Input your search keywords and press Enter.

သုံးနှစ်ကြာမြင့်ခဲ့သည့် ဟားခါးရေပေးဝေရေးစီမံကိန်း ရပ်ကွက်သုံးခုအား ဒီဇင်ဘာလအတွင်း စတင်ဖြန့်ဝေမည်

Khup Khup

ဟားခါးမြို့ပေါ်ရှိ ရက်ကွက်များထဲမှ နွေရာသီရေရှားပါးချိန်တွင် အခြားရက်ကွက် များထက် ရေရရှိရန် ခက်ခဲသော ရက်ကွက်သုံးခုကို ဒီဇင်ဘာလ (၁၇) ရက်နေ့မှစတင် ပြီး ရေဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ဟားခါးမှာက အခုဆိုရင် မိုးကုန်ပြီဖြစ်လို့ ရေရရှိဖို့ နည်းနည်း ခက်ခဲလာပြီ အထူးသဖြင့် နွေရာသီမှာ ရေရှိဖို့ ခက်ခဲတဲ့   မြို့သစ်ရက်ကွက်တို့၊ ဈေးသစ်ရက်ကွက်၊ဟားခါးသာစ်ရက်ကွက်တို့ အဲဒီရက်ကွက်တွေကို အဓိကဦးစားပေးပြီး    (၁၇)ရက်နေ့မှာ ရေလွှတ်တဲ့ကိစ္စ လည်းဆန်းဖို့လုပ်ထားတယ် ရက်ကွက်အားလုံးမရနှိုင်သေးရင်တောင် ဒီရက်ကွက်သုံးခုကိုတော့ အတတ်နှိုင်ဆုံးပေးနှိုင်ဖို့ ဆောင်ရွက်နေတယ် ”ဟုပြောသည်။

ရေဖြန့်ဝေနှိုင်ရေးစီမံကိန်းကို (၂၀၁၆-၂၀၁၇)ခုနှစ်တွင်စတင်ခဲ့ပြီး (၂၀၁၇-၂၀၁၈)ခုနှစ်ဘတ်ဂျက် ဟူ၍ ဘတ်ဂျတ်နှစ်ပိုင်းဖြစ် ဆောင်ရွက်ခဲ့ရာ  တီမြစ်မှ ဟားခါးမြို့ထိရောက်က တစ်ပိုင်း၊ နောက်တစ်ခုက ဟားခါးမြို့တွင်းဖြန့်ဝေတဲ့ ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခဲ့ကြရာ ပထမ ဘတ်ဂျက်နှစ်ပြီးသွားပြီဖြစ်သော်လည်း  ဒုတိယပိုင်းဖြစ်သော မြို့တွင်းဖြန့်တဲ့ အပိုင်းမှာ မပြီးဘူးစီးခဲ့ကြောင်းနှင့် ကုမ္မဏီနှစ်ခုမှ တာဝန်ခွဲယူပြီး ဆောင်နေကြကြောင်းလည်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

သူကဆက်ပြီး “ရက်ကွက်အားလုံးကို ရေပေးဝေနှိုင်ဖို့က သူတို့လုပ်တဲ့ပုံစံက ခေတ်မှီတိုးတတ်တဲ့ နည်းပညာပုံစံမျိုးနဲ့ လုပ်ထားတာမဟုတ်ဘူးဆိုတော့ ရက်ကွက်အားလုံးရေရရှိဖို့ဆိုတာက မဖြစ်နှိုင်သေးပါဘူး လောလောဆယ်မှာတော့ နွေရာသီမှာ ရေအခက်ခဲအဖြစ်ဆုံးဖြစ်တဲ့ မြို့သစ်ရက်ကွက်တို့၊ ဈေးသစ်ရက်ကွက်၊ဟားခါးသာရ်ရက်ကွက်တို့ အဲဒီရက်ကွက်တွေကို အဓိကဦးစားပေးပြီး လုပ်ပါမယ်”ဟုပြောသည်။