Input your search keywords and press Enter.

မင်းတပ်မြို့ ရှိ ရပ်ကွက်လေးရပ်ကွက်မှာ နှစ်လတစ်ကြိမ်ပေးသော ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး များအတွက် ထောက်ပံ့ကြေးမရရှိ

Salai Khup Khup

မင်းတပ်မြို့ အတွင်းရှိ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး အတွက် နှစ်လတစ်ကြိမ် ပေးသော ထောက်ပံ့ကြေးကို ပုံမှန်မရရှိကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဒေသခံ ဒေါ်စင်သီယာလင်းလင်းက “ကျွန်မတို့ရပ်ကွက်မှာ စက်တင်ဘာလ လောက်မှာ ကျွန်မ စာရင်းသွားသွင်းတာ ကိုယ်ဝန်က အဲဒီတုန်းက နှစ်လပေါ့ တစ်လပိုင်းမှာကျွန်မ ထောက်ပံ့ကြေးရတယ်။ မိခင်နဲ့ကလေး ကျန်းမာရေးဌာန ပြောတဲ့အတိုင်း စာရင်းသွင်းတာဘဲ၊ ဘယ်အချိန်ကနေ စထုတ်ရလဲတော့မသိဘူး ဒါပေမဲ့ ကျွန်မထက် အရင်နာမည်စာရင်း သွားသွင်းတဲ့ သူတွေလည်း အဲလိုဘဲမရဘူးပြောတယ်။ တစ်ခေါက်ထုတ်ပေးပြီး နောက်ပိုင်းကျတော့ လတိုင်းတော့ သွားထုတ်တယ် မရဘူး။ တစ်လကို တစ်သောင်းခွဲ ထောက်ပံ့တယ်လို့ကြားတယ် ကျွန်မကတော့ တစ်ခေါက်ဘဲသွားထုတ်ရတယ်၊ နှစ်လစာအတွက် သုံးသောင်းတော့ရတယ်”ဟုပြောသည်။

မြန်နိုင်ငံတွင် ခက်ခဲသော ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ကျန်းမာရေးအတွက် လစဉ်ထောက်ပံ့ကြေးပေးလျှက် ရှိသည်။

အမည်မဖော်လိုသူဆေးဆရာမတစ်ဦးက “ကျွန်မတို့ဆီမှာ ကိုယ်ဝန်လာအပ်ပြီးရင် ကျွန်မချက်ခြင်း နာမည်သွားသွင်းခိုင်းတယ် သူတို့ကို စောစောရစေချင်လို့ လေ၊ ကိုယ်ဝန်ရှိတာနဲ့ ထောက်ပံ့ကြေးရတယ်ဆိုလို့ ကိုယ်ဝန်လာအပ်တယ်ဆိုရင် ချက်ခြင်းရပ်ကွက်ရုံးကို အကြောင်းကြားလို့ ပြောလိုက်တယ် တချို့တွေကျတော့ ကိုယ်ဝန်နဲ့ စာရင်းသွင်းပြီး သုံးလေးလလောက်ကြာပြီးတောင် ထောက်ပံ့ကြေးမရကြဘူး။ ကျွန်မက အုပ်ချုပ်ရေးမှူးနဲ့ စာရေးမကိုလည်း မေးတယ် ဘယ်လိုပုံစံလဲလို့ပြောတော့ သူတို့က စာရင်းကောက်ပေးတယ် သွားပို့တယ် ထောက်ပံ့ကြေးမထွက်လာတာ သူတို့လည်း မတတ်နိုင်ဘူးဘဲပြောတယ်။ တချို့ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့ကြေးရအောင် သွားအကြောင်းကြားပါတယ် ဒါပေမဲ့ ကလေးမွေးပြီးတဲ့အထိ မရကြဘူး။ သူတို့က ပိုက်ဆံကို နှစ်လတစ်ကြိမ်ထုတ်ပေးတာ ကုတ်နံပက်ထွက်ပြီးသားလူတွေကျတော့ နှစ်လတစ်ကြိမ်ထုတ်ပေး တာ ပထမအကြိမ်တော့ ရကြတယ် နောက်တစ်ကြိမ်ထုတ်တဲ့ အချိန်ကြတော့ ဒီကုတ်နံပက်က ပါမလာဘူးဆိုရင် ပိုက်ဆံမရတဲ့ လူတွေအများကြီး မြှို့ပေါ်လေးရက်ကွက်လုံးမှာ အဲလိုဖြစ်နေတာ”ဟုပြောသည်။

ရုံးတွင် နာမည်စာရင်းများသဖြင့် ကျွန်တော်တို့ဖက်တွင်လည်း အမှားရှိနိုင်ပြီး ရုံးမှထုတ်ပေးလိုက်သည့် ထောက်ပံ့ကြေးများကို ရက်ကွက်ရုံးတွင် လာရောက်မထုတ်ခြင်း အမျိုးမျိုးကိစ္စများ ရှိနိုင်သည်ဖြစ်၍ သေချာစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အသစ်ရောက်ရှိလာသည့် မင်းတပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဦးဖေလင်းကပြောသည်။

အနောက်ရပ်ကွပ် ဥက္ကဌ ဦးနားဟုန်းက “အဓိကတော့ နာမည်စာရင်းတောင် ပါမလာဘူး၊ ကုတ်နံပါတ်မှာလည်း မပါလာတဲ့ ဟာကိုတော့ ကျွန်တော်တို့ လုပ်ပေးလို့မရဘူး ဘာလို့လည်းဆိုတော့ လူမှုဝန်ထမ်းက ကုတ်နံပက်နဲ့ကျလာတယ် နာမည်နဲ့ကျလာတယ် ဆိုရင် မထုတ်ပေးရင်ကျွန်တော်တို့အပြစ်ပေါ့ နာမည်စာရင်း မှတ်ပုံတင်နဲ့ရှာပြီးရင် တွေ့ရင် မထုတ်ပေးတာတော့ မရှိဘူး နာမည်နဲ့ ကုတ်နံပက်နဲ့ မှတ်ပုံတင်တွေနဲ့လွှဲတဲ့ဟာတွေရှိတယ် အဲဒါတွေကိုပြန်ရှာပြီးမှ ပြန်ပြင်ပေးပါတယ်။ တချို့လူတွေ နားမလည်တာကတော့ ကိုယ်ဝန်ဆောင်မိခင် ပိုက်ဆံပေးတာကို နှစ်လစာစုပြီးမှ သုံးလစာစုပြီးမှ တစ်ချို့ထုတ်ချင်တဲ့သူတွေရှိတယ် အဲဒါတွေမရဘူး ဒီတစ်လကျလာလို့ရှိရင် ဒီတစ်လ ထုတ်ပိုင်ခွင့်ရှိတယ် နောက်တစ်လက နောက်တစ်လမှထုတ်လို့ရတယ် စုလို့မရဘူး အဲလိုလာမထုတ်တဲ့သူတွေ ကတော့ ကျွန်တော်တို့က သူ့နာမည်စာရင်းနဲ့ သူ့ကုတ်နံပက်နဲ့ သူ့မှတ်ပုံတင်နဲ့ ကျွန်တော်တို့ကပြန်အပ်ရတယ်” ဟုပြောသည်။