Input your search keywords and press Enter.

ကန့် ကွက်မှုများရှိခဲ့သော်လည်း ထန်တလန်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့် လုပ်ငန်းစတင်

ထန်တလန်မြို့ တွင် ပန်းခြံနှင့်တကွ သိန်း(၇၀) တန်ဗိုလ်ချုပ်ကြေးရုပ်ထားရှမည့် စီမံကိန်းကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ထန်တလန်မြို့နယ် စည်ပင်ရေးရာကော်မတီမှ Pu Obed Nawl Ceu ကပြောသည်။

Pu Obed Nawl Ceu က “ငါးဧကခန့် ကျယ်ဝန်းတဲ့  ပန်းခြံထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကို အများဆုံးငွေသားသိန်း(၇၀) အသုံးပြုပြီး တည်ဆောက်မှာဖြစ်တယ် ။ အစိုးရရန်ပုံငွေသိန်းသုံးရာရရှိထားတယ် ။ အဲဒီထဲကနေ နှစ်ရာ့သုံးဆယ်ကို ပန်းခြံဆောက်တဲ့  နေရာမှာအသုံးပြုမှာဖြစ်တယ်။ကျန်တဲ့ သိန်း(၇၀)နဲ့  အပြီးအစီးတည်ဆောက်မယ်”ဟုပြောသည်။
ထန်တလန်မြို့ တွင်

ဗိုလ်ချုပ်ကြေးရုပ် ပြုလုပ်မည့်ဘက်ဂျက်အစား ဒေသဖွံ့ ဖြိုးရေး အတွက်အသုံးပြုသင့်ကြောင်း ထန်တလန်အရပ်ဖက်လူမှုအဖွဲ့အစညးများမှ သက်ဆိုင်ရာ ဌာနထံ စာရေးသားတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း အစိုးရမှ ယခုကဲ့သို့ လုပ်ငန်းအကောင်အထည်ဖော်မှုကိ စတင်လာခြင်းဖြစ်သည်။

Pu Obed Nawl Ceu ကဆက်ပြီး “ထန်တလန်ကလွှတ်တော်ကိုယ်စားလယ်တွေရော မြို့ မိမြို့ ဖတွေရောခေါ်ပြီးတော့ ညှိနှိုင်းစည်းဝေးတွေလည်း လုပ်ခဲ့ ပြီးပြီ ။ ပန်းခြံထဲမှာ တကယ်လို့  အာဇာနည်နေ့ တို့ လိုမျိုးကျင်းပတဲ့  အခါ ရှိသင့်တာပေါ့ဆိုပြီး ရပ်မိရပ်ဖတွေကိုလည်း ပြောပြတယ် သဘောလည်းတူကြပါတယ် ။ တချို့ လူနည်းစုတော့ သဘောမတူကြဘူး”ပြောသည်။

ထန်တလန်မြို့အရပ်ဖက်လုပ်ငန်း တက်ကြွလှုပ်ရှားသူ မိုင်ပါရ်ကူးက“ဒီရုပ်တုက ထန်တလန်အတွက် မလိုအပ်ဘူးလို့မြင်တယ်၊ ဒီထက်အရေးကြီးတဲ့ဟာတွေလုပ်စရာအများကြီးရှိတယ်၊ အိမ်ကြားလမ်းတွေကအစ တစ်ခြားလုပ်ရမယ့်ဟာတွေလည်းအများကြီးရှိသေးတယ်၊ သူတို့သုံးမယ့်ဘတ်ဂျက်နဲ့ဆိရင် တစ်ခြားလုပ်နိုင်တဲ့ဟာတွေအမားကြီးရှိတယ်၊ ဒီကိစ္စကို ကန့်ကွက်ခဲ့ကြပေမယ့် အကောင်အထည် ဖော်တဲ့အပေါ်မှာတော့ သူတို့က အစိုးရဆိုတော့ ဒေသခံတွေကန့်ကွက်နေပေမယ့် သူတို့လုပ်ပိုင်ခွင့်ကနေ ဆက်လုပ်သွားတယ်လို့မြင်တယ်”ဟု ဖြေကြားခဲ့သည်။

ထန်တလန်မြို့နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံနှင့်အတူ ထားရှိမှုဆောင်ရွက်လာသကဲ့သို့ ဟားခါးမြို့တွင်လည်း ပန်းခြံနှင့်တကွ ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိနိုင်ရေး ပန်းခြံနေရာအတွက် သက်ဆိုင်ရာမှ နေရာရှာဖွေလျက်ရှိသည်။