Input your search keywords and press Enter.

ဒုသမ္မတ ဥိးဟင်နရီဗန်ထီးယူ၏ မတူပီခရီးစဉ်တွင် ဆေးရုံကြီး ကုတင်ငါးဆယ် တိုးမြှင့်ရန်နှင့် အထက (၁) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကတိပြုခဲ့

နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မတူပီမြို့ ဆေးရုံးကြီးကို ကုတင်ငါးဆယ် တိုးမြှင့်ရန် ဖြစ်ကြောင်းနှင့် အထက (၁) ကျောင်းဆောင်သစ်ကိုလည်း တည်ဆောက်ပေးမည်ဖြစ်ကြောင်း မတူပီမြို့ခရီးစဉ်တွင် ပြည်သူုများကို ကတိပေးသွားကြောင်း သိရှိရပါသည်။

မတူပီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက “လက်ရှိမတူပီဆေးရုံးကြီးက ကုတင်ငါးဆယ်ရှိတယ်။ ကုတင်ငါးဆယ်ထပ်တောင်းလိုက်တယ်။ ကုတင်တစ်ရာဆေးရုံအဖြင့် ဆောက်ပေးမယ်။ပြီးတော့ ကားပါကင်ထိုးလို့ရမယ် နေရာကွင်းပြင် အလှပန်းခြံလေးတွေကိုလည်း လုပ်ပေးမယ်လို့ ကတိပြုသွားတယ်။ နောက်တစ်ခုက အ.ထ.က(၁) ကျောင်းဆောင် အလယ်ဆောင်ရှိတဲ့ဟာကိုလည်း လုပ်ပေးမယ်လို့ ကတိပေးသွားတယ်။ သဘာဝဘေးနဲ့ ပက်သက်ပြီးတော့ တင်ပြထားတာ သူ့အနေနဲ့ ဘတ်ဂျက် အနေထားကြည့်ပြီးတော့ ဌာနဆိုင်ရာတွေကို တိုင်းခိုင်းပြီးမှ ဘယ်လောက်အတိုင်းတာမှာ ဘတ်ဂျက် ဘယ်လောက်ကျလဲဆိုတာကို မြန်မြန်ပြန်လည် တင်ပြကြပါ ဘယ်လောက် ဘတ်ဂျက်ကျမလဲ မသိရသေးတော့ ပေးနိုင်မဲ့ အနေထားရှိမရှိ ငွေပမဏအပေါ်မှာ လုပ်ပေးမယ်လို့ ပြောသွားတယ်”ဟုပြောသည်။

ထို့ပြင် ဒုသမ္မတမှ ချင်းပြည်နယ်တောင်ပိုင်း တွင်ရှိသော မင်းတပ်၊မတူပီ၊ ကန်ပက်လက်၊ ပလက်ဝတို့၏ ကျေးရွာတော်တော်များတွင် ကားလမ်းမရောက်နိုင်တာကြောင့် ပြည်ထောင်စုဘတ်ဂျက်နှင့် လုပ်ဆောင်ဖို့လိုအပ်ပြီး ပြည်ထောင်စုဘတ်ဂျက်ကျနိုင်ရန် ဌာနဆိုင်ရာအသီးသီးကို တင်ပြဖို့ မှာကြားကြောင်းသိရသည်။

ဦးအောင်လျန်းမှ “မတူပီနဲ့ ပလက်ဝက ချင်းပြည်မှာ ကျေးရွာတော်တော်များ ရှိတဲ့နေရာဖြစ်တယ် ချင်းပြည်နယ် ဘတ်ဂျက်ခွဲတဲ့ နေရာမှာ တန်းတူညီမျှခွဲလိုက်တဲ့ အခါကျတော့ နယ်မြေကျဉ်းတဲ့ ကန်ပက်လက်တို့ ထန်တလန်တို့ကျတော့ တော်တော်များများ ကားလမ်းပေါက်နေပြီလေ ချင်းပြည်နယ်အနေနဲ့ မတူပီ၊ ပလက်ဝ၊တွန်းဇံ တို့လိုမှာရှိတဲ့ ကျေးရွာတော်တော်များများက ကားလမ်းမပေါက်သေးဘူး ဒီဟာကို ပြည်နယ်ဘတ်ဂျက်ဖြစ်ဖြစ် ပိုဖြည့်ဆည်းပေးလိုက်မယ် ဆိုရင် တော်တော်များများ ကျေးရွာပြည်သူတွေကလည်း သွားလာရတာ အဆင်ပြေနိုင်တာပေါ့”ဟုပြောသည်။

နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ကန်ပက်လက်၊မင်းတပ်၊ မတူပီ၊ ဟားခါး၊ ထန်တလန် ဖြင့်သော မြို့ငါးမြို့သို့ သွားရောက်ခြင်းဖြင့်ပြီး ကန်ပက်လက်၊မင်းတပ်၊ မတူပီ၊ မြို့တို့ကို ဒုသမ္မတ တာဝန်ယူချိန်တွင် ဒုတိယအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။