Input your search keywords and press Enter.

ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးထားသော ပလက်ဝမြို့နယ်ရှိ ရွာနှစ်ရွာ၏ ပြည်သူများကို ရခိုင်ပြည်လွက်လပ်ရေးရမှသာ လွှတ်ပေးမည်ဖြစ်ကြောင်းသိရှိရ

Salai Khup Khup

ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် ကင်းသလင်းရွာနှင့် ခမောင်းဝ ရွာသူရွာသားများကို ရခိုင်ပြည်လွတ်လပ်ရေးရမှသာ လွှတ်ပေးတော့မည်ဖြစ်ကြောင်း ထွက်ပြေးလွတ်မှာက်လာသည့် ကင်းသလင်းကျေးရွာသား နှစ်ဦးပြောပြချက်အရ သိရှိရကြောင်း ကုန်ပြင်ကျေးရွာ ဥက္ကဌ ဦးယိုက်တန်းကပြောသည်။

ကုန်ပြင်ကျေးရွာ ဥက္ကဌ ဦးယိုက်တန်းက “AA စခန်းမှာ လူကြီးပိုင်းကတော့ အလုပ်တော့မခိုင်းဘူး လူလတ်ပိုင်း အလုပ်လုပ်နိုင်တဲ့ သူတွေကိုတော့ မရပ်မနားအလုပ်ခိုင်းတာတွေရှိတယ်တဲ့ ရိက္ခာတွေထမ်းခိုင်းတယ် တဲတွေဆောက်ခိုင်းတယ်တဲ့ အဲလိုမျိုးတွေမခံနိုင်လို့ ဝါးခုတ်ရင်းနဲ့ ထွက်ပြေးလာတယ်လို့ ပြောတယ်။ နောက်ပြီး ထွက်ပြေးလာတဲ့ သူတွေပြောပုံအရ ရခိုင်ပြည်လွက်လပ်ရေးရမှ လွှတ်ပေးမယ်လို့ပြောတယ်တဲ့ ရခိုင်ပြည်လွတ်လပ်ရေး မရသေးသ၍ လုံးဝမလွှတ်ပေးဘူးလို့ ပြောတယ်တဲ့”ဟုပြောသည်။

ပလက်ဝမြို့နယ် သာယာကုန်းအုပ်စုဖြင့်သော ကင်းသလင်းကျေးရွာ(ချင်းရွာ)နှင့် ခမောင်းဝကျေးရွာ(ရခိုင်ရွာ)တို့ကို ၂လပိုင်း ၂ရက်နေ့တွင် ရက္ခိုင့်တပ်မတော်လက်နက်ကိုင်AAမှ ဘင်္ဂလားဒေရှ့်နယ်စပ်တွင်ရှိသော ရက္ခိုင်တပ်မတော်စခန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ထိန်းချုပ်မှုမှ လွတ်မြောက်လာနိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

ဥက္ကဌ ဦးယိုက်တန်းက “ကင်းသလင်းကျေးရွာ နဲ့ ခမောင်းဝကျေးရွာ အကြားမှာ AAတွေစခန်းလုပ်ကြတယ်။ ကင်းသလင်းကျေးရွာက လူပေါင်းငါးဆယ်ကျော်ကျော်ရယ် ခမောင်းဝကျေးရွာက ရွာသူရွာသားတွေကို ဘင်္ဂလားဒေရှ့်နယ်စပ်ရှိတဲ့ AAတို့ရဲ့စခန်းမှာ သူတို့ကခေါ်ဆောင် သွားတယ်။ ကင်းသလင်းကျေးရွာ ကလူတွေကို ခေါ်သွားတာက အယောက်ငါးဆယ်သုံးဦး ဖြစ်တယ် လမ်းမှာကလေးမွေးတော့ အားလုံး ငါးဆယ်လေးဦးဖြစ်တယ်။ ငါးဆယ်လေးဦးထဲမှာ AA စခန်းကနေ ထွက်ပြေးလွက်မြောက်လာတဲ့သူ နှစ်ဦးရှိတယ် သူတို့အခုရွာမှာဘဲနေတယ်”ဟုပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ (၂၆၀၀)ကျော်အထိရှိကြောင်းလည်း ပလက်ဝမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများ စာရင်းအရ သိရှိရပါသည်။