Input your search keywords and press Enter.

မင်းတပ်စာတိုက်အဆင်းကျောက်ခင်းလမ်း မြေကြီးပါဝင်မှုများနေသဖြင့် ပြန်ပြုပြင်မည်

Salai Khup Khup

မင်းတပ်မြို့ ရှိ စာတိုက်အဆင်းကျောက်ခင်းလမ်းကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဒေသခံပြည်သူများနှင့် ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရာ ကျောက်ခင်းလမ်းအပေါ်ပိုင်း မြေကြီးများနေသဖြင့် ပြန်လည်ပြုပြင်ပေးရန် အကြုံပြုခဲ့ကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးနေလင်းအောင်ကပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က “အခုခင်းထားတဲ့ လမ်းရဲ့ပြသနာက ခင်းထားတဲ့ လမ်းအပေါ်ပိုင်းက မြေကြီးဖုံးတဲ့ ပြသနာဖြစ်တယ်။ လမ်းခင်းတဲ့ ပုံစံကဒီဇိုင်းက လည်းနည်းနည်းအောက်တယ်။ တင်ဒါပြိုင်ကတည်းကလား ဒါမှမဟုတ် တင်ဒါပြိုင်မဲ့သူမရှိလို့ ဒီတိုင်းလုပ်ခိုင်းတယ်ထင်တယ်။ ဒါကတော့ ကျွန်တော်လည်းအသေချာတော့မသိရဘူး ။ မြေကြီးကများတယ် ကျောက်ကနည်းတယ်။ အဲတာကအဓိကပြသနာဖြစ်တယ်။ အမှန်က အောက်ကို ကျောက်ခင်း၊ အပေါ်ကသဲလေးဖြူးရင် ပိုကောင်းမှာ။ အဲတာကို ကုမ္မဏီဖက်ကိုလည်း ပြောတဲ့အခါ သူတို့ဖက်ကလည်း မြေကြီးကိုဖယ်ပြီး သဲကြမ်းပြန်ခင်းပေးဖို့ လက်ခံခဲ့ကြတယ်”ဟုပြောသည်။

စာတိုက်အဆင်း ကျောက်ခင်းလမ်းကို သက်ဆိုင်ဌာန လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ ၊ ပြည်နယ်အင်ဂျင်နီယာ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများမှ ၂၂ ရက်နေ့တွင်သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဦးနေလင်းအောင်က “စာတိုက်အဆင်းကျောက်ခင်းလမ်း ကျောက်ချောခင်းခြင်းက လုပ်ထားတဲ့ပုံစံကတော့ မမှားဘူးဆိုပေမဲ့ တချို့လုပ်တဲ့နေရာလေးတွေမှာ အားနည်းချက်လေးတွေ တွေ့ရတယ်။ တစ်ချို့က ကျောက်ရောမြေဆိုတဲ့နေရာမှာ သူတို့က လမ်းကိုခြောက်လက်မအမြင့်ပုံစံနဲ့ ဒီဇိုင်းဆွဲထားတယ်။ တင်ဒါအောင်ထားတဲ့ သူတို့ရဲ့ဒီဇိုင်းပြထားတာကိုတော့သိတယ်။ လမ်းခင်းတဲ့နေရာမှာ အောက်ပိုင်းကို ကျောက်ခင်းထားတာတော့သိတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကျောက်ရောမြေထည့်တဲ့နေရာမှာ မြေကြီးများတယ်။ မြေကြီးများတော့ ကျောက်ကနည်းသွားတယ် အဲဒီအတွက် သူတို့ကတော့ ပြန်ရှင်းလင်းပြီးတော့ နောက်တစ်ခုပြန်လုပ်ဖို့ ပြန်ပြောရတာပေါ့” ဟုဦးနေလင်းအောင်ကပြောသည်။

စာတိုက်အဆင်းကျောက်ခင်းလမ်း ခင်းခြင်းလုပ်ငန်းကို ရန်ပုံငွေ (၃၈၅၀၀)သန်းဖြင့် ချင်းဒိုင်းမွန်းကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကိုလည်း တစ်လပိုင်း ၂ရက်နေ့မှ စတင်ခဲ့ကြောင်းသိရသည်။