Input your search keywords and press Enter.

UNHCR ရုံးချုပ်သို့ CHRO မှ ယနေ့ ချင်းဒုက္ခသည်များနှင့် ပတ်သက်ပြီး သွားရောက် တွေ့ဆုံအရေးဆိုမည်

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ဆွီဇီလန်နိုင်ငံ၊ ဂျနီဗာရှိ UNHCR ရုံးစိုက်ရာဌာနချုပ်သို့ ချင်းဒုက္ခသည်များ အရေးနှင့်ပတ် သက်ပြီး ယနေ့သွားရောက်တွေ့ဆုံအရေးဆိုတော့မည်ဖြစ်သည်။

ချင်းလူ့အခွင့်အရေး (CHRO) အနေဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၆) ရက်နေ့အထိ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ရန်ဟီးလီး၊ နိုင်ငံတကာသံ ရုံးများနှင့် လူမှုအဖွဲ့အစည်းအစည်းများနှငလည်း တွေ့ဆုံမည်ဖြစ်ပြီး အောက်တိုဘာလ (၇) ရက်နေ့မှ (၁၂) ရက်နေ့တွင် လန်ဒန်၊ ဥပရောပရှိ ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ချင်းဒုက္ခသည်များ၏ အရေးဆိုသွားမည်ဖြစ်သည်။အိန္ဒိယနိုင်ငံအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ခံ ဆလိုင်းကျုံဒေါ့ခ်က “ CHRO အနေနဲ့ အစီအရင်ခံစာတွေထုတ်တယ်။ အိန္ဒိယနဲ့ မလေးရှားက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတွေပြုလပ်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ UNHCR တွေနဲ့လည်းတွေ့ဆုံဖြစ်တယ်။ ချင်းပြည်နယ်ရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ စာမျက်နှာ (၃၅) မျက်နှာပါ အစီအရင်ခံစာလည်းထုတ်တယ်။ အဲဒါကို ထိုင်းနိုင်ငံမှာ ရှင်းလင်းပွဲနဲ့အတူထုတ်ပြန်ပြီးပြီ။ ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရားသူတွေနဲ့လည်း တွေ့ဆုံပြီးခဲ့ပြီ” ဟုပြောသည်။

သူကဆက်ပြီး “ အခုဆိုရင် အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ (၅၈) ကလည်း ကျွန်တော်တို့ဖက်ရပ်တည်ပြီးUNHCR ရဲ့ဆုံးဖြတ်ချက်ကို ၀ိုင်းရှုံ့ချကြတယ်။ ဒီနေ့ ၃ နာရီမှာ ဂျနီဗာက UNHCR ရဲ့ ရုံးချုပ်မှာ CHRO အဖွဲ့သွားပြီး အစီရင်ခံ စာကိုသွားပေးမှာဖြစ်တယ်။ အောက်တိုဘာလ (၆) ရက်နေ့အ ထိနေပြီး တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ဆုံသွား မှာဖြစ်တယ်” ဟုပြောသည်။

အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ ချင်းဒုက္ခသည်များ ၂၀၁၉ ခုနှစ်အကုန်အပြီး နေရပ်ပြန်ရန် UNHCR က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များအတွက်မူ မြေပြင်အနေအထားပြန်လည် စုံစမ်းရန်အတွက် ပြန်လည်ဆိုင်းငံ့ထားခဲ့သည်။