Input your search keywords and press Enter.

ဒုတိယ သမ္မတ ချင်းပြည်နယ်ခရီးစဉ်တွင် မတူပီမြို့အတွင်း သဘာဝဘေးအန္တာရယ်ကြောင့် ပျက်စီးနိုင်သော နေရာများကို ပြုပြင်ပေးရန် တင်ပြတောင်းဆိုမည်

Salai Khup Khup
မတူပီမြို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် အဓိကထိခိုက်ပျက်စီးစေနိုင်သော နေရာများကို ပြုပြင်ရန် နိုင်ငံတော် ဒုသမ္မတဦးဟန်နရီဗန်ထီးယူ၏ ချင်းပြည်နယ်ခရီးစဉ်တွင် တင်ပြသွားမည်ဖြစ် ကြောင်း မတူပီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။

မတူပီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက “မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီးမှ ဒုတိယသမ္မတလာတဲ့ အခါကျရင် တင်ပြတောင်းဆိုမဲ့ဟာကို အခုစရင်းတွေပြုစုနေတုန်းဖြစ်တယ်။ လောလောဆယ် သဘာဝဘေးအန္တာရယ် နဲ့ပက်သက်ပြီးမှ မတူပီကအဓိက စန်ဘာင်ရဲ့အနောက်ဖက်က မြောင်းကြီးက အန္တရာယ်ရှိတယ်။ အရှေ့ခိုဘွေဘက်ကလည်း မြောင်းကြီးရှိတယ်။ နောက်တစ်ခုက အရှေ့လောင်ဘန်းကို မြို့မိမြို့ဖနဲ့ တိုင်ပင်ပြီးမှ အဲဒီနေရာက မိုးတွင်းကျရင် အိမ်တွေပြိုပြိုသွားတာရှိတယ် အဲဒီဟာအတွက်ကို တင်ပြဖို့ အဓိကတိုင်ပင်ထားကြတယ်” ဟုပြောသည်။
နိုင်ငံတော်ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူသည် ဒီတစ်ပက်အတွင်း ချင်းပြည်နယ်ကို လာရောက်မည်ဖြင့်ပြီး ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကလာရောက်စစ်ဆေး သွားမည် ဖြင့်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ထံမှသိရသည်။

မင်းတပ်မြို့ လူမှုအဖွဲ့အစည်းမှ ဦးမာန်အွန်က “ကျွန်တော်တို့မင်းတပ်မှာတော့ လူထုတွေ့ဆုံဖို့ အစီစဉ်မရှိဘူး ဖြက်သွားရုံလောက်ဘဲ အဲလိုဟာမျိုးသတင်းတွေ ကြားနေရတယ်။ ကျွန်တော်တို့ဆီမှာမသေချာဘူး သေချာရင်တော့ ကျွန်တော်တို့အရပ်ဖက်အဖွဲ့အစည်းနဲ့ သီးသန့်တွေ့ဆုံချင်တယ် ဆိုတဲ့ဥစ္စာကို စာတင်ဖို့ကို လည်းလုပ်ပြီးပြီ ဒါပေမဲ့ အခုချိန်ထိမသေချာ သေးဘူး။ကျွန်တော်တို့အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ဒုသမ္မတ တွေ့ဆုံနိုင်ရင်တော့ တောင်းဆိုစရာတော့ အများကြီးဘဲ။ အဓိကတောင်းဆိုစရာတွေကတော့ ရပ်တန့်ထားတဲ့စီမံကိန်းတွေကို အကောင်ထည်ဖော်ပေးဖို့၊ နောက်တစ်ခုက မြို့နယ်ကိုးမြို့နယ်မှာ ငါးမြို့နယ်နဲ့ လေးမြို့နယ်အကြားမှာ ဘတ်ဂျက်မမျှတမှုတွေကို ပြောမယ် ပြည်နယ်အစိုးရကအလုပ်မလုပ်တဲ့ ကိစ္စတွေ တင်ပြစရာတွေအများကြီးကို စုစောင်းထားတယ် တကယ်လို့တွေ့ဆုံခွင့်ရရင် တင်ပြသွားမှာပါ”ဟုပြောသည်။
နိုင်ငံတော်ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ ထန်တလန် ဖြင့်သောမြို့ငါးမြို့သို့ သွားရောက်မည်ဖြစ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့တို့ကို ဒုသမ္မတတာဝန်ယူချိန်တွင် ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။