းအများပိုင်ကုမ္မဏီမှ ဥက္ကဌဦးရွှေဟိန်းကပြောသည်။

ချင်းအများပိုင်ကုမ္မဏီမှ ဥက္ကဌ ဦးရွှေဟိန်းကတ “ကားကြီဝင်းတည်ဆောက်တာ ဒီလကုန်ပြီးတော့မယ်။ နောက်လဆိုရင် ဖွင့်ပွဲလုပ်ပြီး အသုံးပြုတော့မှာ ဖြစ်တယ်။ ပြည်မဖက်မှာ အဆောက်အအုံ ဆောက်သလိုမျိုးကတော့ အဆင်မပြေဘူး ဒါပေမဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးပစ္စည်းတွေကို ကျွန်တော်တို့ ချင်းအများပိုင်ကုမ္မဏီကနေလည်း ပထမဆုံး ဆောက်လုပ်ထားတာ ဆိုတော့ အရည်အသွေးကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး တာဝန်ယူဆောက်တာဖြစ်တယ်။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ခြောက်လအတွင်း တည်ဆောက်နိုင်ခဲ့တယ်။ တောင်ပေါ်မှာဆောက်တာဆိုတော့ အခက်ခဲတော့ အတော်လေးဖြစ်တယ်”ဟုပြောသည်။

အသစ်တည်ဆောက်ထားသော ကားကြီးကွင်းမှာ ခြောက်ဧက ကျယ်ဝန်းသော မြေဧက ပေါ်တွင်တည်ဆောက်ထားပြီး ခေတ်မှီသော အဆောက်အဦးများ ရန်ကုန်၊မန္တလေး ဖက်ရှိ ကားကြီးဝန်းများကဲ့သို့ မြို့အင်္ဂါနဲ့ အညီတည်ဆောက်ထားပြီး တောင်ပေါ်ဒေသဖြင့်သဖြင့် ဆောက်လုပ်ရေးစရိတ်၊ အလုပ်သမားစရိတ်နှင့် ရေလုံလောက်စွာမရရှိခြင်းများ ရှိကြောင်းလည်း ဦးရွှေဟိန်းကပြောသည်။

ဟားခါးမြို့ စည်ပင်မှ ဆလိုင်းလွှန်ဆဝှန်က “အဆောက်အဦးတည်ဆောက်တာ တစ်ဝက်ကျော်လောက် ပြီးနေပြီဖြစ်တယ် သက်မှတ်ထားတဲ့ ကာလအတွင်း ကုမ္မဏီဖက်ကလည်း အရည်သွေးပြည့်မှီစွာ ဆောင်ရွက်တယ် ဒီလကုန်ရင်အသုံးပြုလို့ရတော့မယ် ထင်တယ်”ဟုပြောသည်။

ဟားခါးမြို့တွင် လောလောဆယ် အသုံးပြုနေသော ကားကြီးကွင်း၏ အဆောက်အဦးများလည်း ဟောင်းနွမ်းနေပြီဖြစ်ပြီး လက်ရှိတည်ဆောက်နေသော ကားကြီးကွင်း ပြီးစီးပါက ဖျက်သိမ်းလိုက်တော့မည် ဖြစ်ကြောင်းလည်း သိရှိရသည်။