Input your search keywords and press Enter.

ဟားခါးမြို့၌ လူသုံးဦးထံမှ (၄.၈) တစ်လုံးထိုး ကျည် ၇၇၀ တောင့် သိမ်းဆည်းမိ

ထန်တလန်လမ်းခွဲမှ လူ (၃) ဦးမောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့်အား သိမ်းဆည်းရမိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ နေ့လည်း ၁ နာရီအချိန်တွင် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲ၌ လူ ၃ ဦးမောင်နှင်လာသည့် ဆိုင်ကယ် ၂ စီးအားတွေ့ရှိ၍ ရပ်တန့်ခိုင်းစဉ် ထွက်ပြေးခဲ့ကြရာ ထိုသို့ ထွက်ပြေးသွားသူများကို လိုက်လံဖမ်းစီးခဲ့ရာ ဗိုလ်ချုပ်လမ်း နာရီစင်၌ ပြန်လည်ဖမ်းစီးရမိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ပေါ်တွင်ပါလာသည့် ပစ္စည်းများအား စစ်ဆေးရာ ပီနံအိတ် ၂ အိတ်အတွင်းမှာ Shaktiman Express တံဆိပ်ပါ စက္ကူဗူး ၇၇ ဗူးအတွင်းမှ (၄.၈) တစ်လုံးထိုးကျည် ၇၇၀ တောင်အား သိမ်းဆည်းရမိခဲ့သည်။

ဆိုင်ကယ်ပိုင်ရှင် မာန်ဟေးလျန်(၄၃)နှစ် နှင့် အပေါင်းပါ နှစ်ဦးကို ဟားခါးမြို့မရဲစခန်း(ပ) ၇၀၁/၂၀၁၈၊ ချင်းဝိသေသတိုင်းဥပဒေပုဒ်မ ၃၄(၄) ဖြင့် ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။