Input your search keywords and press Enter.

မီဇိုအမျိုးသမီးများ(အိန္ဒိယနေ) လူမျိုးခြားကိုလက်ထပ်ပါက အမျိုးအနွယ်မှ ပယ်ဖျက်ရန် မီဇိုလူငယ်အဖွဲ့ (YMA ) မှတောင်းဆို

မီဇိုအမျိုးသမီးများ ( အိန္ဒိယနေ) လူမျိုးခြားကိုလက်ထပ်ပါက အမျိုးအနွယ်မှ ပယ်ဖျက်ရန် မီဇိုရမ် အမျိုးသားရေးပြင်းထန်သည့် မီဇိုလူငယ်အဖွဲ့( YMA) က ထုတ်ပြန်လိုက်သည်။

မီဇိုလူငယ်အဖွဲ့( YMA ) က ညီလာခံကို ပြီးခဲ့တဲ့အပတ် သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မီဇိုးအမျိုးသမီး (အိန္ဒိယနေ) တွေအနေနဲ့ လူမျိုးခြားကို လက်ထပ်ရင် အမျိုးအနွယ်မှ ပယ်ဖျက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရအနေနဲ့ ဥပဒေအဖြစ် အသက်ဝင်စေဖို့ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းသမိုင်းသုတေသီတစ်ဦးဖြစ်သူ ဆရာဆလိုင်းရိုဆန်းက “ အိန္ဒိယာန်းနဲ့သွေးမနှောစေချင်တာကိုအပြစ်မဆိုပေမဲ့ အခြား Tribal တွေနဲ့လက်ထပ်ခြင်းကို ထိခိုက်စေလိမ့်မယ်။ အမျိုးသမီးတယောက်ရဲ့ အခွင့်အရေးကို တိုက်ရိုက်ထိခိုက် ချုပ်ချယ်ပါတယ်။ အဲလိုလုပ်မဲ့အစား Non Mongolian ကို ဥပဒေတမျိုးတားမြစ်ပြီး Mogolian Hill Tribe ကိုလက်ထပ်ခဲ့ရင် သားသမီးတွေကလည်း မီဇိုးချင်းစကားနားလည်တယ်ဆိုရင် Mizo ဖြစ်ခွင့် တောင်ပေးရမှာ။ ကချင်ဆိုရင် ကချင်အမျိုးသမီးယူတဲ့အခြားလူအားလုံးကို ကချင်အမည်ပေးပြီး မိသားစုထဲထည့်လိုက်တယ်။ အခုက ကိုယ့်နှမတွေကို မိသားစုကနေ မောင်းထုတ် သလိုပါပဲ” ဟု သူ၏လူမှုကွန်ယက်စာမျက်နှာတွင် သုံးသပ်ရေးသားသည်။

အကယ်၍ ထိုဆုံးဖြတ်ချက်သည် ဥပဒေအရ အတည်ဖြစ်လာပါက လူမျိုးခြားနဲ့ လက်ထပ်ထားတဲ့ မီဇိုလူမျိုးနွယ်စုတွေကို ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ကြောင်းပါရှိသည်။
Ref: thenourtheasttoday