Input your search keywords and press Enter.

ချင်းပြည်နယ်သို့ရောက်ရှိနေသည့် အိန္ဒိယသံအမတ်ကြီးမှ ရိဒ်နယ်စပ်ဈေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတံတားတည်ဆောက်မည့် မြေနေရာအားစစ်ဆေးခဲ့

Salai Khup Khup

ချင်းပြည်နယ်သို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမားနှင့် အဖွဲ့တို့သည် မေလ ၈ရက်နေ့က နယ်စပ်ဈေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေး တံတားတည်းဆောက်မည့် လျာထားမြေနေရာများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ် ပြန်/ဆက်မှ တာဝန်ရှိသူ ဦးလာလ်ပက်လော်မ်က“အိန္ဒိယသံအမတ်ကြီးနှင့် အဖွဲ့တို့က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ဖာရ်တလန်၊ လေးလက်နဲ့ ရိဒ် နောက်ပြီး နယ်စပ်ဈေးတို့ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်ဖို့ လျားထားနယ်မြေတွေကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးတယ်။ သူတို့ဖက်ကလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်ပြီးညှိနှိုင်းဖို့လိုသေးတယ်လို့ သံအမတ်ကြီးက ပြောသွားတယ်” ဟုပြောသည်။

အိန္ဒိယ-မြန်မာ အာရှလမ်းမကြီးဖောက်လုပ်မည့် အခြေအနေ၊ အိန္ဒိယနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ်မှ လုံခြုံရေးဆောင်ရွက်မှု အခြေအနေ၊ကုလားတန်မြစ်ဝှမ်းစီမံကိန်း၊နှင့် နှစ်နိုင်ငံ လူဝင်လူထွက်မှုနှင့် ကုန်သွယ်ရေးအခြေအနေများကို ဇိုခေါထာရ်နယ်စပ် ကုန်သွယ်ရေးရုံး အစည်းအဝေးခမ်းမတွင် သံအမတ်ကြီး၊ အာသံရိုင်ဖယ်တပ်မှ ဒုတိယတပ်မဟာမှူး ဗိုလ်မှူးချုပ်Vinos၊ မီဇိုရမ်ပြည်နယ် အတွင်းရေးမှူး ပူးလာလ်းနွန်မောရာ၊ ကြမ်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး Dr. Navin Agarwal ၊မီဇိုရမ်ပြည်နယ် ၊ ကြမ်ဖိုင်းခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်နှင့် ရိခေါ်ဒါရ်မြို့ရှိ ဌာနဆိုင်ရာများ တတ်ရောက်ကာ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်းလည်း သိရှိရသည်။

အိန္ဒိယသံအမတ်ကြီး၏ ချင်းပြည်နယ်ခရီးစဉ်သည် နှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို အဆင့်မြှင့်တင်ရန် ဖြစ်သည် သံအမတ်ကြီးသည် ချင်းပြည်နယ်သို့ ၆ရက်နေ့က ရောက်ရှိခဲ့ပြီး ၁၀ ရက်နေ့တွင်ကလေးမြို့လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။