Input your search keywords and press Enter.

ပလက်ဝမြို့နယ်၊ ရပ်ချောင်းကျေးရွာသား တစ်ဦး မိုင်းထိမှန်ပြီး ဒဏ်ရာပြင်းထန်၊ ဆေးကုသရန် ငွေကြေးအခက်အခဲဖြစ်

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရပ်ချောင်းရွာသားတစ်ဦး တောထဲဟင်းထွက်ရှာရန် ရွာသားငါးဦးထွက်ခဲ့ရာ တစ်ဦး မိုင်းထိမှန်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်ဟုသိရသည်။

အဆိုပါ ရပ်ချောင်းရွာသားငါးဦးမှာ အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက စားဝတ်နေရေးအတွက် တောထဲ ဟင်းရှာထွက်ခြင်းဖြစ်ပြီး ၂၉ ရက်နေ့တွင် တစ်ဦးမိုင်းထိမှန်ခဲ့ခြင်းကြောင့် ကျန်လေးဦးမှ ရွာသားများကို သတင်းပေးလူခေါ်ပြီး ညနေ (၄) နာရီဝန်းကျင်တွင် ရွာသို့ပြန်လည်သယ်ဆောင်ခဲ့ကြသည်။

ဦးဟွေ့တန်းမှာ မျက်နှာပျက်စီးဒဏ်ရာ၊ ဘယ်လက်ချောင်းများဒဏ်ရာ၊  ယာခြေတစ်လုံး ပေါင်းရင်းထိဒဏ်ရာ၊ သွားအပေါ်အောက်လေးချောင်းကျိုးဒဏ်ရာ နှင့် ယောကျာ်းလိင် အင်္ဂါထိခိုက်ဒဏ်ရာတို့ကို ရရှိပြီး ပြင်းထန်ဒဏ်ရာများဖြင့် ပလက်ဝမြို့ဆေးရုံးတွင် ဆေးကုသလျက်ရှိသည်။

မိုင်းထိသူဦးဟွေ့တိန်းတွင် သားသမီး ခြောက်ဦးရှိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် စစ်တွေဆေးရုံတွင် ဆက်လက်ဆေးကုသရန်လိုအပ်နေပြီး မိသားစုအနေဖြင့်လည်း ဆေးကုသစရိတ်အခက်အခဲဖြစ်လျက်ရှိသည်။

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့အကြား ၂၀၁၅ ခုနှစ်ကတည်းက စစ်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားများ စစ်ဘေးရှောင်ထွက်ပြေးကြရသကဲ့သို့ မိုင်းထိပြီး ကိုယ်လက်အဂါင်္ချို့ယွင်းခြင်း၊ အသက်သေဆုံးရသည့်အထိလည်းဖြစ်ပွားမှုများရှိနေသည်။