Input your search keywords and press Enter.

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် ကယားနှင့် မြိုင်မြို့ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်းများသို့ သွားရောက်လေ့လာ

Salai Khup Khup

ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် ကယားပြည်နယ်ရှိ ခရီးသွားလုပ်ငန်းနှင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို နယ်သာလန်နိုင်ငံ၏(NTF4)စီမံကိန်း ကူညီထောက်ပံ့မှုဖြင့် ၈ရက်ကြာ သွားရောက်လေ့လာသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ခရီးသွားညွန်ကြားမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက ပြောသည်။

ချင်းပြည်နယ် ခရီးသွားညွှန်ကြားမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးအောင်ဖြိုးက “လာလေ့တဲ့သူတွေ အထဲမှာလည်း လူတန်းစားအသီးသီးဖြစ်တယ် သူတို့နယ်ပယ်ပြန်ရောက်တဲ့အ ခါ သူတို့နယ်ပယ်မှာ စာတွေ့ရော လက်တွေ့ရောမြင်ပြီးတော့ ကိုယ့်ဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ နောက်ထပ်ဘာတွေ ထပ်လုပ်ဖို့ လိုမလဲဆိုတာတွေမြင်ပြီးမှ ကိုယ့်နေရာဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ အကြုံကောင်းတွေ ပေါ်ထွန်းလာမယ် အဲလိုမျော်မှန်းလို့ ဒီလိုခရီးစဉ်မျိုးကို စီစဉ်တာဖြစ်တယ်”ဟုပြောသည်။

ကယားပြည်နယ်ရှိ ခရီးသွားလုပ်ငန်းနှင့် မြိုင်မြို့နယ်အတွင်းရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းများကို သွားရောက်လေ့လာသူများတွင် ချင်းပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျေးရွာကိုယ်စားလှယ်၊ ဒေသခံ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အလွှာအသီးသီးမှ ၂၆ဦးပါဝင်ကြောင်း ခရီးသွားညွှန်ကြားရေးမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးကပြောသည်။

ချင်းပြည်နယ်ရှိ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာန အနေဖြင့်လည်းကောင်း ခရီးသွားလုပ်ငန်းတွင် မဖွံ့ဖြိုးသေးသော ချင်းပြည်နယ် မြောက်ပိုင်းဖက်တွင်လည်း ခရီးသွားလုပ်ငန်းနှင့် ပက်သက်ပြီး သင်တန်းများပေးလျက် ရှိကြောင်းသိရှိရသည်။ ချင်းပြည်နယ်တောင်ပိုင်းတွင်မှု ခရီးသွားလုပ်ငန်းနှင့် ပက်သက်ပြီး ဖွံ့ဖြိုးကာစဖြင့်သဖြင့် ပိုမို့ဖွံ့ဖြိုးအောင် မဆောင်ရွက်နိုင်ပါက ခရီးသွားလုပ်ငန်းမှာ ကျဆင်းသွားနိုင်ကြောင်း ချင်းပြည်နယ် ခရီးသွားညွှန်ကြားမှုးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဦးအောင်ဖြိုးကပြောသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ချင်းပြည်နယ်အတွင်း ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ(၆၃၀၉)ဦးရှိပြီး၊ ပြည်ပခရီးသွားဧည့်သည်(၁၁၄၈)ဦး ရှိကြောင်းသိရှိရသည်။