Input your search keywords and press Enter.

နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်ဝင်စားမှုလျော့နည်းနေဟုဆို

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ နယ်ရှိ ပြည်သူများ ကြားဖြတ်ရွေးကောက်ပွဲ အတွက် စိတ်ပါဝင်စားမှု လျော့နည်းနေသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်လျန်းကပြောသည်။

မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်လျန်းက “ဒီကြားဖြတ်ရွေးကောက်ပွဲက ဘယ်သူမှစိတ်ဝင်စားမှုမရှိဘူး မဲစရင်းကပ်တာ တောင်မှ သွားကြည့်ပြီးတော့ အဲနေ့ ကျရင် ကြားဖြတ်ရွေးကောက်ပွဲ ကျရင် မဲပြားပေးနှိုင်တဲ့  အနေထားကို မဲစားရင်းထဲမှာ ကိုယ့်နာမည် ပါမပါ အဲလိုမျိုးလည်းဘယ်သူမှ မကြည့်ကြဘူး မေးသလောက်ကလည်း မသိဘူး ဆိုတာကြီးဘဲဖြစ်နေတယ် သွားတောင်မကြည့်ရသေးဘူး ဆိုတာမျိုးဖြစ်နေတယ်”ဟုပြောသည်။

သူကဆက်ပြီး “ဒီကြားဖြတ်ရွေးကောက်မှာ လူတိုင်းလိုလိုက စိတ်ဝင်စားမှု တော်တော်လျော့နည်းသွားတယ် လျော့နည်းသွားတာ ဆိုတာကလည်း (၂၀၁၅)ခုနှစ်က NLD အစိုးရ မတတ်ခင်က သူတို့မဲဆွယ်တုန်းက အကောင်ထည် ဖော်နှိုင်မှု ဆောင်ရွက်နှိုင်မှု နည်းနည်း အားနည်းသွားတော့ လူထုကလည်း မဲကိုဘယ်သူဘယ်ဝါကို ပေးရင်လည်းမထူးပါဘူး ဆိုပြီးတော့လေ နောက်တစ်ခုက နိုင်ငံရေးက ထူးထူးခြားခြား မရှိတော့ လူထုစိတ်ထဲမှာ ထူးခြားမှုမရှိဘူးဆိုတဲ့  ခံယူချက်ဖြစ်လာတယ်”ပြောသည်။

ဒေသနှင့် အစိုးရဘက်မှ ဒေသဖွံ့ ရေးနှင့်ပတ်သက်ပြီး ချပေးသောအရာများ ဒေသနှင့် ကိုက်ညီမှုရှိရှိဖြင့် အဓိကဆောင်ရွက်ပေးနှိုင်သော ပုဂ္ဂိုလ်မျိုးကို မဲပေးစေချင်ကြောင်း ဦးအောင်လျန်းကဖြည့်စွက်ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာလ (၃)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ချင်းပြည်နယ်တွင် မတူပီမြို့အတွက် လစ်လပ်နေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ နှင့် ကန်ပက်လက်မြို့တွင် ပြည့်သူ့လွှတ်တော်နေရာအတွက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။