Headlines

ရိဒ်နယ်စပ်ဂိတ်အား ၂ ပတ် ကြာတဲ့အထိ အိန္ဒိယအာဏာပိုင်များက ပြန်မဖွင့်သေးလို့နယ်စပ်ကုန်သွယ်ရေးရပ်တန့် နေ 

 

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် ၂ နယ်စပ်ဂိတ်ဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်အား ကွမ်းသီးခြောက်များ အိန္ဒိယနိုင်ငံထဲသို့ တရားမဝင်တင်သွင်းနေတယ်ဆိုတဲ့တိုင်ကြားချက် ကြောင့် အိန္ဒိယအာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားကြောင်းသိရပြီးဒီနေ့ ဩဂုတ်လ ၈ ရက် အထိ ၂ ပတ် ကြာတဲ့အထိကုန်ပစ္စည်းသယ်ယူခွင့်ကို အိန္ဒိယဘက်က ပြန်မဖွင့်သေးလို့ နယ်စပ်ကုန်သွယ် ရေးရပ်တန့် နေ ကြောင်း နယ်စပ်ကုန်သည် တွေဆီကသိရပါတယ်။

မြန်မာဘက်မှ ပဲမျိုးစုံနှင့် အခြားကုန်စည်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယဘက်မှ ဆေးဝါးနှင့် အခြား ကုန်စည်များကို အဓိက တင်သွင်းနေတာဖြစ်ပါတယ်။အိန္ဒိယနယ်စပ်အနီးဝန်းကျင်က ဒေသခံတွေ စားသောက်ဖို့ တနိုင်တပိုင် ဝယ်ယူဖို့ကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး(CNF/A) ဦး ဆောင်တဲ့ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက် ညပိုင်းကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချင်းပြည်နယ်တွင်းက မြန်မာ – အိန္ဒိယနယ်စပ် နေရာတွေကို တော်လှန် ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ရခိုင်ကုန်သည်တွေဟာ အိန္ဒိယက ဝင်လာတဲ့ကုန်တွေကို ချင်းပြည်နယ် ပလက်ဝမြို့နယ်ကတဆင့် သယ်ယူနေရတာ ဖြစ်ပါတယ်။

One thought on “ရိဒ်နယ်စပ်ဂိတ်အား ၂ ပတ် ကြာတဲ့အထိ အိန္ဒိယအာဏာပိုင်များက ပြန်မဖွင့်သေးလို့နယ်စပ်ကုန်သွယ်ရေးရပ်တန့် နေ 

Leave a Reply

Your email address will not be published. Required fields are marked *