Input your search keywords and press Enter.

အရည်သွေးစမ်းသပ်မှုများအောင်မြင်သဖြင့် ဘုံဇုံးဘိလပ်မြေစက်ရုံယခုနှစ် ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်မည်

ချင်းပြည်နယ်ဟားခါးခရိုင်အတွင်းရှိဘုံဇုံးရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် အရည်အသွေးစမ်းသပ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်သဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင်အကောင်ထည်ဖော်တော့ မည်ဖြစ်ကြောင်းချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ဖို့အ တွက်အရည်သွေးပြည့်မီမှု ရှိမရှိစမ်းသပ်မှုများလုပ်ဆောင်ခဲ့ ပြီးအောင်မြင်မှု အပြည့် ဝရရှိခဲ့ပါတယ်၊မြေပိုင်ဆိုင်မှုတို့  အခြားဟာတို့ ကို နှိုင်ငံတော်အဆင့်ထိတင်ပြပြီးတော့ ဆောင်ရွက်နေတယ၊် စတင်အကောင်အထည်ဖော်ဖို့ ကို ဒီနှစ်ကုန်ပိုင်းပွင့်လင်းရာသီရောက်တာနဲ့  အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်နေတယ်”ဟုပြောသည်။

ဘုံဇုံးကျးရွာ၊ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ချင်းပြည်နယ် အစိုးရ၊ ပြည်ထောင်စုအဆင့် သာမက နှိုင်ငံခြားပညာရှင်များမှ စမ်းသပ်ပြီး ရေရှည်လုပ်ငန်းလုပ်ဆောင်ရန်ရွည်ရွယ်ထားခြင်းဖြစ်သည်။

သူကဆက်ပြီး “ သစ်တောဝန်ကြီး ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ က ကွင်းဆင်းပြီးတော့ ပြည်သူလူထုနဲ့  သွားဆွေးနွေးတယ်။ ပြည်သူဘက်ကနည်း နည်းလေးသဘောမကျတဲ့  လေးငါးဆယ်ယောက်လောက် ကတော့ ဆွေးနွေးတာပေါ့။ ဒါပေမယ့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးနဲ့  ရရှိနှိုင်မယ့်အကျိုးနဲ့  အဲဒါတွေကိုအသေးစိတ်ရှင်းပြတဲ့ အခါကြတော့ အားလုံးကသဘောတူလက်ခံတယ်။ ဆက်လုပ်ဖို့ ဘဲရှိတယ်”ဟုပြောသည်။

ဘုံဇုံးကျေးရွာသည် မကွေးတိုင်း ဂန့်ဂေါမြို့နှင့် ချင်းပြည်နယ် ဟားခါးခရိုင် နယ်စပ်တွင် တည်ရှိသည့် မြေပြန့်ရွာတစ်ရွာဖြစ်သည်။