Input your search keywords and press Enter.

ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့အကြား နယ်မြေပဋိပက္ခများကြောင့် လာမည့်နှစ်တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင်ကျင်းပစေလိုကြောင်း ချင်းတက္ကသိုလ်ကျောင်းသားများမှ ထုတ်ပြန်တောင်းဆို

Salai Khup Khup

မင်းတပ်မြို့တွင် ကျင်းပသည့် (၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသား ပွဲတော်(CUSF)တွင် ချင်းတက္ကသိုလ်ကျောင်းသားများမှ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အကြား နယ်မြေပဋိပက္ခများ ကြောင့် လာမည့်နှစ်တွင် ကျင်းပမည့်ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ကျင်းပရန် ၂၉ရက်နေ့တွင် သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

ဖလမ်းမြို့မှချင်းတက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆလိုင်းထောင်းထောင်းက “ပလက်ဝမြို့မှာ ကျင်းပစေချင်တာက ရည်ရွယ်ချက်အများကြီးရှိတယ်။ ရခိုင်ပြည်နယ်နဲ့လည်း နယ်မြေ ပဋိပက တွေလည်းဖြစ် အဲလိုမျိုးတွေဆိုတော့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စု အကြီးအကဲတွေကို ဖိတ်ခေါ်ပြီး ချင်းပြည်နယ်ရဲ့ ချင်းအမျိုးသားနေ့ကို အဲမှာ ကျင်းပဖြစ်စေချင်တာလည်းပါတယ်”ဟုပြော သည်။

၂၁ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသား ပွဲတော်တွင် ကျောင်းသားများမှ သဘောထားငါးချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ချင်းပြည်နယ် အစိုးရအနေနဲ့ လာမည့်နှစ်မှာ ကျရောက်မည့် ၇၂ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ကျင်းပပေးရန်၊၂၁ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းများ ဆုံးဖြက်ချက်အရ နှစ်စဉ်မေလ နောက်ဆုံးအပတ်တွင် မိမိသက်ဆိုင်ရာ ဒေသတွင် သဘာဝပက်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် CUSF သက်ပင်စိုက်နေ့ အဖြစ်သတ်မှတ်ကြောင်းတို့ပါဝင်သည်။

ထို့ပြင် ချင်းပြည်နယ် အတွင်းရှိလမ်းအမည်များအား ချင်းလူမျိုးနှင့် သက်ဆိုင်သည့် အမည်များပေးအပ်ပြီး ချင်းဘာသာနှင့် အတူမြန်မာဘာသာဖြင့် ပူးတွဲရေးသားပေးရန်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပေါ်လျက်ရှိသော စစ်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများအား အစိုးရမှ လူသားချင်းစာနာ ထောက်ထားမှုဖြင့် အကူအညီများ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန် နှင့် စစ်ပွဲများ အမြန်ဆုံးရပ်တန့်စေရေး နည်းလမ်းရှာပေးရန၊် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ရှိ မြို့နယ်အလိုက်ရှိ ခွင့်ပြုငွေများတွင် တစ်မြို့နယ်နှစ် တစ်မြို့နယ် ကွာခြားလွန်းခြင်းများကို တွေ့ရှိရပြီး ချင်းတမျိုးသားလုံး သွေးစည်းခိုင်မာရေး တန်းတူညီမျှရေးနှင့် ချင်းပြည်နယ်မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ချင်းပြည်နယ်အစိုးရ အနေဖြင့် ပြန်လည်သုံးသက်ရန် တောင်းဆိုပါသည်။

ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကို ဧပြီလ၂၄ ရက်နေ့မှ စတင်ကျင်းပပြီး ၃၀ရက်နေ့အထိ မင်းတပ်မြို့ မြို့မစည်ပင်ဈေး ခန်းမတွင် ကျင်းပခဲ့ပြီး အနယ်အနယ်အရပ်ရပ် ချင်းကျောင်းသား ငါးရာကျော်တတ်ရောက်ခဲ့ကြောင်းသိရသည်။